ကောလင်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးရေးကြော်ငြာဆိုင်းဘုတ်များ ဖျက်ဆီး ခံရမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၂ ရက်က ကောလင်းမြို့နယ်တရားရုံးသို့ တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ကောလင်းမြို့ မြို့မ/မြို့ ကုန်းရပ်ကွက် ကားလမ်းမကြီး ဘေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းများ မဲဆွယ် စည်းရုံးရေးကြော်ငြာဗီနိုင်းဆိုင်း ဘုတ်ကို စက်တင်ဘာ ၂၀ ရက် ညပိုင်း၌လည်းကောင်း၊ မြို့မ/မြို့ကုန်းရပ်ကွက်၊ ရွှေမင်းဝံလမ်းနှင့် မြို့ပတ်လမ်းထောင့်၊ အ.ထ.က ကျောင်းအနီး ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ မဲဆွယ်စည်းရုံးရေး ကြော်ငြာဆိုင်းဘုတ်ကို စက် တင်ဘာ ၂၁ ရက် ညပိုင်း၌လည်း ကောင်း ဖျက်ဆီးခံရခြင်းဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။
‘‘ပထမညတုန်းက ဒီချုပ်က မဲဆွယ်ကြော်ငြာဆိုင်းဘုတ်ကို ဆုတ်ဖြဲဖျက်ဆီးခံရတယ်။ နောက်တစ်နေ့ညမှာ ပြည်ခိုင်ဖြိုးပါတီ မဲ ဆွယ်ကြော်ငြာဆိုင်းဘုတ်ကို ဆွဲနုတ်ပြီး လမ်းဘေးရေမြောင်းထဲ ထပ်ပြီး ဖျက်ဆီးခံရတယ်။ ပါတီ နှစ်ခုစလုံးက မနေ့က တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တိုင် ကြားခဲ့တယ်လို့ ကြားတယ်။ ဘယ်သူက ဖျက်ဆီးသွားတယ်ဆိုတာ တော့ မသိရသေးဘူး’’ဟု ကော လင်းမြို့ ဒေသခံစီးပွားရေးလုပ် ငန်းရှင်တစ်ဦးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။
ဖျက်ဆီးခံရမှုအပေါ် ဥပဒေ အရ အရေးယူဆောင်ရွက်ပေးရန် ကောလင်းမြို့နယ် ဒီချုပ် တွဲဖက် အတွင်းရေးမှူးက တရားလိုပြု လုပ်၍ ကောလင်းမြို့နယ် တရား ရုံးသို့ ဦးတိုက်လျှောက်ထားပြီး တရားသူကြီးက လက်ခံစစ်ဆေး လျက်ရှိသည်။
ထို့အတူ ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးကလည်း ကောလင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး တရားရုံးက လက်ခံဆောင်ရွက် လျက်ရှိသည်
Wednesday, September 23, 2015
ဥပဓိရုပ်ကြောင့်လူသိများလာသောအမတ်လောင်းများ
အမေရိကန်ပြည်ထောင်စုတွင်တော့ ရုပ်ရည်ချောမောသည့် ခေါင်းဆောင်များကို ရွေးချယ် တင်မြှောက်ခံရခြင်းသည် သမိုင်းကြောင်း ရှည်ကြာသည့် အဖြစ်အပျက်တစ်ခုဟု ကမ္ဘာကျော် The New York Times သတင်းစာကြီးက ဖော်ကျူးရေးသားသည်။
အမေရိကန်ပြည်ထောင်စု၏ ၃၅ ယောက်မြောက် သမ္မတ ဂျွန် အက်ဖ် ကနေဒီ၊ လွှတ်တော်အမတ် ကရစ္စတန်ဂျီလီဘရန်း၊ အလက်စကာအုပ်ချုပ်ရေးမှူး ဆာရာပါလင်း နှင့် မက်ဆာချူးဆက်အုပ်ချုပ်ရေးမှူး မစ်ရွန်မ်နေလ် စသည့် ဥပဓိ ရုပ်ကောင်းသည့် ခေါင်းဆောင် များကို The New York Times က နမူနာထုတ်ပြသည်။
မြန်မာနိုင်ငံတွင်ကော ဆွဲဆောင်မှုရှိသည့် နိုင်ငံရေးသမားများကို မဲဆန္ဒရှင်များက ရွေးချယ်သည့်ဓလေ့ ခေတ်စားလာပါမည်လား။
အထက်ပါအချက် မည်မျှ မှန်မည်ကိုတော့ ရွေးကောက်ပွဲ အပြီးတွင်မှ အဖြေထွက်မည်ဖြစ် သော်လည်း လက်ရှိတွင်တော့ ရုပ် ရည်ချောမောပြီး ဆွဲဆောင်မှုရှိ သည့် မျက်နှာသစ်လွှတ်တော်ကိုယ်စားလှယ်လောင်းများကတော့ အခြား ကိုယ်စားလှယ်လောင်းများ ထက် လူသိပိုများနေခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော် ကိုယ်စားလှယ် ၆,၀၀၀ ကျော် စာရင်းပေးသွင်းထားသည်။ ထိုအထဲတွင် လူသိနည်းသောမျက်နှာ သစ်နိုင်ငံရေးသမား ထောင်နှင့် ချီပြီး ပါဝင်လာခဲ့သည်။
ထောင်နှင့်ချီသော မျက်နှာသစ်နိုင်ငံရေးသမားများတွင် နေ့ ချင်းညချင်း လူသိများသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ မကြာမီရက်ပိုင်းအတွင်းက ထွက် ပေါ်လာခဲ့သည်။ ထိုသူများမှာ ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိသည့် ကိုယ်စားလှယ်လောင်းများ ပင်ဖြစ်သည်။
လူသစ်တန်းနိုင်ငံရေးသမားများထဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပခုက္ကူ မဲဆန္ဒနယ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဇင်နီနီဝင်း၊ ရှားတောမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင့်ဝါထွန်း၊ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါက်တာစိုးမိုးသူ၊ အမျိုးသားဒီမိုကရေစီအင်အားစု မှ ကျိုက်မရော ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဒေါ် မေဝင်းနိုင်ဦးနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းစမ်းစမ်းအေး စသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ဖေ့စ်ဘွတ်ခ် စာမျက်နှာများပေါ်တွင်ရော ပြင်ပတွင်ပါ နေ့ချင်းညချင်းလူသိများ လာခဲ့သည်။
သူတို့၏ဆွဲဆောင်မှုရှိသည့် ရုပ်ရည်ကြောင့် မျက်နှာသစ်နိုင်ငံရေးသမားများထဲတွင် တစ်ပန်းသာခဲ့ပြီး မဲဆွယ်စည်းရုံးရေးခရီးစဉ်မတိုင်မီ လူသိများသည့်အမတ်လောင်းများဖြစ်လာခဲ့သည်။
‘‘အရည်အချင်းချင်းတူနေရင် ဥပဓိရုပ်သာတဲ့ နိုင်ငံရေးသမားက တစ်ပန်းသာမှာပဲ’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခရမ်း မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ အေးမင်းက မှတ်ချက်ပြုသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း အမေရိကန်ပြည်ထောင်စုလိုပင် ရုပ်ရည်ချောမောသည့်နိုင်ငံရေးသမားများစင်မြင့်ပေါ် ရောက်လာသည့် အစဉ်အလာများ ရှိခဲ့သည်။ ထို့အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် အဘီဆစ် နှင့် ယင်လပ်ရှင်နာဝပ်တို့သည် နမူနာကောင်းများဖြစ်ကြသည်။
‘‘အဘီဆစ်ဆိုလည်း သူ့နိုင်ငံရေးထက် သူ့ဥပဓိရုပ်ကို လူတွေပိုညွှန်းကြတယ်။ ယင်လပ်ဆိုရင်လည်း ဒီလိုပဲ သူ့အစ်ကိုရဲ့ အရှိန် ရော။ သူ့ဥပဓိရုပ်ကြောင့်ရော လူကြိုက်များတယ်’’ဟု ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသည့် ကိုအောင်ကျော်ကျော်က ပြောသည်။ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ထိုင်းနိုင်ငံရေးသမားများ အပီအပြင် ချောမောလှပခံ့ညားအောင် ကြိုးပမ်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ကြော်ငြာကာ မဲရအောင် ကြိုးပမ်းသည်ကိုကြည့်၍ ထိုင်းတွင် ဥပဓိရုပ်မည်မျှအရေးကြီးကြောင်း သိနိုင်သည်။
အမေရိကန်ပြည်ထောင်စုကဲ့ သို့သော နိုင်ငံမျိုးတွင် ဥပဓိရုပ်ကောင်းသော နိုင်ငံရေးသမားမျာ လူထုအကြားရေပန်းစားခဲ့သည် မှာ အထူးအဆန်းတော့မဟုတ်။ မီဒီယာ အင်အားကောင်းသော နိုင်ငံဖြစ်သောကြောင့် နိုင်ငံရေး သမားများသည် လူထုနှင့် ရင်းနှီး ကျွမ်းဝင်နေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင်တော့ ထို ဓလေ့မှာ ၂၀၁၅ ရွေးကောက်ပွဲ ရောက်မှ အနည်းငယ်ခေတ်စား လာခဲ့သည်။
သမိုင်းတစ်လျှောက် ရွေး ကောက်ပွဲများနှင့်လွန်ခဲ့သော ငါး နှစ်တာကာလဖြစ်သော ၂၀၁၀ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲများတွင်လည်း မဲဆန္ဒရှင်များ သည် သူတို့၏အမတ်လောင်းများ ကို သတင်းမီဒီယာစာမျက်နှာ အချို့နှင့် နံရံကပ်ကြော်ငြာအချို့ တွင်သာ အကန့်အသတ်ဖြင့် တွေ့မြင်ခွင့်ရခဲ့သည်။
သို့သော်လည်း ၂၀၁၅ ရွေး ကောက်ပွဲအရောက်တွင်တော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေ ပြီ ဖြစ်သောကြောင့် ဥပဓိရုပ် ကောင်းသောနိုင်ငံရေးသမားများ သည် လူထုအကြားတွင် ပိုမိုပျံ့နှံ့ လူသိများလာခြင်းဖြစ်သည်။
‘‘အခုရက်ပိုင်းဆိုရင် ဖေ့စ် ဘွတ်ခ်မှာ အမျိုးသမီးတွေက မြောင်းမြက လွှတ်တော်အမတ် ဒေါက်တာစိုးမိုးသူကို ညွှန်းတယ်။ အမျိုးသားတွေက ပခုက္ကူက ဒေါ် ဇင်နီနီဝင်းကို ညွှန်းတယ်။ ဒါဟာ အပျော်သဘောနဲ့ နောက်တာ ပြောင်တာတွေလည်းပါတယ်ဆို ပေမယ့် သူတို့တွေက အလိုလို လူ သိများသွားပြီ’’ဟု ရန်ကုန်မြို့နေ ကိုကျော်နိုင်က ပြောသည်။
နိုင်ငံရေးသမားများအတွက် ရုပ်ရည်ချောမောမှုသည် အဓိက ကျသည့် အချက်တစ်ခုမဟုတ် သော်လည်း ဆွဲဆောင်မှုရှိသော ဥပဓိရုပ်သည် လူထု၏ ယုံကြည်မှု အတွက် တစ်ပန်းသာသည့် အ ချက်ဖြစ်ကြောင်း ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါက်တာအေးမင်းက ပြောသည်။
‘‘ဒေါ်အောင်ဆန်းစုကြည်ဆိုရင် သူ့ဥပဓိရုပ်ကို တခြားသူတွေနဲ့ ယှဉ်ရင် တစ်ပန်းသာနေတာ။ လူ ထုက ကြည့်လိုက်ရင် အလိုလို အားကိုးချင်စရာ၊ ယုံကြည်ချင်စ ရာဖြစ်နေတာပေါ့’’ဟု ဒေါက်တာ အေးမင်းက ပြောသည်။
ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည်များရှိသည့် ကိုယ်စားလှယ်လောင်းများ နေ့ချင်းည ချင်း လူသိများလာသော်လည်း နိုင်ငံရေးတွင် အရည်အချင်းသာ အဓိကဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးစိုးဝင်းက သူ၏အယူအဆ ကို ပြောသည်။
‘‘လူကြိုက်များတယ် ဆိုပေမယ့်လည်း ရုပ်ရည်ကြည့်ပြီး ဆုံးဖြတ်လို့တော့ မရဘူး။ နိုင်ငံရေးမှာ အရည်အချင်းက အဓိကဆုံးဖြတ် မယ်’’ဟု ၎င်းက ပြောသည်။
အမေရိကန်ကဲ့သို့ ဥပဓိရုပ် ကောင်းပြီး ဆွဲဆောင်မှုရှိသော နိုင်ငံရေးသမားများ စင်မြင့်ပေါ် မည်မျှရောက်မည်ကိုတော့ ရွေး ကောက်ပွဲက အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
ရွေးကောက်ပွဲမတိုင်မီ လက် ရှိအချိန်တွင်တော့ ဥပဓိရုပ်ကောင်းပြီး ဆွဲဆောင်မှုရှိသော လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အခြားကိုယ်စားလှယ်လောင်းများထက် လူသိများနေသည်ကတော့ ငြင်းဆန်၍မရသော အမှန်တရားဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုတွင်လူသတ်လက်နက်အဖြစ်အသုံးပြုသောပေါက်တူးရိုးတွင်အမျိးသားDNAနှစ်ခုစစ်ဆေးတွေ့ရှိထား
လိပ်ကျွန်းလူသတ်မှု တွင် လူသတ်လက်နက်အဖြစ် အ သုံးပြုသော ပေါက်တူးရိုး၌ လူ သတ်တရားခံဟု ယူဆရမည့် အ မျိုးသားဒီအင်န်အေနှစ်မျိုး တွေ့ရှိ ထားကြောင်း ထိုင်းနိုင်ငံ တရားမျှ တရေးဝန်ကြီးဌာန၊ အမျိုးသားမှု ခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာ ပွန်တစ်၏ လက်ထောက်မှုခင်းဆ ရာဝန်က တရားရုံးသို့လာရောက် ထွက်ဆိုခဲ့သည်။
စက်တင်ဘာ ၂၂ ရက်တွင် လိပ်ကျွန်းတရားခံပြ သက်သေ များအား (၁၆) ကြိမ်မြောက် ရုံး ထုတ်စစ်ဆေးရာ ဒေါက်တာပွန် တစ်၏ လက်ထောက်မှုခင်းဆရာ ၀န်က ပေါက်တူးအရိုးတွင် တွေ့ရှိထားသည့် ဒီအင်န်အေနှစ်မျိုး သည် ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေများ မဟုတ် ဟု အဆိုပါမှုခင်းဆရာဝန်က ထွက်ဆိုသွားကြောင်း မြန်မာသံ ရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင် မျိုးသန့်က ပြောသည်။
ယင်းမှုခင်းဆရာဝန်သည် ပေါက်တူးရှိ ဒီအင်န်အေကို ပြန် လည်စစ်ဆေးရာတွင် ဦးဆောင် စစ်ဆေးခဲ့သူဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
‘‘ပေါက်တူးရဲ့ အရိုးမှာ အ မျိုးသားနှစ်ဦးရဲ့ ဒီအင်န်အေတွေ့ ပြီး ပေါက်တူးအပြားမှာ သေဆုံး သူနှစ်ဦးရဲ့ ဒီအင်န်အေတွေ့တယ် ပြောပါတယ်။ အခုတွေ့ထားတဲ့ ဒီအင်န်အေနှစ်မျိုးက တစ်မျိုးက မပြည့်စုံဘူး။ တစ်မျိုးကပြည့်စုံ တယ်။ အဲဒီဟာ နှစ်ခုကလူသတ် တရားခံတွေလို့ ပြောရပါမယ်’’ ဟု ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် လိပ် ကျွန်းလူသတ်မှုဖြင့် စွပ်စွဲခံထားရ သော ၀င်းဇော်ထွန်း၏ ဒီအင်န် အေအား စစ်ဆေးရာတွင်လည်း လုပ်ထုံးလုပ်နည်းအတိုင်း လုပ် ဆောင်ခဲ့ခြင်းမရှိဟု ယင်းမှုခင်းဆ ရာဝန်က ထွက်ဆိုကြောင်း မြန်မာ သံရုံးအထူးအဖွဲ့မှ တရားရုံးစကား ပြန် မအိအိချောက ပြောသည်။
‘‘ဒီအင်န်အေယူတဲ့နေရာမှာ အဆင့်အတန်းမီမီ စစ်ဆေးမယ် ဆိုရင် အချက် ၂၃ ချက်နဲ့ ညီ အောင် စစ်ဆေးရမယ်။ ၀င်းဇော် ထွန်းရဲ့ ဒီအင်န်အေကို စစ်ဆေး တဲ့အခါမှာ အချက်ခုနစ်ချက်ပဲ ယူပြီးစစ်ထားတယ်။ အဲဒီထဲက ငါးချက်ပဲ ကိုက်ညီတယ်လို့ ပြော သွားပါတယ်။ ဒီအင်န်အေ စစ်ဆေးတဲ့အခါမှာ အချက် ၂၃ ချက်ထဲကမှ အနည်းဆုံး ၁၀ ချက်ကိုက်ညီတယ်ဆိုရင် ဒါကယုံကြည်ရတဲ့ အထောက်အထားတစ်ခု ဖြစ်နိုင် တယ်လို့ ပြောသွားပါတယ်။ အခု ဟာက ငါးချက်တည်းပဲ မှန်နေ တော့ ယုံကြည်စိတ်ချရတဲ့အနေ အထားမဟုတ်ဘူးလို့ ပြောသွားပါ တယ်’’ ဟု မအိအိချောက ပြော သည်။လိပ်ကျွန်းလူသတ်မှု တရား ခံပြသက်သေများကို စက်တင် ဘာ ၂၅ ရက်အထိ ဆက်တိုက် စစ်ဆေးသွားမည်ဖြစ်သည်။
7Daydaily

