လာမယ့်သမိုင်းတွင်မယ့် ရွေးကောက်ပွဲမှာ မဲပေးသူတွေအတွက် ကူညီခွင့်ရမှာမို့ ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ ကျွန်တော်တို့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုစည်းထားတဲ့ Database တွေကို သုံးပြီး အများပြည်သူအတွက် အကျိုးရှိအောင် လုပ်ဆောင်နိုင်ပါပြီ’’ဟု မြန်မာနိုင်ငံ၏နိုင်ငံရေးပြုပြင် ပြောင်းလဲမှုမှတ်တိုင်တစ်ခုဖြစ် လာမည့်ရွေးကောက်ပွဲကာလတွင် မဲပေးသူများအား ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် လေ့လာနိုင်ရန်အတွက် မိုဘိုင်း App နှင့် Website များရေးဆွဲသွားရန် အဖွဲ့တစ်ခုက ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
အထက်ပါ အစီအစဉ်ကို အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် ဖန်တီးရာနှင့် Asia ဖောင်ဒေးရှင်းတို့က ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး ဖေ့စ်ဘွတ်ခ်က စပွန်စာအနေဖြင့် ထောက်ပံ့ပေးမည်ဖြစ် သည်။ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည့်ရွေးကောက်ပွဲ၌ မဲပေးမည့် ပြည်သူများအား ရွေးကောက်ပွဲဝင် မည့် ကိုယ်စားလှယ်လောင်းများ နှင့် နိုင်ငံရေးပါတီများ၏အချက် အလက်များ၊ မည်သည့်နေရာများ တွင် မဲပေးရမည်၊ မဲပေးရမည့်ပုံစံ များ စသည့်အချက်အလက်များကို အလွယ်တကူလေ့လာနိုင်စေရန် အတွက် အရပ်ဘက်အဖွဲ့အစည်း များဘက်က ကြိုးပမ်းလာသည့် ဆောင်ရွက်မှုတစ်ခုဖြစ်သည်။
‘‘အရပ်ဘက်အဖွဲ့အစည်း တွေက အခုလို ဆောင်ရွက်ပေးတာကောင်းပါတယ်။ ပိုပြီးထိရောက်မှု ရှိအောင် ကော်မရှင်အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက်ဖို့ ဆန္ဒရှိမယ်လို့လည်း ယုံကြည်ပါတယ်’’ဟု လာမည့်ရွေး ကောက်ပွဲတွင် NLD ပါတီမှ ကိုယ် စားလှယ်လောင်းအနေဖြင့် ဝင် ရောက်ယှဉ်ပြိုင်မည့် ဘလော့ဂါ ကိုနေဘုန်းလတ်က အကြံပြုသည်။
ရွေးကောက်ပွဲနှင့်ပတ်သက် သည့်အချက်အလက်များကို ပြည် သူများအလွယ်တကူလေ့လာနိုင် ရန် အားလုံးပူးပေါင်းဆောင်ရွက် ရန်လိုအပ်ပြီး ရွေးကောက်ပွဲကော် မရှင်အနေဖြင့်လည်း ဒေသခံကော်မရှင်ရုံးခွဲများကို အရပ်ဘက်အဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုရှိစေရန် ညွှန်ကြား ထားသင့်ကြောင်း ကိုနေဘုန်းလတ်က ပြောသည်။
