Tuesday, September 8, 2015

ကမ္ဘာ့ပထမဆုံးလူဦးခေါင်းအစားထိုးမှု

ဒါက်တာ ဖရန်းကင်စတိန်းရဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ အဆင့်အနည်းငယ်သာ လိုပါတော့တယ်။
ကိုယ်အင်္ဂါအစားထိုးကုသမှုတွေရဲ့ ထိပ်တန်းသိပ္ပံပညာရှင်နှစ်ဦးဖြစ်တဲ့ အီတလီသမားတော်တစ်ဦးနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တို့ဟာ ကမ္ဘာ့ပထမဆုံးလူ့ဦးခေါင်းအစားထိုးခွဲစိတ်ကုသမှုကို အသက် ၃၀ နှစ်ရှိ ရုရှားကွန်ပျူတာပညာရှင်တစ်ယောက်အား ပထမဆုံးလူနာအဖြစ် အသုံးပြုပြီး ဆောင်ရွက်တော့မယ်လို့ သိရပါတယ်။
အီတလီပညာရှင် ဆာဂျီယိုကနေဗီရိုက တရုတ်ပညာရှင် ရန်ရှောင်ဖင်နဲ့ပူးပေါင်းပြီး Harbin ဆေးတက္ကသိုလ်မှာ ဒီအစားထိုးမှုကို ပြုလုပ်မှာဖြစ်ပါတယ်။
ရန်ဟာ ၂၀၁၃ ခုနှစ်က ကြွက်တွေမှာဦးခေါင်းအစားထိုးမှုကို အောင်မြင်ခဲ့တဲ့နောက်ပိုင်း လူထုရဲ့ဝေဖန်ထောက်ခံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းတွေမှာလည်း စမ်းသပ်လုပ်ဆောင်ကြည့်ဦးမယ်လို့ သူက ယခုနှစ်အတွင်း ကြေညာခဲ့ပါတယ်။ သူ့အဖွဲ့ကတော့ အဲ့ဒီတုန်းကတည်းက ကြွက်ဦးခေါင်းအစားထိုးမှုပေါင်း အကြိမ် ၁၀၀၀ နီးပါး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ယခုလူ့ဦးခေါင်းအစားထိုးမှုသာ အောင်မြင်ခဲ့ပါက လူတွေနဲ့ဆေးကုသမှုသမိုင်းကြောင်းမှာ အပြောင်းလဲကြီးဖြစ်လာမှာပါ။
ဒါပေမဲ့ ခန္ဓာကိုယ်က ဦးခေါင်းကို လက်ခံဖို့ အာရုံကြောဖွဲ့စည်းမှုစနစ်၊ သွေးကြောနဲ့ ကျောရိုးနာ့ဗ်ကြိုးတွေနဲ့ ချိတ်ဆက်ရာမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေအများကြီး ရှိမယ့်အကြောင်း နှစ်ဦးစလုံးက ပြောကြားခဲ့ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...