အမေရိကန်ကုမ္ပဏီBoeingရဟတ်ယာဉ်များဝယ်ယူရန်အိန္ဒိယသဘောတူညီ
အိန္ဒိယ အစိုးရသည် Boeing ကုမ္ပဏီ၏ စစ်ဘက်သုံး ရဟတ်ယာဉ် ၃၇ စီးကို ဒေါ်လာ ၂.၅ ဘီလီယံ တန်ဖိုးရှိ စာချုပ်တစ်ရပ်ဖြင့် ဝယ်ယူသွားမည်ဟု သိရှိရသည်။
အိန္ဒိယ၏ ကာကွယ်ရေးကဏ္ဍအတွက် အလွန်အရေးပါသည့် အဆိုပါ သဘောတူညီမှုကို အိန္ဒိယ အစိုးရက ယခုအခါ အတည်ပြုချက် ပေးလိုက်ပြီ ဖြစ်သည်။ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် ယခုသီတင်းပတ်ကုန်တွင် အမေရိကန်သို့ အလည်အပတ် သွားရောက်မည်ဖြစ်ပြီး ယင်းမတိုင်မီ ယခုသတင်း ပေါ်ထွက်လာခဲ့သည်။
အမေရိကန် လေကြောင်း နည်းပညာ ကုမ္ပဏီကြီး Boeingထံမှ Apache အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၂ စီးနှင့် Chinook အမျိုးအစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁၅ စီးကို အိန္ဒိယက ဝယ်ယူသွားမည် ဖြစ်သည်။ ယင်းတို့ကို လက်ရှိ အသုံးပြုနေသည့် ဆိုဗီယက်ခေတ် သက်တမ်းလွန် ရဟတ်ယာဉ်များ နေရာတွင် အိန္ဒိယ စစ်တပ်က အစားထိုးသွားမည်ဟု သိရသည်။
ယခုစစ်လက်နက် ဝယ်ယူရေး စာချုပ် ချုပ်ဆိုနိုင်ခြင်းသည် အမေရိကန်က အိန္ဒိယ၏ အဓိက စစ်ရေးနည်းပညာ အထောက်အပံ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာခြင်းကို ပိုမိုပီပြင်လာစေသည်။
အိန္ဒိယသည် ရုရှားကုမ္ပဏီများမှ ထုတ်လုပ်သည့် ရဟတ်ယာဉ်များနှင့်အပြိုင် စဉ်းစားပြီး Boeing၏ Chinookနှင့် Apacheများကို ဝယ်ယူရန် ၂၀၁၂ ခုနှစ် ကတည်းက စဉ်းစားခဲ့သော်လည်း ဘဏ္ဍာရေး ကန့်သတ်ချက်ကြောင့် ရွှေ့ဆိုင်းထားခဲ့ရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ အစိုးရအဖွဲ့တွင်း ဝန်ကြီးချုပ်မိုဒီ ဦးဆောင်သည့် ကာကွယ်ရေး ကော်မတီက ရဟတ်ယာဉ်များ ဝယ်ယူရေးကို မီးစိမ်းပြ ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
အိန္ဒိယနှင့် အမေရိကန် အစိုးရများသည် ကာကွယ်ရေး ကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စ အများအပြားကိုလည်း ယခုအခါ ဆွေးနွေးမှုများ ပြုလုပ်နေသည်။ မိုဒီသည် အမေရိကန် ခရီးစဉ်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ပြီး အမေရိကန် သမ္မတ ဘာရတ် အိုဘားမားနှင့် တွေ့ဆုံမည်ဖြစ်သည်။
“အခုခရီးစဉ်က ကျွန်တော် နောက်ဆုံး အမေရိကန်ကို သွားခဲ့စဉ်ကရယ်၊ အမေရိကန် သမ္မတ အိုဘားမား အိန္ဒိယကို ဒီနှစ် အစောပိုင်း လာခဲ့စဉ်ကရယ်မှာ အခြေချခဲ့တဲ့ နှစ်နိုင်ငံ နားလည်ရင်းနှီးမှုကို ပိုပြီး အခြေခိုင်မာလာစေမှာ ဖြစ်ပါတယ်”ဟု မိုဒီက ပြောကြားခဲ့သည်။ မိုဒီသည် အမေရိကန်သို့ သွားရောက် လည်ပတ်ချိန်တွင် Facebook ရုံးချုပ်သို့ သွားရောက်ကာ အမှုဆောင်ချုပ် မာ့ခ်ဇူကာဘက်ဂ်နှင့် တွေ့ဆုံရန်လည်း ကြိုတင် စီစဉ်ထားကြောင်း သိရှိရသည်။
_Ref: Indianexpress

Tuesday, September 22, 2015
ရေဘေးသင့်ဒေသများတွင်ကျွဲ၊နွားသတ်ဖြုတ်မှုထိန်းချုပ်ရန်လိုအပ်
ရေဘေးသင့်မှုကြောင့် ကျွဲ၊ နွားဆုံးရှုံးမှုများခဲ့သည့် ရခိုင် ပြည်နယ် ကျောက်တော်၊ မြောက် ဦးနှင့် မင်းပြားဒေသများတွင် တ ရားမ၀င်ကျွဲ၊ နွားသားသတ်ခွင့်ကို ယခင်နှစ်များထက် ထိန်းချုပ်ရန် လိုအပ်သည်ဟု သတင်းရရှိသည်။
‘‘ဒီနှစ် ရခိုင်မှာ ရေကြီးနစ် မြုပ်မှုနဲ့အတူ ကျွဲ၊ နွားတွေ သေ ဆုံးမှုများခဲ့တာကြောင့် ကျွဲ၊ နွား ရှားပါးပြီးတော့ ဈေးလည်းတော် တော်တက်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်က လေးသိန်းတန် နွားတစ် ကောင်က အခုခြောက်သိန်းကျပ် ဈေးပေါက်နေပါတယ်။ ကျွဲ၊ နွား ရောင်းတဲ့သူလည်း နည်းနေပါ တယ်’’ ဟု မောင်တောမြို့နယ်မှ ကျွဲနွားရောင်းသူတစ်ဦးက ပြော သည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် တိုင်းတွင် သားသတ်ခွင့်လိုင်စင် ကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ပုဂ္ဂလိကသို့ လေလံစနစ် ဖြင့် ရောင်းချကာ သားသတ်ခွင့်ပြု ထားသော်လည်း တရားမ၀င် ကျွဲ၊ နွားများ သားသတ်ခြင်းများရှိ ကြောင်း သားသတ်ခွင့်လိုင်စင်ရ ရှိထားသူများကပြောသည်။
တရားမ၀င် ကျွဲ၊ နွားသား သတ်မှုကို မထိန်းချုပ်ပါက ရခိုင် ဒေသတွင် ကျွဲ၊ နွားရှားပါးမှု ပိုမို ကြုံတွေ့လာမည်ဟု တောင်သူ များကဆိုသည်။
‘‘တောင်သူတွေမှာလည်း ရေဘေးသင့်ခဲ့တာကြောင့် ရှိသမျှ ကျွဲ၊ နွားတွေ သေဆုံးခဲ့ရပါတယ်။ မသေဆုံးဘဲ ပျောက်ဆုံးသွားတဲ့ ကျွဲ၊ နွားတွေလည်းရှိပါတယ်။ သားသတ်ခွင့်ကို သက်ဆိုင်ရာက ထိန်းချုပ်ရင်တော့ ကောင်းပါ မယ်’’ဟု မြောက်ဦးမြို့ခံ တစ်ဦး ကပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့်ကျွဲ၊ နွား အသေအပျောက်များပြားခဲ့ သော်လည်း သက်ဆိုင်ရာမြို့နယ် အသီးသီးတွင် သားသတ်ခွင့်လိုင် စင်များကို ပုဂ္ဂလိကသို့ လေလံ စနစ်ဖြင့် ရောင်းချထားပြီးဖြစ်ကာ သတ်မှတ်ထားသည့်အကောင် အရေအတွက်အလိုက် သားသတ် ခွင့်ပြုထားသော်လည်း တရား မ၀င်သားသတ်ခွင့်ကို ထိန်းချုပ် မည်ဖြစ်ကြောင်း မြောက်ဦးမြို့ နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘သားသတ်ခွင့်လိုင်စင်တွေ က လေလံစနစ်နဲ့အကုန်လုံး ရောင်းထားပြီးပြီဆိုတော့ သတ် မှတ်ထားတဲ့ အကောင်အရေအ တွက်ကို ခွင့်ပြုပေးရမှာဖြစ်ပါ တယ်။ ဒါပေမဲ့ တရားမ၀င်သား သတ်ခွင့်ကိုတော့ အခွင့်ရလိုင်စင် သမားတွေနဲ့ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်’’ဟု အထက်ပါတာ ၀န်ရှိသူက ဆက်လက်ပြောသည်။
မြောက်ဦးမြို့နယ်တွင် ဇွန် လနှင့် ဇူလိုင်အတွင်းက ဖြစ်ပွားခဲ့ သည့် ရေကြီးနစ်မြုပ်မှုကြောင့် ကျွဲ၊ နွားအကောင်ရေ ခြောက် ထောင်ခန့် အသေအပျောက်ရှိခဲ့ ကြောင်း သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်
7daydaily

သမ္မတအိမ်တော်မှအလံကိုအတွင်းခံနဲ့လဲလှယ်ဆန္ဒပြ
ချက်နိုင်ငံမှ ဆန္ဒပြသူ အုပ်စုတစ်ခုသည် သမ္မတ အိမ်တော်တွင် လွှင့်ထားသည့် အလံကို အောက်ခံ ဘောင်းဘီများနှင့် လဲလှယ်တပ်ဆင်ကာ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။
အဆိုပါအုပ်စုမှာ အနုပညာအဖွဲ့ တစ်ခုဖြစ်ပြီး၊ လူသုံးဦးမှာ သမ္မတ အိမ်တော် ခေါင်းမိုးပေါ်သို့ မီးခိုးခေါင်းတိုင် သန့်ရှင်းရေး လုပ်သားများအဖြစ် ၀တ်ဆင်ကာ စနေနေ့က တက်ရောက်ခဲ့ပြီးနောက် အလံနေရာတွင် အောက်ခံ အ၀တ်အစားများ လဲခဲ့ကြခြင်း ဖြစ်သည်။ Ztohoven ဆိုသည့် ထိုအုပ်စုက ၎င်းတို့၏ အောက်ခံ အ၀တ်အစား အလံသစ်မှာ နိုင်ငံတော် သင်္ကေတများကို တမင် မလေးမစားလုပ်ခြင်း ဖြစ်ကြောင်းဆိုသည်။ ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်လည်း ဆန္ဒပြ ကန့်ကွက်ရသည့် အကြောင်းများကို ဖော်ပြခဲ့ပြီး သမ္မတ မီလိုစ်ဇီမန်မှာ အာဏာရှင် ဖြစ်လာနိုင်သူများကို ထောက်ခံခြင်း၊ မသန်စွမ်း ကလေးများနှင့် ရိုးရိုးကလေးများကို တွဲဖက်ပြီး စာသင်ကြားခွင့်ပေးခြင်းတို့ကြောင့် ဖြစ်ကြောင်း ဆိုသည်။
အဆိုပါဘောင်းဘီတွင် အနီရောင် ပါဝင်ခြင်းမှာ မစ္စတာဇီမန်နှင့် တရုတ် အစိုးရကြား ဆက်ဆံရေး နီးစပ်ခြင်းကို ဖော်ညွှန်း လှောင်ထားခြင်း ဖြစ်ကြောင်း အဖွဲ့က ထုတ်ဖော်ထားသည်။ မစ္စတာဇီမန်သည် ယခင်ကလည်း ရုရှားနှင့် ယူကရိန်း ပဋိပက္ခတွင် ရုရှားကို ထောက်ခံမှု ပေးခဲ့သဖြင့် ဆန္ဒပြသူများက ကြက်ဥဖြင့် ပေါက်ကာ ကန့်ကွက်ခြင်း ခံခဲ့ရဖူးသည်။ ယခုအခါ ချက်ရဲတပ်ဖွဲ့သည် အဆိုပါဆန္ဒပြ အုပ်စုကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ကြောင်း သိရသည်။
Credit : messenger