၂၀၁၄ နှစ်လယ်မှစ၍ ပြည်ပ အော်ပရေတာများဝန်ဆောင်မှု စတင်ပေးပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူ ၂၉ သန်းကျော်နှင့် အင်တာနက်အသုံး ပြုနိုင်သည့် ဆင်းမ်ကတ်ပေါင်း သန်း ၂၀ ကျော်အထိ ရှိလာကြောင်း အော်ပရေတာများ၏ထုတ်ပြန်မှု စာရင်းများတွင် ဖော်ပြထားသည်။ ထို့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များဖြန့်ဝေပေး ခြင်းနှင့် ပါတီများ၏မဲဆွယ်ခြင်း ကိစ္စများကို အွန်လိုင်းပေါ်မှ ပြုလုပ် ခြင်းသည် လူထုထံသို့ တိုက်ရိုက် ချပြနိုင်သည့် နည်းလမ်းများထဲ တွင် တစ်ခုအနေဖြင့် ပါဝင်လာ ကြောင်း နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းအသီး သီးက လက်ခံလာကြသည်။
‘‘မဲဆွယ်စည်းရုံးတဲ့အခါမှာ အွန်လိုင်းမီဒီယာကိုလည်း တစ်ခု အနေနဲ့အသုံးပြုလို့ ရလာပါတယ်။ နောက်ပိုင်းမှာ အင်တာနက်သုံးတဲ့ လူများလာတဲ့အတွက် ဒါကို စနစ် တကျသုံးနိုင်မယ်ဆိုရင် အောင်နိုင် ရေးအတွက် တစ်ဖက်ကနေ အ ထောက်အကူပြုအောင် လုပ်နိုင် မှာဖြစ်ပါတယ်’’ဟု ကိုနေဘုန်းလတ်က သုံးသပ်သည်။
လက်ရှိတွင် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်မှ မဲ ဆွယ်ခြင်းများ ပြုလုပ်သွားရန် ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ထား ခြင်းမျိုး မတွေ့ရသေးသော်လည်း ပါတီအချို့က လူမှုကွန်ရက်များ ပေါ်မှ မဲဆွယ်စည်းရုံးခြင်းများပြု လုပ်သွားရန် စီစဉ်မှုများပြုလုပ် လာကြသည်။
‘‘ရွေးကောက်ပွဲအတွက် လူမှုကွန်ရက်ကနေ ပါတီအကြောင်း လွှင့်တင်ဖို့ စီစဉ်ထားပြီးပြီ။ အောင် နိုင်ရေးအတွက် အသုံးချသွားမှာ ပေါ့။ အဲဒီအတွက် ကော်မတီလေး ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်က အ ကန့်အသတ်တွေ ရှိနေပေမယ့် လည်း မသုံးလို့မဖြစ်ဘူးလေ’’ဟု အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင် ဆွေက ၎င်းတို့၏ အစီအစဉ်အချို့ ကို ချပြသည်။
‘‘ဘာပဲဖြစ်ဖြစ် နိုင်ငံရေးပါတီ တွေအနေနဲ့ လူမှုကွန်ရက်ကို သုံး သင့်ပါတယ်။ အန်ကယ်တို့ပါတီ ကတော့ အိုင်တီသမားတွေ ခေါ် ထားတယ်။ ဘာတွေတင်မလဲဆို တာကို အစီအစဉ်နဲ့လုပ်သွားမှာ ဖြစ်ပါတယ်’’ဟု အမျိုးသားတိုး တက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်က ပြောသည်။ ရွေး ကောက်ပွဲအတွက် လူမှုကွန်ရက် များထဲမှ မဲဆွယ်စည်းရုံးခြင်းများ ကို ပြုလုပ်မည် ဖြစ်သော်လည်း နိုင်ငံတစ်ဝန်းရှိ ပြည်သူများထံသို့ ရောက်ရှိရန် အများအပြား မမျှော် လင့်နိုင်သေးကြောင်း နိုင်ငံရေးပါ တီများက ဆိုသည်။
