Monday, September 21, 2015

တပ်တွင်းမဲရုံများတွင်လုံခြုံရေးကန့်သတ်ချက်မှလွဲ၍လေ့လာခွင့်ပြုမည်

တပ်တွင်းမဲရုံများ၌ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေ ဖြင့် လုံခြုံရေးကန့်သတ်ချက်မှလွဲ ၍ ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စောင့်ကြည့်ခွင့်ပြုမည်ဖြစ်သော ကြောင့် စနိုးစနောင့်မဖြစ်စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက် သည်။

စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ၌ 7Day Daily က တပ်တွင်းမဲရုံများကို မည်သည့်အတိုင်းအတာအထိ စောင့်ကြည့်လေ့လာခွင့်ရနိုင်မည့် မေးမြန်းမှုအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့ လုပ်ချင်ရာ လုပ်ရင် ကျွန်တော်တို့ က သီးခြားလိုဖြစ်သွားမှာပေါ့။ လုံ ခြုံရေးအရ ကန့်သတ်တာက လွဲ ရင် ကျန်တာက သူ့(ကော်မရှင်) စည်းကမ်းအတိုင်းသာ ဖြစ်ပါ တယ်။ ဒါကြောင့်ကျွန်တော်တို့ အနေနဲ့လည်း အဖြစ်နိုင်ဆုံးခွင့်ပြု ပေးမှာပါ။ ဘာမှ စိတ်ထဲလည်း စနိုးစနောင့်မဖြစ်စေချင်ဘူး’’ဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ပြောကြားသည်။


ထို့အပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ကိုယ်စား လှယ်လောင်းများ အနေဖြင့် စည်းကမ်းများနှင့်အညီ လာရောက်လေ့လာနိုင်ကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သော မြန်မာနိုင်ငံ စာ နယ်ဇင်းကောင်စီ(ယာယီ)၊ မီဒီ ယာများနှင့် တပ်မတော်သတင်း မှန်ထုတ်ပြန်ရေးအဖွဲ့တွေ့ဆုံပွဲ သို့ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ် ချုပ်ကြီး ရဲအောင်၊ တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်း ဦးအပါအ၀င် ထိပ်ပိုင်းခေါင်း ဆောင်များတက်ရောက်ခဲ့သည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...