ဒီချုပ်နှင့်တပ်မတော်ကြားသံသယများကိုရှင်းလင်း၍ဒီမိုကရေစီလုပ်ငန်းစဉ်များပူးပေါင်းဆောင်ရွက်လိုကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တပ်မတော်အကြား သံသယများဖယ်ရှားပြီး ပြည် ထောင်စုအရေး၊ ဒီမိုကရေစီအ ရေးအတွက် အပြန်အလှန်ယုံ ကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်လိုကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရုပ် မြင်သံကြားနှင့် ရေဒီယိုများမှတစ် ဆင့် စက်တင်ဘာ ၂၁ ရက် ည တွင် နိုင်ငံတစ်ဝန်းသို့ ပြော ကြား သည်။
‘‘ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုကြီးရဲ့ အနာဂတ်တည် ငြိမ်တောက်ပရေးကို လိုလားတဲ့ နေရာမှာ တပ်မတော်နဲ့ ကျွန်မ တို့အကြား လုံးဝကွဲပြားမှုမရှိဘူး လို့ ယုံကြည်ပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ပြောင်းလဲရေးတွင် တပ်မ တော်၏ ကဏ္ဍမှာ အဓိကဖြစ်ပြီး တပ်မတော်၏ အမြင်နှင့် အဖွဲ့ ချုပ်၏ အမြင်မှာ တစ်ထပ်တည်း မကျသော်လည်း ပြည်ထောင်စု တည်ငြိမ်ရေးကို လိုလားမှု၌မူ ကွဲ ပြားခြားနားမှုမရှိကြောင်း ဒေါ် အောင်ဆန်းစုကြည်က ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူများနှင့်ထူထောင်ခဲ့သည့် ပြည်သူ့တပ်မတော်ကို ပြည်သူ့အ ကျိုးကိုသာ ဦးတည်ဆောင်ရွက် သည့် ပြည်သူချစ်အဖွဲ့အစည်းအ ဖြစ် ပြည်သူများက ပြင်းပြစွာ မြင် လိုနေကြကြောင်း၊ ဖွဲ့စည်းပုံပြင် ဆင်ရေးနှင့် လာမည့်ရွေးကောက် ပွဲများတွင် ထွက်ပေါ်လာမည့်ပြည် သူ့ဆန္ဒကို လေးစားကာကွယ်ရေး များအပါအ၀င် နိုင်ငံ၏ ကံကြမ္မာ ဖန်တီးရေးနှင့်ပတ်သက်သည့် ကိစ္စများ၌ ပြည်သူနှင့်တပ်မတော် တစ်သားတည်းရှိရန် လေးလေး နက်နက် လိုလားနေကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောကြားသည်။
‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးမှာလည်း နိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေ ရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းမှုတို့ကို မထိခိုက်စေဘဲ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီစွာ အတူလုပ်ဆောင်ချင် ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောကြားသည်။
ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူများက အဖွဲ့ချုပ်ကို အစိုး ရတာဝန်ထမ်းဆောင်နိုင်ရန် ပြတ် သားစွာ ဆုံးဖြတ်ချက်ချပေးစေလို ကြောင်း ၎င်းကဆိုသည်။
‘‘ဒီလိုတာဝန်ထမ်းဆောင် ခွင့်ရခဲ့ရင် အမျိုးသားရင်ကြားစေ့ ရေး၊ သဟဇာတဖြစ်ရေး၊ အာ ဃာတ ကင်းစင်ရေးများကို အစဉ် တစိုက် နှလုံးသွင်းပြီး ဒီမိုကရေ စီပြည်ထောင်စုကြီး ထွန်းကားရေး အတွက် မည်သူ့ကိုမှ ရန်သူသ ဖွယ်မသတ်မှတ်ဘဲ အခြားအဖွဲ့ အစည်းများကို လက်ကမ်းကြိုဆို ကာ အတူလုပ်ဆောင်ဖို့ ခိုင်ခိုင် မာမာ ခံယူထားပါတယ်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူများရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမှာဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည် က ထပ်လောင်းပြောကြားသည်။
အဖွဲ့ချုပ်သည် မြန်မာ့တပ် မတော်ကို ဒီမိုကရေစီစံနှုန်းစံ ထားများနှင့်အညီ တိုးတက်ခေတ် မီပြည့်စုံစွာ ပြည်သူများ လေးစား ချစ်ခင်မှုကြောင့် ကမ္ဘာ့အလယ် တင့်တယ်သောနိုင်ငံနှင့်ပြည်သူ များ လွတ်လပ်လုံခြုံအေးချမ်းရေး တို့ကို အခိုင်အမာကာကွယ်ပေး မည့် နိုင်ငံကအားကိုးရသည့်အဖွဲ့ အစည်းဖြစ်စေလိုကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်

မျိုးစောင့်ဥပဒေကိုပြည်သူလူထုမှထောက်ခံကြောင်းကမ္ဘာမှသိစေရန်အောင်ပွဲခံအခမ်းအနားပြုလုပ်ခြင်းဖြစ်
ရဟန်းရှင်လူ သောင်းချီ လမ်းလျှောက်ဆန္ဒပြုကာ မျိုးစောင့်ဥပဒေ အောင်ပွဲခံအခမ်းအနား များပြုလုပ်ရခြင်းမှာ ဥပဒေကို လူထုက ထောက်ခံသည့်အ ကြောင်း ကမ္ဘာသိစေရန် အင်အား ပြခြင်းဖြစ်ကြောင်း ဆရာတော် ဦးဝီရသူ (မစိုးရိမ်) က မိန့်ကြား သည်။
မဘသ (အထက်မြန်မာ ပြည်) မန္တလေးတိုင်းဒေသကြီးက ဦးဆောင်ကာ မျိုးစောင့်ဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ခြင်းအ တွက် အောင်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်တွင်မန္တလေး မြို့၌ ပြုလုပ်ခဲ့ရာ ရဟန်းသံဃာ၊ သီလရှင်နှင့် လူအင်အား သောင်း ချီပါဝင်ခဲ့သည်။
‘‘ဒီလိုဆန္ဒပြုရခြင်းဟာ မျိုး စောင့်ဥပဒေကို မြန်မာပြည်သူ ပြည်သားနဲ့သံဃာထု၊သီလရှင်ထု အားလုံးက တစ်ခဲနက်ထောက်ခံ တယ်ဆိုတာကို ကမ္ဘာကြီးသိစေ ချင်လို့ပါ။ အဲဒီလို အင်အားသိ သွားမှသာ မျိုးစောင့်ဥပဒေကို ဖျက်လိုဖျက်ဆီးလုပ်မယ့် အန္တ ရာယ်က ကင်းသွားမှာဖြစ်ပါ တယ်’’ဟု ဆရာတော်ဦးဝီရသူ (မစိုးရိမ်)က မိန့်ကြားသည်။မျိုးစောင့်ဥပဒေခေါ် တစ် လင်တစ်မယားစနစ်ကျင့်သုံး ခြင်း ဆိုင်ရာ ဥပဒေ၊ ဘာသာကူး ပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက် ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ နှင့်လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြီးခဲ့သည့်လပိုင်းအ တွင်း ပြည်ခိုင်ဖြိုးပါတီဦးဆောင် သည့် ဦးသိန်းစိန်အစိုးရနှင့် လွှတ် တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ သည်။
ယင်းဥပဒေပြဋ္ဌာန်းပြီးနောက် မဘသအဖွဲ့က ဦးဆောင်ကာ မျိုး စောင့်ဥပဒေအောင်ပွဲ အခမ်းအ နားများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပပြီး စက်တင်ဘာ ၂၁ ရက်တွင်မန္တလေးမြို့၌ အောင်ပွဲခံအခမ်း အနား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ဖွဲ့စည်းထား သည့် မဘသအဖွဲ့များအပြင် စစ် ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဦး၊ ခင်ဦး စသည့် မြို့နယ်များရှိ မဘသ အဖွဲ့များ လာရောက်ပူး ပေါင်း အောင်ပွဲခံခဲ့ကြောင်း မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ် သည့် ဆရာတော် ဦးဣန္ဒာစက္ကက မိန့်ကြားသည်။
လာမည့် ရက်ပိုင်းအတွင်း အစိုးရရုံးစိုက်ရာ နေပြည်တော် အပါအ၀င် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးအချို့တွင် မျိုးစောင့် ဥပဒေအောင်ပွဲများ ဆက်လက် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မျိုး စောင့်ဥပဒေပြဋ္ဌာန်းနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံလုံးကျွတ် အောင်ပွဲခံ အခမ်းအနားကို တော် သလင်းလပြည့် (စက်တင်ဘာ ၂၈ ရက်) တွင် ရန်ကုန်မြို့၌ ပြု လုပ်မည်ဟုဆိုသည်။
မျိုးစောင့်ဥပဒေသည် နိုင်ငံ တကာလူ့အခွင့်အရေးစံနှုန်းများ နှင့် ကိုက်ညီမှုမရှိကြောင်း ဝေဖန် ခံရမှုများရှိခဲ့သည်။ မျိုးစောင့် ဥပဒေခေါ် ဥပဒေလေးရပ်အတည် ပြုပြဋ္ဌာန်းရန် ကြိုးစားခြင်းနှင့် ပတ်သက်၍လည်း လွှတ်တော်အ တွင်း ကန့်ကွက်မှုများရှိခဲ့ကာ ဥပဒေအတည်ပြုပြဋ္ဌာန်းခဲ့သည့် သမ္မတ ဦးသိန်းစိန်ကိုလည်း ဝေဖန်မှုများ ရှိခဲ့သည်။
သို့သော် သမ္မတဦးသိန်းစိန် သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးကို ဖော်ဆောင်သူဖြစ်ပြီး မျိုး စောင့်ဥပဒေ ပြဋ္ဌာန်းပေးသည့် အတွက် ကျေးဇူးရှင်အဖြစ် မှတ် ယူမည်ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူ (မစိုးရိမ်) က မိန့်ကြား သည်။ ထို့အပြင် သမ္မတဦးသိန်း စိန်ကို သမိုင်းတာဝန်ကျေပွန်သူ အဖြစ် မှတ်တမ်းတင်ဂုဏ်ပြု ကြောင်း မဘသဦးဆောင်ဆရာ တော်များက မိန့်ကြားသည်

တောင်ကြီးတွင်ဒီချုပ်ကိုယ်စားပြုကိုယ်စားလှယ်လောင်းများစတင်မဲဆွယ်
တာင်ကြီးမြို့မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများက စက်တင်ဘာ ၂၁ ရက်တွင် ရွေး ကောက်ပွဲအောင်နိုင်ရေးယာဉ် ဖြင့် တောင်ကြီးမြို့ ညောင်ဖြူ စခန်းရပ်ကွက်၌ လှည့်လည်မဲ ဆွယ်စည်းရုံးခဲ့ကြသည်။
ရွေးကောက်ပွဲကော်မရှင်မှ မဲဆွယ်စည်းရုံးခွင့်ပြုပြီးနောက် ပထမအကြိမ်အဖြစ် ဒီချုပ်မှ ကိုယ်စားလှယ်လောင်းများ စည်းရုံးရေးဆင်းနေခြင်း ဖြစ်သည်။‘‘အပြောင်းအလဲဖြစ်ပေါ်လာ စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေးကြပါ။ ခေတ်အဆက်ဆက်က အာဏာရှင်စနစ်ကို ဖယ် ရှားကြပါ’’ဟု ရှမ်းပြည်နယ်မဲဆန္ဒ နယ်-ဗမာတိုင်းရင်းသားကိုယ် စားလှယ်လောင်းအဖြစ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ် စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ဦး တင်မောင်တိုးက စည်းရုံးရေးဆင်းစဉ် ပြောသည်။ ညောင်ဖြူစခန်းရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းတွင်ဒီချုပ် အောင်နိုင်ရေးယာဉ်ပေါ်မှ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ မြန်မာဘာသာတို့ဖြင့်သီဆိုထားသည့် အောင်နိုင်ရေးတေးသီချင်းများဖွင့်ကာ ၎င်းတို့ အား မဲပေးရန် ရေးသားထားသည့်လက်ကမ်းစာစောင်များကို လမ်းသွား လမ်းလာများအား လိုက်လံဝေငှခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ရွေးကောက်ပွဲအောင်နိုင် ရေးယာဉ်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၂၁ မြို့နယ်သို့ လှည့်လည်မည်ဖြစ်ကြောင်း တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ သတင်းရရှိသည်။
တောင်ကြီးမြို့တွင် ပြည်ခိုင် ဖြိုးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ပါတီတို့မှ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်ထောင်ခြင်းများ ပြုလုပ်ထားပြီး တစ်အိမ်တက်၊ တစ်အိမ် ဆင်း မဲဆွယ်စည်းရုံးရေးလှုပ်ရှား မှုကို ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ဆောင်ရွက် ခဲ့သည်