‘‘မြန်မာနိုင်ငံမှာ လူဦးရေရဲ့၇၀ ရာခိုင်နှုန်းက ကျေးလက်က ဖြစ်နေတော့ သုံးတော့ သုံးတယ်။ အများကြီးမျှော်လင့်လို့ မရဘူး။ ပါတီတစ်ခုနဲ့တစ်ခု အများကြီး ကွာဟနေရင်တော့ လူမှုကွန်ရက် က ပြောင်းလဲနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ ပါတီချင်း မတိမ်းမယိမ်း ဆိုရင်တော့ လူမှုကွန်ရက် အ ထောက်အကူ ဖြစ်စေမှာပါ’’ဟု ဒေါက်တာ နေဇင်လတ်က သုံး သပ်သည်။
မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ်ကို သုံးစွဲသူ ၅ ဒသမ ၉ သန်း ရှိပြီး (၁၈)နှစ်အောက်သုံးစွဲ သူ ငါးသိန်းအထိရှိကာ သုံးစွဲသူ အားလုံး၏ သုံးပုံနှစ်ပုံမှာ ရန်ကုန်မြို့မှ ဖြစ်သည့်အတွက် အွန်လိုင်းပေါ်မှ မဲဆွယ်စည်းရုံးခြင်းသည် ကျေးလက်ဒေသများတွင် အကျိုးသက်ရောက်မှု နည်းနိုင်ကြောင်း ဖန်တီးရာမှ အရပ်ဘက်အဖွဲ့အ စည်းများဆိုင်ရာ စီမံခန့်ခွဲရေး မန် နေဂျာ ကိုမိုက်ကယ်က သုံးသပ် သည်။
‘‘ဥပမာ-လူဦးရေငါးသိန်း လောက်ရှိတဲ့ ကလေးမြို့မှာဆိုရင် အင်တာနက်သုံးသူက သိန်းဂဏန်းတောင်မရှိတဲ့အတွက် အကျိုး သက်ရောက်မှု အများကြီး မရှိနိုင် ဘူး။ နယ်တွေမှာက သုံးတဲ့လူ နည်းနေသေးတယ်’’ဟု ကိုမိုက် ကယ်က DVB က ပြုလုပ်သည့် ရွေး ကောက်ပွဲတွင် လူမှုကွန်ရက်ကို အသုံးပြု၍ အကျိုးရလဒ် Debate တွင် ပြောကြားခဲ့သည်။
နိုင်ငံရေးပါတီများအနေဖြင့် လူမှုကွန်ရက်မှ မဲဆွယ်စည်းရုံး ခြင်းများ ပြုလုပ်မည်ဟု ဆိုသော် လည်း မည်သည့်ပုံစံဖြင့် အကောင်အထည်ဖော်သွားမည်ကို လက်ရှိ အချိန်အထိ အများပြည်သူသိရှိ နိုင်စေရန် ထုတ်ပြန်ထားခြင်း မရှိ သေးပေ။ ‘‘ရွေးကောက်ပွဲကာလမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို သုံးဖို့ အစီအစဉ်ရှိပါတယ်။
ဘယ်လိုပုံစံနဲ့ မဲဆွယ်သွားမ လဲဆိုတာကိုတော့ လောလော ဆယ် ပြောလို့မရသေးပါဘူး’’ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့်လည်း ၎င်းတို့၏ လုပ်ဆောင်မှုများကို လူမှုကွန်ရက်မှ တစ်ဆင့် ပြည်သူများထံသို့ ချပြ ပေးသွားရန် ရှိသော်လည်း မည် သည့်ပုံစံဖြင့် ဆောင်ရွက်သွားရ မည်ဆိုသည်ကို တိတိကျကျချမှတ်ပေးထားခြင်း မရှိသေးကြောင်း အ မျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက DVBက ပြုလုပ်သည့် ရွေးကောက်ပွဲတွင် လူမှုကွန်ရက် ကိုအသုံးပြု၍ အကျိုးရလဒ် Debate၌ ပြောကြားခဲ့သည်။
