Friday, September 18, 2015

တောင်ကြီးမြို့တွင်ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီစတင်မဲဆွယ်

တောင်ကြီးမြို့ပေါ် တွင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက စက်တင်ဘာ ၁၈ ရက်တွင် မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

တောင်ကြီးမြို့ပေါ်ရှိ ရပ် ကွက်သုံးခုအတွင်း၌ ၎င်းတို့ပါတီ က ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ကိုယ်ရေးအချက် များပါ လက်ကမ်းစာစောင်များ ဝေငှ၍ မဲဆွယ်စည်းရုံးမှုပြုလုပ်ခဲ့ သည်ဟု တောင်ကြီးမြို့နယ် ဓနု တိုင်းရင်းသားလူမျိုးများဒီမိုကရေ စီပါတီ မြို့နယ်ဥက္ကဋ္ဌ ဒေါက်တာကျော်လွင်ထူးက ပြောသည်။

မဲအနိုင်ရရှိပြီး ရွေးကောက် ခံရပါက ပြည်သူလူထု၏အသံကို နားထောင်ကာ ကိုယ်စွမ်းရှိသရွေ့ လုပ်ဆောင်ပေးမည်ဖြစ်ပြီး မိမိ တို့ဓနုတိုင်းရင်းသားဒေသဖွံ့ဖြိုး ရေးကိုလည်း လုပ်ဆောင်ပေးမည် ဟု ဒေါက်တာကျော်လွင်ထူးက ပြောသည်။

တောင်ကြီးမြို့ပေါ်ရပ်ကွက် များဖြစ်သည့် ကန်ရှေ့၊ ဘုရားဖြူ နှင့် ပြည်တော်သာရပ်ကွက်များ အတွင်း ဓနုတိုင်းရင်းသားလူမျိုး များဒီမိုကရေစီပါတီက  မဲဆွယ် စည်းရုံးမှုများ စတင် လုပ်ဆောင် ထားပြီး ကျန်ရပ်ကွက်များအတွင်း ၌လည်း ဆက်လက် လုပ်ဆောင် မည်ဟုဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမို ကရေစီပါတီမှ ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ ကလော၊ ရွာငံ၊ ပင်းတယ၊ ရပ်စောက်၊ နောင်ချို အစရှိသည့် ခြောက်မြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နှင့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၁၉ ဦးဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်တွင် စက် တင်ဘာ ၁၈ ရက်အထိ ပြည်ခိုင် ဖြိုးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ပါတီတို့က မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်ထောင်ခြင်းများပြုလုပ် ထားပြီး တစ်အိမ်တက်တစ်အိမ် ဆင်း မဲဆွယ်စည်းရုံးရေးလှုပ်ရှား မှုကို ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက စတင်လုပ် ဆောင်ခြင်းဖြစ်သည်။ ပါတီများ မဲဆွယ်စည်းရုံးခွင့်ကို စက်တင် ဘာ ၈ ရက်မှစတင်၍ ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်မတိုင်မီအထိ  မဲဆွယ်စည်းရုံးခွင့် ကာလအဖြစ် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ရက် ပေါင်း ၆၀ သတ်မှတ်ပေးထား ခြင်းဖြစ်သည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...