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက်ဆမ်ဆောင်းမှအမေရိကန်ဒေါ်လာတစ်သိန်းနှင့်တီဗွီအလုံး၈၀လှူဒါန်း
Samsung မြန်မာရုံးခွဲ သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသွားရန် အမေရိကန်ဒေါ်လာတစ်သိန်း (ကျပ်သိန်း ၁,၃၀၀) ကျော်နှင့် တီဗီအလုံး ၈၀ ကို လှူဒါန်းသွားမည်ဖြစ်သည်။
‘‘ရေဘေးကယ်ဆယ်ရေး အတွက် ပဏာမခြေလှမ်းအနေနဲ့ ပညာရေး၊ စိုက်ပျိုးရေးနဲ့ ကျန်းမာ ရေးကဏ္ဍတွေမှာ ကူညီထောက်ပံ့ ပေးသွားမှာ ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းတို့မှာ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်’’ဟု Samsungမြန်မာ၏ မန်နေဂျင်းဒါရိုက်တာ Mr. Nam SikAhn က ပြောသည်။ငွေသားအနေဖြင့် ထောက်ပံ့မည့် အမေရိကန်ဒေါ်လာ တစ် သိန်းကို ကယ်ဆယ်ရေးလုပ်ငန်း များတွင် အသုံးပြုသွားမည်ဖြစ်ပြီး တီဗီအလုံး ၈၀ အား မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ အများပြည်သူပိုင်နေရာများ ဖြစ်သည့် ဆေးရုံကျောင်းစသည့် နေရာများတွင် မိုးလေ၀သနှင့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီသိနိုင်စေရန်နှင့် ပညာရေးဆိုင်ရာအသိပညာများ တိုးပွားစေရန်အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
‘‘Samsung ရဲ့ ထောက်ပံ့မှု ဟာ မြန်မာနိုင်ငံကြက်ခြေနီအ သင်းရဲ့ ကယ်ဆယ်ရေးလုပ်ငန်း တွေမှာ နေရာတစ်ခုကနေ အ ထောက်အကူပြုစေမှာ ဖြစ်ပါ တယ်’’ဟု မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ဒေါက်တာ သာလှ ရွှေက ပြောသည်။
Samsung အနေဖြင့် အခြား ထောက်ပံ့မှုတစ်ခုအဖြစ်ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ စပါးစိုက်ခင်းပေါင်း လေးရာအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရန်အတွက် မျိုးစေ့များကိုလည်း ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်

ဘာလင်တွင်အကြမ်းဖက်မှုနှင့်ဆက်နွယ်နေသူများကိုရဲတပ်ဖွဲ့မှစီးနင်းဖမ်းဆီး
ဘာလင်မြို့တော်တွင် အကြမ်းဖက်သမားများနှင့် ဆက်နွှယ်သည်ဟု ယူဆရသူ အချို့ကို ဂျာမန်ရဲတပ်ဖွဲ့က စီးနင်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၂ ရက် နံနက်အစောပိုင်းက ဘာလင်တွင် နေရာ ရှစ်ခု၌ ဖြန့်ကျက်စီးနင်းမှုများ ပြုလုပ်ခဲ့ပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့အတွက် လူသစ် စုဆောင်းရာတွင် အဓိက ကူညီနေသည်ဟု ယုံကြည်ရသူများကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စီးနင်းမှုကို စစ်ဆင်ရေး တစ်ရပ်သဖွယ် အလေးထား အကောင်အထည် ဖော်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီ ပါဝင်ခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် ဘာလင်မြို့လယ်ရှိ တမ်ပယ်လ်ဟော့ဖ် ရွှန်ဘာ့ဂ် ရပ်ကွက်ထဲမှ ဗလီနှင့် ဆက်နွှယ်သူ တစ်ဦး ပါဝင်ကြောင်းလည်း ရဲများက ဆိုသည်။ ရဲတပ်ဖွဲ့သည် ဆီးရီးယားရှိ အိုင်အက်စ် တပ်ဖွဲ့အတွက် အဓိက လူသစ်စုဆောင်းပေးသူ တစ်ဦးအဖြစ် ယူဆရသည့် အသက် ၅၁ နှစ်အရွယ် မော်ရိုကို နိုင်ငံသား တစ်ဦးကို ပစ်မှတ်ထား ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် အသက် ၁၉ နှစ် အရွယ်ရှိ မက်စီဒိုးနီးယား နိုင်ငံသား တစ်ဦးသည်လည်း အိုင်အက်စ်၏ လူသစ်စုဆောင်းရေးသမား တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ယုံကြည်ရပြီး ၎င်းကိုလည်း ရှာဖွေနေကြောင်း ဖော်ပြ ပါရှိသည်။
အိုင်အက်စ်တို့သည် ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ထားပြီး ကိုယ်ပိုင် အစ္စလာမ်မစ် နိုင်ငံတစ်ခုအဖြစ် ထူထောင်ကြေညာထားရာ ၎င်းတို့အတွက် လိုအပ်သော တိုက်ခိုက်ရေးသမားများကို ကမ္ဘာအရပ်ရပ်မှ ဖြန့်ကျက် စုဆောင်းလျက် ရှိသည်။
ရဲတပ်ဖွဲ့က ယခုစီးနင်းမှုသည် ဂျာမနီတွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုခု ကျူးလွန်ရန် သတင်းမျိုး ကြားသိ၍ မဟုတ်ဟု ပြောကြားခဲ့သလို ပြီးခဲ့သည့် သီတင်းပတ်က ဘာလင်တွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်ခဲ့မှုနှင့် ဆက်နွှယ်မှု မရှိဟုလည်း ဆိုသည်။ အဆိုပါ ဖြစ်ရပ်တွင် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီတစ်ဦးက ရဲမေတစ်ဦးကို ဓားဖြင့်ထိုးသဖြင့် ပစ်သတ် ခံခဲ့ရသည်။
ဂျာမန် ထောက်လှမ်းရေး ဌာနက ဂျာမနီနိုင်ငံသား ၆၀၀ ကျော်မျှသည် အရှေ့အလယ်ပိုင်း ဒေသသို့ ဝင်ရောက်သွားပြီး အိုင်အက်စ်တို့နှင့် လက်တွဲ တိုက်ခိုက်နေကြောင်း ယုံကြည်လျက်ရှိသည်။

ဆီးရီးယားတွင်မောင်းသူမဲ့ကင်းထောက်လေယာဉ်များစတင်ပျံသန်း
ရုရှားသည် ဆီးရီးယားတွင် မောင်းသူမဲ့ လေယာဉ်များဖြင့် ကင်းထောက် ပျံသန်းမှုများ စတင်နေပြီဟု အမေရိကန် အာဏာပိုင်များက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၀ တွင်စတင်ကာ ရုရှား၏ ပထမဆုံး ကင်းထောက်ပျံသန်းမှုများ ဆီးရီးယား ကောင်းကင်ယံတွင် အစပြုနေပြီဟု ယုံကြည်ရကြောင်း အမေရိကန် စစ်ဘက်က ဆိုသည်။ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်နှင့် စစ်ရေးပူးပေါင်းမှု အရှိန်အဟုန်ကို မြှင့်တင်လာသည့် ရုရှားသည် ယခုအခါ ဆီးရီးယား ပြည်တွင်းစစ်တွင် ထဲထဲဝင်ဝင် ပါဝင်လာပြီ ဖြစ်သည်။
အမေရိကန်သည်လည်း ပူးပေါင်း မဟာမိတ် လေတပ်များနှင့်အတူ ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို ဗုံးကြဲ ချေမှုန်းလျက်ရှိရာ ရုရှား၏ စွက်ဖက်လာမှုကြောင့် အရှုပ်အထွေးများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသည်။
စစ်အေးခေတ် ပြိုင်ဘက်ကြီးများ ဖြစ်ခဲ့သော ရုရှားနှင့် အမေရိကန်တို့သည် အိုင်အက်စ် စစ်သွေးကြွများကို ဆီးရီးယားတွင် ချေမှုန်းနှိမ်နင်းရာ၌ တူညီသော ရည်မှန်းချက် ရှိသော်လည်း မဟာဗျူဟာအရ ရှုပ်ထွေးမှုများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်ကို ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့သည်။
ယခုအခါ ရုရှား၏ မောင်းသူမဲ့ လေယာဉ်များသည် ဆီးရီးယား ဝေဟင်တွင် စတင်ကင်းထောက် ပျံသန်းနေပြီဖြစ်ပြီး နောက်ဆက်တွဲအဖြစ် လေကြောင်းထိုးစစ် ဆင်နွှဲမှုများပါ ပါဝင်လာဖွယ် ရှိသည်။ အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်ကမူ ရုရှား မောင်းသူမဲ့ လေယာဉ်များ ပျံသန်းမှုနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ပြောဆိုရန် ငြင်းဆန်ခဲ့ပြီး ထောက်လှမ်းရေး သတင်းများကို ဆွေးနွေးလိုခြင်း မရှိဟု တုံ့ပြန်ခဲ့သည်။
ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင်က မိမိတို့သည် အာဆက်ဒ်၏ အစိုးရအဖွဲ့ကို အပြည့်အဝ ထောက်ခံကူညီမည်ဟု ကြေညာထားပြီး မိမိတို့၏ လက်နက်တင်ပို့ ပံ့ပိုးမှုများသည် နိုင်ငံတကာ ဥပဒေများနှင့် လျော်ကန် ကိုက်ညီကြောင်း ပြောကြားထားသည်။
_Ref: Reuters

Monday, September 21, 2015
တပ်မတော်မှအာဏာပြန်သိမ်းရန်အစီအစဉ်လုံးဝမရှိဟုဆို
ရွးကောက်ပွဲနှင့်ပတ် သက်၍ အာဏာပြန်သိမ်းရန် အ စီအစဉ်လုံးဝမရှိကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် မီဒီယာများနှင့်တွေ့ဆုံရှင်း လင်းပွဲ၌ ပြောကြားလိုက်သည်။
ရွေးကောက်ပွဲ နီးလာချိန်တွင် တပ်မတော်က အုပ်ချုပ်မှုပိုင်းဆိုင်ရာများပြန်လည်တာဝန်ယူ နိုင်မည့် အခြေအနေနှင့် စပ်လျဉ်း၍ သတင်းထောက်တစ်ဦး၏ မေးခွန်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
‘‘အတိုဆုံးအဖြေကတော့ ဒီ လိုအစီအစဉ်လည်း ကျွန်တော့်မှာ လုံးဝမရှိဘူးဆိုတာ ကျွန်တော်တင်မဟုတ်ဘူး။ တပ်မတော်မှာ လုံးဝ အစီအစဉ်မရှိဘူးလို့ ကျွန် တော် ပြောပါရစေ’’ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောသည်။
တပ်မတော်သည် စည်းမျဉ်း စည်းကမ်းနှင့်အညီဆောင်ရွက် ရန် လိုလားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အာဏာသိမ်းမည်ကို လိုလားခြင်းမရှိကြောင်း မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။
‘‘တပ်မတော်ရဲ့ဆန္ဒအရအာဏသိမ်းတာမျိုးကို ကျွန်တော်တို့မလိုလားပါဘူး။ ကျွန်တော်တို့ ဒီဆန္ဒတကယ်အမှန်ပါ။ ဒီကိစ္စကိုမကြိုက်ပါဘူး’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ကြားသည်။
ဆက်လက်၍လည်း ‘‘တပ်မတော်ဆိုတာ စည်းနဲ့ကမ်းနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအပြင်စည်းကမ်းကိုအခြေခံပြီး လုပ်ဆောင်ရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အင်မတန်ကြီးမားတဲ့ အင်စကီးကျူးရှင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် စည်းကမ်းနဲ့ အညီပဲ ကျွန်တော်တို့ သွားချင်ပါတယ်။ သွားဖို့လိုလားပါတယ်’’ ဟု ပြောသည်။
ထို့အပြင် ‘‘ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာတွေ ရှိပါတယ်။ဒီပြဋ္ဌာန်းချက်အတိုင်း ကျွန်တော်တို့ သွားပါမယ်။ ကျွန်တော်တို့ ဒါကို ကျော်လွန်လို့ မရပါဘူး’’ ဟု ဆက်လက်ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် စာနယ်ဇင်းကောင်စီ(ယာ ယီ)၊ မီဒီယာများ နေပြည်တော် တွေ့ဆုံပွဲတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အစ္စရေးခရီး စဉ်၊ ရေဘေးကယ်ဆယ်ရေး၊ ငြိမ်း ချမ်းရေးနှင့် စစ်ဘက်ရေးရာ အ သုံးအနှုန်းများမှန်ကန်စွာရေးသား ဖော်ပြနိုင်ရေးစသည့်ကိစ္စရပ်များ ကို ရှင်းလင်းပြောကြားခဲ့သည်

ပြင်ဦးလွင်အဆင်းလမ်းတွန်မန်းရွှေမြို့တော်ယဉ်တိမ်းမှောက်တစ်ဦးသေကိုးဦးဒါဏ်ရာရ
မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းရှိ ၁၈ မိုင် ၅ ဖာလုံမီး သတ်ကွေ့အကျော်တွင် မန်းရွှေ မြို့တော်ခရီးသည်တင်ယာဉ် အ ရှိန်လွန်တိမ်းမှောက်ခဲ့ရာမှ ခရီး သည်တစ်ဦးသေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့မှ မော်လမြိုင် မြို့သို့ ခရီးသည် ၁၆ ဦးတင်ဆောင်ထွက်ခွာလာသည့် မန်းရွှေမြို့ တော်ခရီးသည်တင်ယာဉ်သည် စက်တင်ဘာ ၂၀ ရက် ညနေ ၆ နာရီခန့်က ပြင်ဦးလွင်အဆင်းလမ်း တွင် အရှိန်လွန်တိမ်းမှောက်ခဲ့ သည်ဟု သွားရောက်ကူညီခဲ့သည့် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ အလုပ်အမှုဆောင် ဦးထိပ်တင်မျိုးက ပြောသည်။
‘‘အမျိုးသမီးတစ်ယောက်က တော့ ပွဲချင်းပြီးဆုံးသွားတယ်။ တစ်ယောက်ကလည်း လက်ပြတ် သွားတယ်။ ကားသမားကတော့ ထွက်ပြေးသွားတယ်။ ခရီးသည် တွေက ပြောကြတယ်။ ကားကို အရမ်းမောင်းနေတာတဲ့၊ နောက် ပြီးအဆင်းမှာ ဂီယာကြီးနဲ့ ဆင်း ရမှာကို ဖရီးရိုက်ပြီး ဆင်းတယ်လို့ လည်း ပြောတယ်’’ဟု ဦးထိပ်တင် မျိုးက ဆိုသည်။
ခရီးသည်တင်ယာဉ်တိမ်း မှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့ သော အမျိုးသားသုံးဦး၊ အမျိုး သမီးခြောက်ဦးနှင့် သေဆုံးခဲ့သည့်အမျိုးသမီးအလောင်းတစ်လောင်း မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ကြောင်း အဆိုပါ ဆေးရုံကြီးမှ တာဝန်ကျရဲအရာရှိ တစ်ဦးက ပြောသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ခဲ့သည့် မန်းရွှေမြို့တော်ခရီးသည် တင်ယာဉ်သည် ခရီးသည်များအ ပြင် ပြင်ဦးလွင်ဒေသထွက် ပန်း များကို သယ်ဆောင်လာခဲ့ကြောင်း ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်သွားသည့် လူနာအချို့က ပြော သည်