‘‘ပါတီတွေအနေနဲ့ သူတို့ကို မဲပေးကြဖို့ဆိုပြီး တိုက်တွန်းထား တာတွေ့ပေမယ့် နိုင်ငံတော်ရဲ့ ဘယ်စနစ်ကိုတော့ ပိုကောင်း အောင် ပြောင်းလဲပေးမယ်။ ဘယ် လို လိုအပ်ချက်တွေကိုတော့ ဖြည့် ဆည်းနိုင်အောင် လုပ်ပေးမယ်ဆို တာမျိုး လူတွေသိအောင် ချပြတာ မျိုး မတွေ့ရသေးဘူး’’ဟု မန္တလေး တိုင်းဒေသကြီး ကွန်ပျူတာလုပ် ငန်းရှင်များအသင်းနာယက ဦးရဲမြတ်သူက အကြံပြုသည်။
နိုင်ငံတကာတွင် လူမှုကွန် ရက်များမှ မဲဆွယ်ခြင်းကို ပါတီ နှင့်ပတ်သက်သည့်လှုံ့ဆော်မှုများ ကို လူအများထံ ရောက်ရှိစေရန် အိုင်တီကုမ္ပဏီများအား ငှားရမ်း ကာ ဆောင်ရွက်လေ့ရှိပြီး အဆိုပါ ကုမ္ပဏီမှ ပါတီနှင့်ပတ်သက်သည့် အချက်အလက်များကို လူထုထံသို့ပိုမိုရောက်ရှိရန် ဆောင်ရွက်ပေး သည့် နည်းစနစ်ကို အသုံးပြုလေ့ရှိ ကြောင်း နည်းပညာကျွမ်းကျင်သူ များက ပြောသည်။
‘‘နိုင်ငံတကာ ရွေးကောက်ပွဲ တွေမှာ မဲဆွယ်စည်းရုံးဖို့အတွက် လုပ်ပေးတဲ့ အိုင်တီကုမ္ပဏီတွေ ရှိ တယ်။ သူတို့ကိုငှားတဲ့ပါတီတွေနဲ့ ပတ်သက်တဲ့ လှုံ့ဆော်မှုတွေကို ရွေးကောက်ပွဲကာလအတွင်းမှာ လိုအပ်တာအားလုံးကို တာဝန်ယူ ပြီး ဆောင်ရွက်ပေးပါတယ်။ ဒီမှာ တော့ အဲဒီလို သီးသန့်စီစဉ်တာမျိုး သိပ်မတွေ့ရဘူး’’ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအ သင်း အတွင်းရေးမှူး ဦးမျိုးမြင့် ထွန်းက ပြောသည်။ ‘‘တခြားနိုင်ငံ တွေမှာက အသက်အရွယ်ပိုင်းခြား အလိုက် မဲဆွယ်စည်းရုံးမယ့်လူ တွေကို ငှားကြတယ်။ ဥပမာ-ကျောင်းသားလူငယ်တွေကို စည်း ရုံးမယ်ဆိုရင် ကျောင်းသားတစ် ယောက်လောက်ကို ငှားလိုက် တယ်။ အဲဒီလိုပဲ သူနဲ့သက်ဆိုင်တဲ့ ကဏ္ဍအလိုက် လူတွေငှားပြီး လူမှု ကွန်ရက်ကနေ မဲဆွယ်မှုတွေ လုပ်ကြပါတယ်’’ဟု NLDပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်မည့် ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောသည်။ ရွေး ကောက်ပွဲတွင် လူမှုကွန်ရက်မှ တစ်ဆင့် မဲဆွယ်ခြင်းသည် ပါတီ အောင်နိုင်ရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေ မည့် နည်းလမ်းတစ်ခု ဖြစ်သော် လည်း အကျိုးကျေးဇူး အများအ ပြားရရှိနိုင်မည်ဟု မျှော်လင့်၍ မရ နိုင်သေးဘဲ နယ်မြို့များတွင် မြေ ပြင်ကွင်းဆင်းကာ မဲဆွယ်စည်းရုံး ခြင်းမှာလည်း အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်နေဦးမည် ဖြစ်ကြောင်း ကိုနေဘုန်းလတ်က သုံးသပ်သည်။
7daydaily
No comments:
Post a Comment