မက်လုံးပေးမဲဆွယ်မှုများနှင့်ခြိမ်းခြောက်မဲဆွယ်မှုများကိုကော်မရှင်သို့တိုင်မည်ဟုဒေါ်စုပြောကြား
ပြည်သူလူထုအား မက် လုံးပေး မဲဆွယ်မှုများနှင့်ခြိမ်း ခြောက်ပြီး မဲဆွယ်မှုများသည် ရွေးကောက်ပွဲဆိုင်ရာဥပဒေများ နှင့် မညီညွတ်သည့်အတွက် ယင်း သို့ မဲဆွယ်မှုများကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမည်ဖြစ်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြော ကြားသည်။
‘‘စည်းမျဉ်းစည်းကမ်းနဲ့မညီ တဲ့ မဲဆွယ်မှုတွေကိုတော့ ကျွန်မ တို့ဟာ ငုံ့ပြီးတော့ခံနေမှာမဟုတ် ဘူး။ ပြည်သူတွေကလည်း ငုံ့ပြီး မခံပါနဲ့။ ခြိမ်းခြောက်တာတို့၊မက် လုံးပေးတာတို့၊ သူများကို အပုပ် ချပြီး စည်းရုံးတာတို့ဒီဟာတွေဟာ ဥပဒေနဲ့မကိုက်ညီပါဘူးဆိုတာ ကျွန်မပြောပါရစေ’’ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။
စက်တင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မ ဆယ်ဆိပ်ကျေးရွာတွင် ပြုလုပ် သော မဲဆွယ်စည်းရုံးမှုဟောပြော ပွဲ၌ တက်ရောက်လာသော ဒေသ ခံပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘အခုရွေးကောက်ပွဲမှာ ကျွန် မတို့အဖွဲ့ချုပ်ကိုရော ကျွန်မကို ရော တိုက်ခိုက်ပြီးတော့ မဲဆွယ် တာတွေ လုပ်တယ်လို့ ကျွန်မတို့ ကြားပါတယ်။ ကျွန်မတို့က ဘယ် တော့မှ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်ပြီးတော့ မဲမဆွယ် ပါဘူး။ လုပ်ငန်းပိုင်းဆိုင်ရာဥပမာ စည်းမျဉ်းစည်းကမ်းချိုးဖောက်ပြီး လုပ်တယ်ဆိုရင် ကျွန်မတို့မခံဘူး။ ကျွန်မတို့ရွေးကောက်ပွဲ ကော်မ ရှင်ကို တိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုအရေးယူ မလဲဆိုတာ စောင့်ကြည့်နေပါ တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကဆိုသည်။
အဆိုပါဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရန် မဲ ဆွယ်စည်းရုံးရေးကို အဓိကထား ဟောပြောခဲ့ပြီး ရွေးကောက်ပွဲ တွင် အနိုင်ရပါက ပြည်သူများကို တရားဥပဒေဘောင်အတွင်းမှ လုပ်ပိုင်ခွင့်များ ပြည့်ပြည့်၀၀ ပေးသွားမည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့သည်။
ထို့အပြင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ဖြစ်ပါ က အဂတိတရားကင်းရှင်းသော အစိုးရတစ်ရပ်ဖြစ်ရန် ဆောင်ရွက် မည်ဖြစ်ကာ ပြည်သူများသည် နိုင်ငံ၏အနာဂတ်အတွက် မဲပေး ရန် လိုအပ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ထည့်သွင်းပြော ကြားခဲ့သည်။
စက်တင်ဘာ ၂၁ ရက်က မဆယ်ဆိပ်ကျေးရွာတွင်ပြုလုပ် သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲကို ညနေပိုင်း၌ ပြု လုပ်ခဲ့သော်လည်း ဒေသခံပြည်သူ များသည် ယင်းနေ့နံနက်က တည်းကပင် ဟောပြောပွဲပြုလုပ် မည့်နေရာသို့ လာရောက်၍ဒေါ် အောင်ဆန်းစုကြည်အား စောင့် ဆိုင်းကြိုဆိုခဲ့ကြသည်။
‘‘ကျွန်တော်တို့ကတော့ ဖြောင့်ဖြောင့်မတ်မတ်ရှိရမယ်။ အနစ်နာခံတဲ့သူလည်းဖြစ်ရမယ်။ အဲဒီလိုလူမျိုးကိုပဲ မဲပေးချင် တယ်။ နောက်ငါးနှစ်မှာတိုင်းပြည် အပြောင်းအလဲဖြစ်တာတော့ မြင် တွေ့ချင်တယ်’’ဟု မဆယ်ဆိပ် ကျေးရွာဒေသခံ ဦးအုန်းခင်က ပြောသည်။
စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ သွား ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစု ကြည်၏ ပထမဦးဆုံး မဲဆွယ်စည်း ရုံးမှုခရီးစဉ်ဖြစ်သော ကယား ပြည်နယ် ခရီးစဉ်အတွင်းတွင် လည်း မဲဆွယ်စည်းရုံးမှုများ၌ မက်လုံးပေး မဲဆွယ်သူများကို မဲမ ထည့်ရန် ဒေါ်အောင်ဆန်းစုကြည် က ဒေသခံပြည်သူလူထုအားပြော ကြားခဲ့သည်

တပ်တွင်းမဲရုံများတွင်လုံခြုံရေးကန့်သတ်ချက်မှလွဲ၍လေ့လာခွင့်ပြုမည်
တပ်တွင်းမဲရုံများ၌ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေ ဖြင့် လုံခြုံရေးကန့်သတ်ချက်မှလွဲ ၍ ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စောင့်ကြည့်ခွင့်ပြုမည်ဖြစ်သော ကြောင့် စနိုးစနောင့်မဖြစ်စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက် သည်။
စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ၌ 7Day Daily က တပ်တွင်းမဲရုံများကို မည်သည့်အတိုင်းအတာအထိ စောင့်ကြည့်လေ့လာခွင့်ရနိုင်မည့် မေးမြန်းမှုအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့ လုပ်ချင်ရာ လုပ်ရင် ကျွန်တော်တို့ က သီးခြားလိုဖြစ်သွားမှာပေါ့။ လုံ ခြုံရေးအရ ကန့်သတ်တာက လွဲ ရင် ကျန်တာက သူ့(ကော်မရှင်) စည်းကမ်းအတိုင်းသာ ဖြစ်ပါ တယ်။ ဒါကြောင့်ကျွန်တော်တို့ အနေနဲ့လည်း အဖြစ်နိုင်ဆုံးခွင့်ပြု ပေးမှာပါ။ ဘာမှ စိတ်ထဲလည်း စနိုးစနောင့်မဖြစ်စေချင်ဘူး’’ဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ပြောကြားသည်။
ထို့အပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ကိုယ်စား လှယ်လောင်းများ အနေဖြင့် စည်းကမ်းများနှင့်အညီ လာရောက်လေ့လာနိုင်ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သော မြန်မာနိုင်ငံ စာ နယ်ဇင်းကောင်စီ(ယာယီ)၊ မီဒီ ယာများနှင့် တပ်မတော်သတင်း မှန်ထုတ်ပြန်ရေးအဖွဲ့တွေ့ဆုံပွဲ သို့ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ် ချုပ်ကြီး ရဲအောင်၊ တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်း ဦးအပါအ၀င် ထိပ်ပိုင်းခေါင်း ဆောင်များတက်ရောက်ခဲ့သည်

အဂတိလိုက်စား၍တရားစီရင်ခဲ့သည်ဟုဆိုသောခင်ဦးမြို့နယ်တရားသူကြီးအားအရေးယူပေးရန်ကံသစ်ရွာသားများဆန္ဒပြ
အဂတိ လိုက်စား၍ အမှုအား စီရင်ခဲ့သည်ဟုဆိုကာ ခင်ဦးမြို့နယ် တရားသူကြီးအား အရေးယူပေးရန်အတွက် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ကံသစ်ကျေးရွာ ဒေသခံများမှ ခင်ဦးမြို့နယ် တရားရုံးရှေ့၌ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင် မစန္ဒာလှိုင်နှင့် တစ်ရွာတည်း နေထိုင်သူကို စည်သူအောင်တို့မှ လူငယ်သဘာဝ မေတ္တာမျှခဲ့ကြပြီးနောက် မစန္ဒာလှိုင်မှာ ကိုယ်ဝန်ရရှိခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ရွှေဘိုမြို့ရှိ အောင်မြေဆေးခန်း၌ သမီးကလေးတစ်ဦး မွေးဖွားခဲ့ကြောင်း၊ သမီးတစ်ဦး မွေးဖွားခဲ့ပြီးချိန်တွင် ကိုစည်သူအောင်မှ ရိုးမြေကျ ပေါင်းသင်းပါမည်ဟု ယုကြည်ရန် ပြောဆို၍ ၎င်း၏ ကာမအား လိမ်လည်ရယူခံခဲ့ရခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေခဲ့ရကြောင်း ယင်းကဲ့သို့ ကာမလိမ်လည် ရယူခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် တရားရုံးသို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် ပုဒ်မ ၄၁၇ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပြစ်မှုပုဒ်မ ၄၁၇ ဖြင့် ခင်ဦးမြို့နယ် တရားရုံးတွင် ရှစ်လကြာ အမှုအား ရင်ဆိုင်ခဲ့ရပြီး သြဂုတ် ၂၄ ရက်တွင် ခင်ဦးမြို့နယ် တရားသူကြီး ဒေါ်မေစိမ့်စမ်းမှ တရားပြိုင်ဖြစ်သူ ကိုစည်သူအောင်အား အမှုမှ အနိုင်ဒီကရီပေးကာ အပြီးပြတ် လွတ်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သမ္မတနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံသို့ တိုင်ကြားထားသည့် အမှုတိုင်ကြားစာများအရ သိရသည်။
“အခု ကျွန်မလို အဖြစ်မျိုးကို အမျိုးသမီးတွေ အနေနဲ့ နောင်ဘယ်သောအခါမှ မဖြစ်ရလေအောင် နောက်ပြီး အဂတိလိုက်စားတဲ့ ခင်ဦးမြို့နယ် တရားသူကြီး ဒေါ်မေစိမ့်စမ်းကို အရေးယူပေးဖို့အတွက် နေပြည်တော်က အစိုးရ သိစေဖို့ တောင်းဆို ဆန္ဒပြရတာပါ” ဟု ပုဒ်မ ၄၁၇ ဖြင့် ခင်ဦးမြို့နယ် တရားရုံး၏ အမှုစီရင်ခဲမှုအား ဦးဆောင်ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့သည့် ကံသစ်ကျေးရွာမှ မစန္ဒာလှိုင်က ပြောကြားသည်။
ခင်ဦးမြို့နယ် တရားသူကြီး ဒေါ်မေစိမ့်စမ်း၏ အမှုစီရင်မှုမှာ အဂတိလိုက်စား၍ အမှုအား စီရင်ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု ဆိုကာ ကံသစ်ကျေးရွာ ဒေသခံများမှ အဂတိလိုက်စားသော ခင်ဦးမြို့နယ် တရားသူကြီးအား အရေးယူပေး၊ အဓမ္မ အနိုင်ပြုကျင့်ခံရသော အမျိုးသမီးများ မပေါ်ပေါက်ရေး ဒို့အရေး၊ အမျိုးသမီးထု အခွင့်အရေး တန်းတူညီမျှ ရရှိရေး ဒို့အရေး၊ တရားဥပဒေ စိုးမိုးရေး ဒို့အရေး အစရှိသည့် ကြွေးကြော်သံများဖြင့် ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးရှေ့မှ စတင်ကာ မြို့နယ်တရားရုံးရှေ့အထိ လမ်းလျှောက် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ခင်ဦးမြို့နယ် တရားရုံး၏ အမှုစီရင် ဆုံးဖြတ်ချက်အား ကံသစ်ကျေးရွ ဒေသခံများက ဆန္ဒထုတ်ဖော်ရာတွင် အဆိုပါ အမှုအား ကိုင်တွယ် စစ်ဆေးခဲ့သည့် ဒေါ်မေစိမ့်စမ်းမှာ ခွင့်ယူထားခြင်းကြောင့်ဟုဆိုကာ ယင်း၏ ကိုယ်စားအဖြစ် ရွှေဘိုမြို့မှ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်ထိပ်ထားလေးက ခင်ဦးမြို့နယ် တရားရုံးသို့ ခေတ္တရောက်ရှိနေကြောင်းလည်း သိရသည်။
“ကျွန်မတို့ တရားရုံး အနေနဲ့က အမှုကို တရားဥပဒေနဲ့ အညီပဲ စီရင်ဆုံးဖြတ်ချက် ချတာပါ။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဆန္ဒပြတာကလည်း သူတို့ရဲ့ အခွင့်အရေးအတိုင်း ဒီမိုကရေစီနဲ့အညီ ဆန္ဒပြတာပဲ ဖြစ်ပါတယ်။ မြို့နယ်တရားရုံးရဲ့ အမှုစီရင် ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် သက်ဆိုင်ရာ အထက်တရားရုံးတွေမှာ အယူခံ ဆက်တက်ပြီး သွားလို့ရပါတယ်” ဟု ခင်ဦးမြို့နယ် တရားသူကြီး ဒေါ်မေစိမ့်စမ်းကိုယ်စား ရွှေဘိုမြို့မှ တွဲဖက်တရားသူကြီးအဖြစ် ခင်ဦးမြို့နယ် တရားရုံးသို့ လာရောက်ခဲ့သည့် တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်ထိပ်ထားလေးက ပြောကြားသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် အတွင်းရှိ ခင်ဦးမြို့နယ် တရားရုံး၏ စီရင်ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ အဆိုပါမြို့နယ် အတွင်းရှိ ဒေသခံများမှ မကျေနပ်ခြင်းကြောင့် ၂၀၁၄ ခုနှစ် မေလတွင် ခင်ဦးမြို့ ဒေသခံများမှ ပထမဆုံး အကြိမ်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယခု ၂၀၁၅ ခုနှစ် ဇွန်တွင် မဒေါင်းကြီးကျေးရွာမှ ဒုတိယအကြိမ်အဖြစ် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ယခု ကံသစ်ကျေးရွာမှ ဆန္ဒထုတ်ဖော်မှုမှာ သုံးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
Writer:
ဌေးလှအော

မဘသမှဒီချုပ်ကိုတိုက်ခိုက်သည့်လက်ကမ်းကြော်ငြာများကိုလိုက်လံဝေငှသည်ဟုဒီချုပ်ခေါင်းဆောင်များပြော
အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီကို ထိခိုက်စေသည့် အကြောင်းအရာများပါဝင်သော လက်ကမ်း ကြော်ငြာများကို ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုတွင် မဘသက ဦးဆောင်ကာ လိုက်လံဝေငှနေသဖြင့် ယင်းကိစ္စကိုကော်မရှင်သို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်အချို့က ပြောသည်။
စက်တင်ဘာ ၂၁ရက်ကရန် ကုန်မြို့တွင် ပြုလုပ်သော မဲစာ ရင်းကိစ္စအပါအ၀င် ရွေးကောက် ပွဲဆိုင်ရာကိစ္စများနှင့်ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲ၌ ပါ တီနာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်တို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော် ဧရာဝတီတိုင်း က မြောင်းမြ၊ ဟင်္သာတ၊ ပုသိမ် ဘက်တွေရောက်တော့ အဲဒီမှာမ ဘသက တိုက်ခိုက်တဲ့စာတွေဝေ တယ်။ အထုပ်လိုက်တွေ့တယ်’’ ဟု ပါတီနာယကဦးတင်ဦးကပြော သည်။
ယင်းကဲ့သို့ ဝေငှမှုများသည်ဧရာဝတီတိုင်းဒေသကြီးတစ်ခုတည်းမဟုတ်ဘဲစစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များပါဝင်ကြောင်း ဗဟိုကော်မတီဝင်ဦးဝင်းထိန်က ပြောကြားသည်။
‘‘တနင်္သာရီ၊ စစ်ကိုင်းတိုင်း တွေမှာပါ မဘသကထုတ်ပြန်တဲ့ကြေညာချက်တွေ လိုက်ဝေတယ်။ ဖြန့်တာက အာဏာရပါတီက ပါတီဝင်တွေပါတယ်။ ကျွန်တော်တို့ လက်ဆုပ်လက်ကိုင်မိထားတာ။ မဘသက ဒီလိုတွေ ဖြန့်နေပါတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ကို တိုင်ထားတယ်။ ဒါပေမဲ့ အရေးယူမပေးဘူး’’ဟု ဦးဝင်းထိန်ကပြောသည်။
ဘာသာရေးကိုအကြောင်း ပြ၍ နိုင်ငံရေးမဲဆွယ်စည်းရုံးခြင်း ကို ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင် မည့် နိုင်ငံရေးပါတီများ၊ လွှတ် တော်ကိုယ်စားလှယ်လောင်းများ က လုံးဝဆောင်ရွက်ခြင်းမပြုရန် နှင့် ဆောင်ရွက်ပါက ရွေးကောက် ပွဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦး တင်အေးက ပြည်တွင်းသတင်း စာရှင်းလင်းပွဲတစ်ခု၌ ပြောကြားထားသည်။
ရွေးကောက်ပွဲတွင် လိုက်နာ ရန် ကော်မရှင်က ထုတ်ပြန်သည့် ညွှန်ကြားချက်တွင် ဘာသာရေးကို ခုတုံးလုပ်မဲဆွယ်ခြင်းမပြုရန် ထည့်သွင်း တားမြစ်ထားသော်လည်း နိုင်ငံရေးနှင့်သက်ဆိုင်မှုမရှိသည့် အဖွဲ့အစည်းများက ဆောင်ရွက်ခြင်းကိုမူ တားမြစ် ထားခြင်းမရှိပေ

ဂရိရွေးကောက်ပွဲတွင်ဝန်ကြီးချုပ်ဆီပရက်စ်ဆက်လက်အောင်ပွဲခံ
ရွေးကောက်ပွဲတွင် တစ်ကျော့ပြန် အနိုင်ရခဲ့သည့်နောက် ပြည်သူများ၏ အောင်ပွဲကို ဆောင်ယူနိုင်ခဲ့ပြီဟု ဂရိ ဝန်ကြီးချုပ် အလက်ဆစ် ဆီပရက်စ်က ကြွေးကြော်လိုက်သည်။
ကြွေးမြီ နွံနစ်ပြီး နိုင်ငံရေးအရ ရုန်းကန်နေရသည့် ဂရိတွင် ၆ နှစ်အတွင်း ပဉ္စမမြောက် ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆီပရက်စ်က အောင်ပွဲခံခဲ့သည်။ ၎င်းသည် နိုင်ငံ၏ ကြွေးမြီဂယက်တွင် နောက်ထပ် နိုင်ငံရပ်ခြား ချေးငွေ ထပ်ယူရန် သင့်၊ မသင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာ ကြွေးမြီ ထပ်မယူရန် ပြည်သူအများစုက သဘောထား ပေးခဲ့ကြသည်။
သို့သော်လည်း ယူရိုငွေကြေးကို အဓိက အသုံးပြုနေသည့် ယူရိုဇုန် အဖွဲ့ဝင် နိုင်ငံများ၏ ဖိအားပေးမှုနှင့် မြီရှင်နိုင်ငံများ၏ တောင်းဆိုမှုများကြောင့် ဆီပရက်စ် အနေဖြင့် နောက်ထပ် ချေးငွေသစ်ကို လက်ခံခဲ့ရသည်။ ထို့နောက်တွင်မူ ဆီပရက်စ်က ပြည်သူ့ဆန္ဒကို ပြန်လည် အတည်ပြုရန် လိုပြီဟုဆိုကာ ဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်ပြီး ရွေးကောက်ပွဲတွင် တစ်ကျော့ပြန် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန် ရွေးကောက်ပွဲ၏ မဲအားလုံးနီးပါးကို ရေတွက်ပြီးချိန်တွင် ဆီပရက်စ်၏ ဆိုင်ရစ်ဇာ ပါတီက မဲအရေအတွက် ၃၅ ရာခိုင်နှုန်းအထက် ရရှိထားသည်။ ထို့ကြောင့် အပြတ်အသတ် အနိုင်ရမှုမျိုးဟု မဆိုနိုင်ဘဲ ဆီပရက်စ် အနေဖြင့် ညွန့်ပေါင်း အစိုးရ တစ်ရပ်ကို ဖွဲ့စည်းရမည် ဖြစ်သည်။ ဆိုင်ရစ်ဇာ ပါတီသည် အမျိုးသားရေး ဝါဒစွဲ လွတ်လပ်သော ဂရိလူမျိုးများ ပါတီနှင့် အတူပူးပေါင်း၍ အစိုးရတစ်ရပ် ဖွဲ့စည်းရန် ကြိုတင် သဘောတူညီထားသည်။
ကွန်ဆာဗေးတစ် ဒီမိုကရေစီ လမ်းစဉ်သစ် ပါတီကမူ မဲအရေအတွက် ၂၈ ရာခိုင်နှုန်းထိ ရရှိခဲ့သည်။ လက်ယာစွန်း ဝါဒစွဲဖြစ်ပြီး နိုင်ငံ၏ တတိယ အကြီးဆုံး နိုင်ငံရေး အင်အားစုဖြစ်သည့် ရွှေရောင်အရုဏ်ဦး ပါတီက ၇ ရာခိုင်နှုန်း မဲအရေအတွက်ကို သိမ်းပိုက်နိုင်ခဲ့သည်။
ဆီပရက်စ်က “ကျွန်တော့်အပေါ် အယုံအကြည် လွဲမှားမှုတွေကို ဖယ်ရှားနိုင်ခဲ့ပြီလို့ ခံစားမိပါတယ်။ ဂရိပြည်သူတွေက ရှင်းလင်းတဲ့ ဆန္ဒသဘောထားတစ်ရပ်ကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဂရိရဲ့ ပြည်တွင်းပြည်ပ အရေးကိစ္စတွေကို ကျွန်တော်က ရှေ့ဆက်ကိုင်တွယ် ဦးဆောင်ဖို့ ပြည်သူတွေက ယုံကြည်မှု ရှိနေပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ အောင်ပွဲတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော့် ပြည်သူတွေအတွက် ဂုဏ်ယူပါတယ်”ဟု ပြောကြားခဲ့သည်။
၎င်းသည် ယခုအခါ အစိုးရသစ် ဖွဲ့စည်းရေးအတွက် အမျိုးသားရေး ဝါဒစွဲ လွတ်လပ်သော ဂရိလူမျိုးများ ပါတီ ဥက္ကဋ္ဌ ပါနော့စ် ကမ်မီနော့စ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်နေသည်။ ဇန်နဝါရီ ရွေးကောက်ပွဲတွင် ဆီပရက်စ် အနိုင်ရစဉ်ကလည်း ကမ်မီနော့စ်၏ ပါတီနှင့် ပူးတွဲကာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့ဖူးသည်။
ရွေးကောက်ပွဲ အောင်မြင်မှုအရ ဆိုင်ရစ်ဇာ ပါတီသည် လွှတ်တော်၌ အမတ်နေရာ ၃၀၀ အနက် ၁၄၅ နေရာကို ရရှိမည် ဖြစ်ပြီး ကွန်ဆာဗေးတစ် ဒီမိုကရေစီ လမ်းစဉ်သစ် ပါတီက ၇၅ နေရာ ရရှိမည် ဖြစ်သည်။ အမျိုးသားရေး ဝါဒစွဲ လွတ်လပ်သော ဂရိလူမျိုးများ ပါတီ အနေဖြင့်မူ အမတ်နေရာ ၁၀ နေရာသာ ပိုင်ဆိုင်မည်ဟုလည်း သိရှိရသည်။
ဖိုးသူတော်(www.phothutaw.com)
Credit : 7day Daily

အကြမ်းဖက်သမားဟုယူဆရသူအချို့ကြောင့်အီဖယ်လ်မျှော်စင်ယာယီပိတ်ခဲ့ရ
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရှိ အီဖယ်လ်မျှော်စင်တွင် အကြမ်းဖက်သမားဟု ယုံကြည်ရသူ အချို့ကို တွေ့ရှိပြီးနောက် မျှော်စင်ပေါ်သို့ ဧည့်သည်များ တက်ရောက်ခွင့်ကို ယာယီ ပိတ်ပင်လိုက်ရကြောင်း သိရှိရသည်။
ပါရီမြို့တော် လုံခြုံရေး တာဝန်ရှိသူများက အိတ်ကြီးများ သယ်ယူလာသည့် အကြမ်းဖက်သမားဟု မသင်္ကာဖွယ် လူသုံးဦးကို မျှော်စင်ပေါ် တက်ရောက်ရန် ကြိုးစားနေကြောင်း သတင်းပေးပို့မှုများကြောင့် ကမ္ဘာလှည့် ခရီးသည် မြောက်မြားစွာကို ဆွဲဆောင်နိုင်သည့် ကမ္ဘာကျော် မျှော်စင်ကြီးကို ပိတ်လိုက်ခြင်း ဖြစ်သည်။
စက်တင်ဘာ ၂၀ ရက် အရုဏ်တက် အချိန်ခန့်တွင် မျှော်စင်ကို စတင်ပိတ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သလို အကြမ်းဖက်မှု နှိမ်နင်းရေး ရဲများကလည်း ရဟတ်ယာဉ် တစ်စီးကို အသုံးပြုကာ လုံခြုံရေးကို အားဖြည့်ပေးခဲ့ကြောင်း သိရှိရသည်။
“မနက် ၅း၃၀ နာရီလောက်မှာ လူသုံးယောက်က မျှော်စင်ပေါ် တက်သွားတယ်ဆိုတဲ့ သတင်းတွေ ကြားရတယ်။ မျှော်စင်ရဲ့ အပြင်ဘက်က တွယ်တက်ခဲ့တာပါ”ဟု ပါရီရဲတပ်ဖွဲ့မှာ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ သို့သော်လည်း ယခုအခါ မျှော်စင်ပေါ်တွင် မသင်္ကာဖွယ် လူတစ်ဦးမျှ မတွေ့ရတော့ဘဲ လေထီးဖြင့် ခုန်ချ ထွက်ပြေးသွားခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။
အခြားသီအိုရီ တစ်ခုမှာ မျှော်စင်ပေါ် တက်သွားသူများသည် အကြမ်းဖက်သမားများ မဟုတ်ဘဲ စတန့်သမား လူစွန့်စားများဖြစ်ပြီး ၎င်းတို့ သယ်ယူသွားသည်မှာ လေထီးအိတ်ကြီးများ ဖြစ်နိုင်သည် ဆိုခြင်းပင် ဖြစ်သည်။ လတ်တလောတွင်မူ ပါရီရဲတပ်ဖွဲ့ အနေဖြင့် ယင်းသတင်းအတွက် အလုပ်များသွားသလို မွန်းလွဲ ၂း၀၀ နာရီကျမှ မျှော်စင်ကို ပြန်ဖွင့်ပေးနိုင်ခဲ့သည်။
“အိတ်ကြီးတွေ သယ်သွားတယ်လို့ တွေ့တဲ့လူတွေကလည်း ပြောတယ်။ အခုကျတော့ လုံးဝဥဿုံ ပျောက်နေတယ်။ ဒါကြောင့် အဲဒါဟာ လေထီးအိတ်တွေ ဖြစ်မယ်လို့ ယူဆရပါတယ်”ဟု ရဲအရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့သည်။
အီဖယ်လ်မျှော်စင်သည် ပေပေါင်း ၁၀၅၀ အမြင့်ရှိပြီး ၁၈၈၉ ခုနှစ်၊ ကမ္ဘာ့ကုန်သွယ်ရေး ပွဲတော် အထိမ်းအမှတ်အတွက် တည်ဆောက်ခဲ့သည်။ ထို့နောက်တွင်မူ ခေတ်သစ် ပြင်သစ်နိုင်ငံ၏ အထင်ကရ အထိမ်းအမှတ် သင်္ကေတသဖွယ် ဖြစ်လာသည်။ အီဖယ်လ်မျှော်စင်သို့ နှစ်စဉ် လူပေါင်း ၇ သန်းကျော် တက်ရောက် လည်ပတ်လေ့ ရှိကြောင်းလည်း သိရသည်။
ပါရီမြို့တော်သည် ပြီးခဲ့သည့် လပိုင်းအတွင်း ဆိုးရွားသော အကြမ်းဖက် တိုက်ခိုက်မှု အချို့နှင့် ကြုံခဲ့ရသည့်နောက် လုံခြုံရေးကို နိုးနိုးကြားကြား မြှင့်တင် တပ်လှန့်ထားသည်။
_Ref: Nation

သင်္ဘောသားများပြန်ရောက်ကြောင်းonlineမှသတင်းပို့နိုင်တော့မည်
သင်္ဘောသားများ သ င်္ဘောတက်ပြီး ပြန်ရောက်လာပါ က ပြန်ရောက်ကြောင်း ဌာနသို့ သတင်းပို့ရသည့်စနစ်ကို လူကိုယ် တိုင်လာရောက်စရာမလိုတော့ဘဲ အွန်လိုင်းမှ သတင်းပို့သည့်စနစ်ဖြင့် ပြောင်းလဲရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
မြန်မာသင်္ဘောသားများ နိုင် ငံခြားသင်္ဘောများတွင် တာဝန် ထမ်းဆောင်ပြီး ပြန်ရောက်ချိန်၌ ရောက်ရှိကြောင်း သင်္ဘောသားကိုယ်တိုင် ဌာနမှတ်တမ်းတွင် သွားရောက်စာရင်းသွင်းခဲ့ရာမှ ယခုလမှစတင်၍ သင်္ဘောသားကိုယ်တိုင်လာရောက်စရာမလိုဘဲ စေလွှတ်သည့် ကုမ္ပဏီက အွန်လိုင်းမှ အကြောင်းကြားသည့်စနစ်သို့ ပြောင်းလဲမည်ဟု သင်္ဘောသားဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောသည်။
‘‘ပြန်ရောက်သတင်းပို့တာ ကို ဌာနကိုမလာရတော့ဘူး။ ထွက် တဲ့ ကုမ္ပဏီကတစ်ဆင့်ပဲ အွန်လိုင်းကနေ သတင်းပို့လို့ရအောင် စီစဉ်နေတယ်။ သင်္ဘောသားအနေနဲ့ ဌာနကိုလာပြီး သတင်းပို့စရာ မလိုတော့ဘူး။ သင်္ဘောသားပြန် ရောက်တာကိုတော့ ကုမ္ပဏီက သိဖို့လိုအပ်ပါတယ်’’ဟု ဦးတိုးမြင့်က ပြောသည်။သင်္ဘောသားများ သင်္ဘောတက်ရာတွင် ထွက်ခွာခွင့်ပုံစံကို ကုမ္ပဏီမှ သင်္ဘောသားဌာန၌ ထုတ်ယူရသည့်စနစ်မှ အွန်လိုင်း စနစ်ဖြင့် ယခုနှစ်ဇန်န၀ါရီလကတည်းက ပြောင်းလဲခဲ့ပြီး ယခုအခါတွင်ရုံးပိတ်ရက်များ၌ပါ ထုတ်ယူနိုင်ရန် အော်တိုစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ ထိုသို့ သင်္ဘောသားသတင်း ပို့ခြင်းစနစ်နှင့် ထွက်ခွာခွင့်ပုံစံကို အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲလုပ် ဆောင်ရန် ဌာနအတွင်း၌လည်း အချက်အလက်ပြည့်စုံစေရန် ပြု လုပ်ထားရှိပြီး သင်္ဘောသားကုမ္ပ ဏီများသို့လည်း အကြောင်းကြား ထားကြောင်း သိရသည်

Sunday, September 20, 2015
တောင်ကြီးမြို့တွင်နေထီးဆောင်းမှုတစ်နာရီခန့်ကြာဖြစ်ပေါ်
တောင်ကြီးမြို့တွင် စက်တင်ဘာ ၂၀ ရက်နံနက်က နေထီးဆောင်းမှုဖြစ်စဉ် တစ်နာရီ ခန့်ကြာဖြစ်ပေါ်ခဲ့ကြောင်း သ တင်းရရှိသည်။
စက်တင်ဘာ ၂၀ ရက်နံနက် ၁၁ နာရီခန့်မှစတင်ကာ ကောင်းကင်ယံတွင် နေထီးဆောင်းမှုဖြစ်ပွားခဲ့ပြီးအချိန် ၄၅ မိနစ်ကျော်ဖြစ်ပေါ်ခဲ့သည်ဟု တောင်ကြီးမြို့ဒေသခံအချို့ကပြောသည်။
အဆိုပါဖြစ်စဉ်ကို စတင် သတိထားမိသူများက စိတ်ဝင် တစားစောင့်ကြည့်ခဲ့ကြပြီး တောင်ကြီးမြို့တွင် နှစ်ပေါင်းသုံးဆယ်အတွင်း ဒုတိယအကြိမ်မြောက် နေထီးဆောင်းမှုဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ချယ်ရီချစ်သူများအဖွဲ့မှ ဒေါက်တာနှင်းရီအေးက ပြောသည်။
‘‘တောင်ကြီးမှာ နေထီး ဆောင်းတာ နှစ်ပေါင်းသုံးဆယ် လောက်က တစ်ခါတွေ့ခဲ့ဖူး တယ်။ ဒါက ဒုတိယအကြိမ်ပေါ့။ အခုခေတ်ကလေးတွေ ဒါကို မမြင်ဖူးကြသေးဘူး။ နေထီးဆောင်းတယ်လို့လည်းခေါ်ကြတယ်’’ဟု ဒေါက်တာနှင်းရီအေးက ပြောသည်။
နေထီးဆောင်းမှုဖြစ်စဉ် (Halo) မှာ နေရောင်ခြည် အလင်းတန်းများက လေထဲတွင်ရှိနေ သည့် အနားခြောက်ဖက်ပါရေခဲပုံ ဆောင်ခဲကို ဖြတ်သန်းသည့်အခါ အလင်းယိုင်ခြင်းကြောင့် ဖြစ်ပေါ် လာသည့် ဖြစ်စဉ်ဖြစ်ကြောင်း မိုး လေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က နေထီးဆောင်းမှုနှင့် ပတ်သက်၍ 7Day Daily တွင် ၂၀၁၄ မေလ၌ ဆောင်းပါးရေး သားခဲ့သည်။
နေရောင်ခြည်အလင်းတန်း များက ကမ္ဘာ့လေထုထဲရှိ ဖုန်အ မှုန်၊ ရေအမှုန်၊ ရေပေါက်လေးများနှင် ရေခဲအမှုန်များကို ဖြတ်သန်းသည့်အခါ အလင်းယိုင်ခြင်း၊ အ လင်းပြန်ခြင်းစသည်တို့ဖြစ်ပေါ် ပြီး သက်တံ၊ ကောင်းကင်ပြာ၊ ကောင်းကင်နီ၊ တိမ်ပြာ၊ တိမ်နီ၊ တိမ်ဝါ၊ နေထီးဆောင်း၊ လထီး ဆောင်း၊ တံလျှပ်၊ ကော်ရိုနာ၊ နေ ပုံပျက်ခြင်း၊ လပုံပျက်ခြင်း၊ နေ အစင်းများစွာနဲ့ လအစင်းများစွာ ထွက်ခြင်းစသည့်ဖြစ်စဉ်များ ဖြစ် ပေါ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်း ပြသည်။
အဆိုပါနေထီးဆောင်းသည့် အ၀န်းအ၀ိုင်းမှာ နေ၊ လတို့ကို ၀န်းရံရုံသာမက ၎င်းတို့နှင့် ဆန့်ကျင် ဘက်ကောင်းကင်နှင့် လူ၊ သစ်ပင်၊အဆောက်အအုံ၊ ဘုရားကျောင်း စသည်တို့ကို ဗဟိုပြုပြီး ၀န်းရံနေ သည့် စက်ဝိုင်းများအဖြစ်လည်း တွေ့ရတတ်ကြောင်း ၎င်းကပြောသည်။
အများအားဖြင့် နေထီး ဆောင်းခြင်းတွင် အဖြူရောင်အ ဆင်းရှိသည့် အ၀န်းအ၀ိုင်းကို တွေ့ရသော်လည်း တစ်ခါတစ်ရံ အခြေခံအရောင်ခုနစ်မျိုးအဖြစ် လည်း ခွဲခြားမြင်ရတတ်ကြောင်း၊ နေထီးဆောင်းမှုမှာ လေထုထဲ တွင် ရေခဲအမှုန်လေးများ ဖြစ် ပေါ်ခြင်းအပေါ်မူတည်၍ ဖြစ် ကြောင်း၊ မိုးလေ၀သပညာအရ နေထီးဆောင်းလျှင် မိုးရွာမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ရေး သားထားသည်။
ကောင်းကင်ယံတွင် မိုးတိမ် များရှိနေပြီး မိုးတိမ်များက တဖြည်းဖြည်းကြီးထွား၍ အရောင်များကျယ်ပြန့်လာကာ အလင်း ရောင်များလည်းစုပြီး နေကိုထီး ဆောင်းထားသကဲ့သို့ မြင်နေရ ကြောင်း ယင်းဖြစ်စဉ်ကို စိတ်ဝင် တစားစောင့်ကြည့်နေသူ ဒေသခံ အချို့ကပြောသည်။
အဆိုပါနေထီးဆောင်းမှု ဖြစ်စဉ်ကို တွေ့မြင်သူများက ဖုန်းဖြင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်း၊ နေထီးဆောင်းခြင်းကို လေ့လာကြည့်ရှုခြင်းနှင့် မှတ်ချက်မျိုးစုံပြောဆိုခြင်းများပြုလုပ်ခဲ့ကြ သည်

ပြည်ခိုင်ဖြိုးပါတီအလံထောင်ပါကကျပ်ငါးထောင်ပေးမည်ဟုအနှေးယဉ်လုပ်သားများအားစည်းရုံး
ပြည်ခိုင်ဖြိုးပါတီ အလံထောင်လျှင် ကျပ်ငါးထောင် ပေးမည်ဟု ဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သာကေတမြို့နယ်ရှိ အနှေးယာဉ် လုပ်သားများကို လိုက်လံစည်းရုံးမှုများ ရှိနေကြောင်း အနှေးယာဉ် လုပ်သားများထံမှ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးခွင့် ပေးခဲ့သည့် နောက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ ယခုကဲ့သို့ ပါတီအလံများကို ဆိုက်ကားများတွင် လွှင့်ထူရန် လိုက်လံစည်းရုံးနေခြင်း ဖြစ်သည်။
“အလံထောင်ဖို့ကို လာပြောတယ်။ သူတို့က ကျွန်တော်တို့ တစ်ဂိတ်လုံးကို လာမေးတာပါ။ အလံတစ်ခုထောင်ရင် ငါးထောင်ရမယ်လို့ လာပြောတယ်။ ထောင်တဲ့သူတွေ ရှိကြတယ်။ ကျွန်တော်ကတော့ မထောင်ဘူး။ မထောင်တဲ့သူက များပါတယ်” ဟု သာကေတမြို့နယ် အမှတ် (၁) ရပ်ကွက် ထူပါရုံလမ်းမှ အနှေးယာဉ် လုပ်သားတစ်ဦးက ပြောကြားသည်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၎င်းတို့ဂိတ်ကို လာရောက်ပြောကြားစဉ် အချိန်က ပါတီအလံအပြင် ဗီနိုင်းများပါ ကပ်ပေးရန် ပြောကြားကြောင်း သိရသည်။
“စပယ်ယာဘီးမှာ ဗီနိုင်းကပ်ရင် တစ်သောင်းခွဲလား နှစ်သောင်းလား ရမယ်ပြောတယ်။ အဲဒါကိုတော့ တစ်စီးမှ ကပ်တာမတွေ့ဘူး။ အဲဒီနေ့ တစ်နေ့တည်းပဲ ပြောသွားတာ။ စပယ်ယာဘီးမှာက ကပ်ရင် တစ်ဘီးလုံးပြည့်သွားမှာ အဲဒါကြောင့် ဘယ်သူမှ မကပ်ကြဘူး။ စက်တင်ဘာ ၁၀ ရက်/၁၁ ရက်လောက်က လာပြောသွားတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ ပါတီအလံများကို ဆိုက်ကားတွင် ထောင်မည်ဆိုလျှင် ပြည်ခိုင်ဖြိုးရုံးသို့ သွားရောက်ကာ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာနှင့် ဆိုက်ကားနံပါတ်တို့ကို သွားရောက်ပေးသွင်းပြီးမှ အလံနှင့် ပိုက်ဆံကို ထုတ်ယူရခြင်းဖြစ်ပြီး တစ်လလျှင် ငါးထောင်ကျပ် ရရှိကြောင်း ပါတီအလံ လွင့်ထူထားသည့် အမှတ် (၁) ရပ်ကွက်မှ အနှေးယာဉ်လုပ်သား ဦးမောင်မောင်အေးက ပြောကြားသည်။
ဒီငါးထောင်ပေးတာက ၉ လပိုင်း တစ်လစာအတွက်ပဲ။ အောက်တိုဘာ အတွက်ကတော့ နောက်မှလို့ ပြောတယ်။ ကျွန်တော့်ကို လာပြောတုန်းက ကြံ့ခိုင်ရေးအဖွဲ့က တာဝန်ရှိသူတွေပေါ့။ သာကေတ အဖွဲ့တွေ စက်မှုဇုန်ဘက်ကပဲ။ သူတို့က ကိုယ်စားလှယ်လောင်းလား ဘာလားတော့ မသိဘူး။ ကြံ့ခိုင်ရေး ပါတီထဲကပဲ။ သူက ၀င်ထားတာ။ သူ့ရာထူးတော့ မသိဘူး။ အဲဒီပါတီက လာတယ်။ ကျွန်တော့်ဆီကို လာတယ်။ ဒါလေး ထောင်ချင်တယ် ပြောပြီး လက်ဖက်ရည်ဖိုး ပေးတယ်။ ကျွန်တော့်ဆိုက်ကားမှာ အခု အဲဒီပါတီ အလံကို ထောင်ထားတယ်။ ကျွန်တော် စထောင်တာက စက်တင်ဘာ ၁၄ ရက်လောက်က စထောင်တာ” ဟု ဦးမောင်မောင်အေးက ဆိုသည်။
ထို့သို့ ပါတီအလံထောင်ရန် အနှေးယာဉ် လုပ်သားများကို လာရောက်ပြောကြားသော်လည်း မဲကိစ္စနှင့် ပတ်သက်၍ စည်းရုံးခြင်း မရှိကြောင်း အနှေးယာဉ် လုပ်သားများထံမှ သိရသည်။
eleven media group
တောင်ငူအမေ့အိမ်ဟိုတယ်မီးလောင်မှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ရန်ကုန်-မန္တလေး လမ်းမ ပေါ်ရှိ အမေ့အိမ်ဟိုတယ် တွင် စက်တင်ဘာ ၂၀ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကို နာရီ ၀က်ကြာ ငြှိမ်းသတ်ခဲ့ရသည်။
အမေ့အိမ်ဟိုတယ်အတွင်းရှိ တည်းခိုဆောင်တစ်ဆောင်တွင် စပိန်နိုင်ငံသား သုံးဦးတည်းခိုရန်ရောက်ရှိလာပြီး ၎င်းတို့တည်းခို မည့် အခန်းအမှတ် (၄၀၃) ၌ ခရီးဆောင်အိတ်များထားရှိကာ ၅ မိနစ်ခန့် အကြာတွင် ယင်းအခန်းမှဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ် သည်ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါမီးလောင်မှုကို နာရီဝက်ကြာ ငြှိမ်းသတ်ခဲ့ရပြီးတောင်ငူ မြို့ပေါ်ရှိ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များနှင့် လူမှုအသင်း အဖွဲ့ တို့မှ မီးသတ်ယာဉ် ခြောက်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်တို့က မီးငြှိမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သတင်းရရှိ သည်

အသစ်ဖွဲ့စည်းလိုက်သောအီဂျစ်အစိုးရအဖွဲ့နဲ့အတူသမ္မတစီစီကျမ်းကြိမ်
ဝန်ကြီးအသစ် ၁၆ ဦးဖြင့် ဖွဲ့စည်းထားသည့် အီဂျစ်အစိုးရ အဖွဲ့အသစ်တွင် အီဂျစ်သမ္မတ အဗ္ဗဒူဖာတာ အယ်စီစီသည် စက်တင်ဘာ ၁၉ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ခြစားမှု အရှုပ်တော်ပုံကြောင့် ယခင် အီဂျစ်အစိုးရအဖွဲ့ နုတ်ထွက်သွားခဲ့ပြီး သီတင်းတစ်ပတ် အကြာ၌ ယခုကဲ့သို့ အစိုးရအဖွဲ့သစ် ထပ်မံဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ယခင် ၀န်ကြီးအဖွဲ့တွင် ရေနံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ရှရစ်အစ္စမေးသည် ၀န်ကြီးအဖွဲ့သစ်၌ ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံပိုင် ရုပ်သံတွင် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ တရားရေးနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီးများသည်လည်း ယခု ၀န်ကြီးအဖွဲ့အသစ်တွင် သူတို့၏ ယခင် ရာထူးများမှာပင် ပြန်လည် တာဝန်ယူခဲ့ကြသည်။
စိုက်ပျိုးရေးဝန်ကြီး ဆာလာဟီလယ်ကို ခြစားမှု စုံစမ်းရေး တစ်ခုအတွင်း ဖမ်းဆီးပြီး ရက်အနည်းငယ်အကြာဖြစ်သည့် စက်တင်ဘာ ၁၂ ရက်တွင် ယခင်ဝန်ကြီးချုပ် အီဘရာဟင်မာလက်၏ အစိုးရအဖွဲ့သည် နုတ်ထွက်သွားခဲ့ကြသည်။ အီဂျစ်နိုင်ငံ၏ စီးပွားရေး စီမံကိန်းများ နှေးကွေးမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာစဉ်တွင် ၀န်ကြီးအဖွဲ့ နုတ်ထွက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ်က ရွေးကောက်ပွဲတွင် စီစီ အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းသည် သွေးဟောင်းများကို ဖောက်ထုတ်လိုက်ခြင်းဖြစ်သည်ဟု အကြီးတန်း အစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဝါရင့် နည်းပညာရှင် တစ်ဦးဖြစ်သည့် အစ္စမေးသည် ၂၀၁၃ ခုနှစ်က ၀န်ကြီးအဖွဲ့ထဲသို့ မရောက်လာခင် နိုင်ငံပိုင် ရေနံကုမ္ပဏီများတွင် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံရှိသူ ဖြစ်သည်။ ၀န်ကြီးချုပ် ဖြစ်ပြီးနောက် အစ္စမေး၏ ပထမဆုံး ပြောကြားချက်ထဲတွင် “၀န်ကြီးအဖွဲ့သစ်၌ ဆေးကြိမ်လုံး မရှိ။ ပြဿနာများကို ဖြေရှင်းရန် အချိန်လိုအပ်မည်” ဟု သတိပေးခဲ့သည်။ အီဂျစ် ၀န်ကြီးအဖွဲ့အသစ်သည် ၀န်ကြီး ၁၆ ဦးဖြင့် ဖွဲ့စည်းထားသဖြင့် ၀န်ကြီးဌာန လေးခုကို လျှော့ချလိုက်သည်ဟု ယူဆရသည်။
လစာတိုးမှုအပေါ် အခွန်တိုးမြှင့် ကောက်ခံခြင်းနှင့် ရာထူးတိုးမှုများကို ဗဟိုက ချုပ်ကိုင်ခြင်းတို့ ပါဝင်သည့် ဥပဒေသစ် ထွက်ပေါ်လာပြီးနောက် အစိုးရ၀န်ထမ်းများ၏ ကန့်ကွက်ဆန္ဒပြမှုများ ထွက်ပေါ်ပြီး ၀န်ကြီးချုပ်ဟောင်း မာလက်ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် အစိုးရ၏ ရက်ရောသော လောင်စာဆီ ထောက်ပံ့ရေး အစီအစဉ်တွင် လျှော့ချမှုများ လုပ်ဆောင်ခြင်းတို့ကြောင့် ပြည်သူများကြားတွင် မကျေနပ်မှုများလည်း မြင့်တက်နေသည်။
ကြားဖြတ်သမ္မတ အက်ဒလေ မန်ဆာကမာလပ်ကို ၀န်ကြီးချုပ်အဖြစ် ၂၀၁၄ ခုနှစ် မတ်လက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်သည် စီစီ ဦးဆောင်သော စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး တစ်နှစ်အကြာ ဖြစ်သည်။
အချိန်ကြာမြင့်စွာ နှောင့်နှေးနေခဲ့သည့် အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို အောက်တိုဘာ ၁၇ ရက်နှင့် ဒီဇင်ဘာ ၂ ရက် တို့တွင် နှစ်ပိုင်းခွဲ၍ ကျင်းပရန် စီစဉ်နေစဉ် အစိုးရအဖွဲ့ အပြောင်းအလဲ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်အသစ်သည် ယခုနှစ် နှောင်းပိုင်းတွင် စတင် အသက်ဝင်မည်ဟု ခန့်မှန်းရသည်။
Ref:AFP

ရွှေ့ပြောင်းသူများအရေးကန့်သတ်ရန်ဂျာမနီပြည်ထဲရေးဝန်ကြီးပြောကြား
ဥရောပသမဂ္ဂ(အီးယူ)အနေဖြင့် အနာဂတ်တွင် ရွှေ့ပြောင်းနေထိုင်သူများကို အရေအတွက်အကန့်အသတ်ဖြင့်သာ လက်ခံသင့်ပြီး ကျန်ရွှေ့ပြောင်းနေထိုင်သူများအားလုံးကို ၎င်းတို့ ၏ မိခင်ဒေသများရှိ ဘေးကင်းလုံ ခြုံရာ နိုင်ငံတစ်နိုင်ငံသို့ ပြန်ပို့သင့် သည်ဟု ဂျာမနီပြည်ထဲရေး ၀န်ကြီးက ပြောသည်။
ပဋိပက္ခဖြစ်နေသော ဒေသများမှ (သို့မဟုတ်) ဆင်းရဲမွဲတေမှုကြောင့် ထွက်ပြေးလာပြီး ဥရောပ (သို့မဟုတ်) ဂျာမနီနိုင်ငံသို့ လာရောက်လိုသူအားလုံးကို မိမိတို့ လက်မခံနိုင်ဟု ဂျာမနီပြည်ထဲရေး ၀န်ကြီးသောမက်စ်ဒီမိုင်ဇီယာရီ က ပြောသည်။
ဥရောပအနေဖြင့် ဒုက္ခသည်အများအပြားလက်ခံခြင်းမပြုဘဲ တာဝန်ယူနိုင်သည့် လူအရေအတွက်ကို ကန့်သတ်၍ လူဝင်မှုကြီးကြပ်ရေးဆောင်ရွက်သင့်ပြီး ကန့်သတ်ထားသော
အရေအတွက်အထိ လက်ခံပြီးပါက ကျန်ရွှေ့ပြောင်းနေထိုင်သူများကို ဖိနှိပ်မခံရဘဲ လုံခြုံစွာ နေထိုင်နိုင်မည့် မူလဒေသရှိ နေရာတစ်ခုသို့ ပြန်
လည်ပို့ဆောင်သင့်သည်ဟု ဒီမိုင်ဇီယာရီက ပြောသည်။
ယင်းရွှေ့ပြောင်းနေထိုင်သူများကို လက်သင့်ခံထားသော နိုင်ငံများအား မိမိတို့က ဘဏ္ဍာရေး အကူအညီပေးသင့်သည်ဟု ၎င်းက ထပ်လောင်းပြောကြား သည်။
ဒုက္ခသည်ပြဿနာသည် အီးယူအတွက် ဂရိ၏ ကြွေးမြီပြဿ နာထက် ပိုမိုကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်သည်ဟု ဂျာမနီအဓိပတိမာကယ်လ်က သတိပေးထားပြီး
အီးယူအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဖြေရှင်းကြရန် တိုက်တွန်းထားသည်။
ထို့အပြင် အီးယူအဖွဲ့ဝင် တစ်နိုင်ငံချင်းစီက ဒုက္ခသည်များကို အချိုးကျလက်ခံရန် မာကယ်လ်က အဆိုပြုထားသော်လည်း ဥရောပတိုက်တစ်ဝန်းလုံးက လက်ခံမည့် ဒုက္ခသည်အရေအတွက်ကိုမူ သတ်မှတ်ထားခြင်း မရှိသေးပေ။
အဖွဲ့ဝင်တစ်နိုင်ငံချင်းစီအတွက် လက်ခံရမည့် ဒုက္ခသည်အရေအတွက်သတ်မှတ်ရေး အီးယူ၏ အဆိုပြုချက်ကို ဗြိတိန်နှင့် ဥရောပအရှေ့ပိုင်းနိုင်ငံများက ပြင်းထန်စွာ
ဆန့်ကျင်ကန့်ကွက်နေကြသည်။
ခိုလှုံ့ခွင့်တောင်းခံသူများ ပထမဆုံးရောက်ရှိလာသော အီးယူအဖွဲ့ဝင်နိုင်ငံထံသို့ ၎င်းတို့ကို ပြန်ပို့ခြင်း၊ အကျိုးခံစားခွင့်များ လျှော့ချခြင်းဖြင့် ခိုလှုံ့ခွင့်ဥပဒေများကို တင်းကျပ်ရန် ဒီမိုင်ဇီယာရီက အဆိုပြုထားသည်။
ခိုလှုံခွင့်တောင်းခံသူများ ၀င်ရောက်လာသည့် ပထမဆုံးအီးယူနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံရန် လိုအပ်သော ဥပဒေတစ်ရပ်ကိုလည်း ဒီမိုင်ဇီယာရီက အကောင်အထည်ဖော်စေလိုသည်။
—Ref:AFP

ဒီချုပ်ရွေးကောက်ပွဲနိုင်လျှင်အဂတိလိုက်စားမှုကင်းစေရမည်ဟုဒေါ်အောင်ဆန်းစုကြည်ကတိပြု
အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အနိုင်ရကာ အစိုးရဖွဲ့နိုင်ပါက အ ဂတိလိုက်စားမှုကင်းစင်သော အစိုးရဖြစ်စေရမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရမည်း သင်းမြို့တွင်ပြုလုပ်သည့် မဲဆွယ် စည်းရုံးရေးဟောပြောပွဲ၌ကတိပြုပြောကြားခဲ့သည်။
‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူတွေကို ရဲရဲကြီး ကတိပြုနိုင်ပါတယ်။ ကျွန်မတို့အ ဖွဲ့ဟာ အစိုးရဖြစ်လို့ရှိရင်တော့ အဂတိလိုက်စားမှုကင်းစင်ရပါ မယ်လို့ ကျွန်မပြောနိုင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၉ရက်တွင်မန္တ လေးတိုင်းဒေသကြီး ရမည်းသင်း မြို့၌ ပြုလုပ်သည့် မဲဆွယ်စည်း ရုံးဟောပြောပွဲတွင် ရမည်းသင်း မြို့ ဒေသခံများအား အထက်ပါအ တိုင်း ကတိပြုပြောကြားခဲ့သည်။
အများပိုင်ပစ္စည်း၊ ဘဏ္ဍာ ငွေများကို အလွဲသုံးစားပြုလုပ် ခြင်းသည် ခွင့်လွှတ်၍မရနိုင်သည့် နိုင်ငံ၏ ပြစ်မှုဖြစ်ပြီး အများပိုင် ပစ္စည်း၊ ဘဏ္ဍာငွေများကို အလွဲ သုံးစားလုပ်ခြင်းကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း လည်းပြောကြားသည်။
‘‘ကျွန်မတို့ ကိုယ်စားလှယ် လောင်းတွေဟာ အဖွဲ့ချုပ်ကိုယ် စားလှယ်လောင်းတွေ လျှောက် လွှာတင်တဲ့အခါမှာ မိမိတို့ရဲ့ ပိုင် ဆိုင်မှုတွေကို ကျွန်မတို့အသိပေး ရတယ်။ လက်မှတ်ထိုးပြီးတော့ ဒီပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ သံသယရှိစရာဖြစ်လာလို့ရှိရင် မေးမြန်းတာ၊ စိစစ်တာကို ခံယူရ မယ်ဆိုပြီးတော့ ကျွန်မတို့ ၀န်ခံ ချက်ထိုးခိုင်းထားတယ်။ အဲဒါဟာ ကျွန်မတို့ ကိုယ်စားလှယ်လောင်း တွေဟာ မှန်မှန်ကန်ကန် ဖြောင့် ဖြောင့်မတ်မတ်နဲ့ လုပ်နိုင်ဖို့အ တွက်ပါ’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
ဒီချုပ်ပါတီက မည်သည့်ခုနှစ်အတွင်း တိုင်းပြည်ဝင်ငွေမည်မျှရရှိမည်ဟု ကတိမပေးနိုင်သော်လည်း ပါတီအနေဖြင့် ရည်ရွယ်ချက်၊ စီမံကိန်းများရှိထားပြီးဖြစ်ကာ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်သွားမည်ဟုလည်း ၎င်းကဆိုသည်။ ထို့အပြင် အစိုးရတစ်ရပ်ပြောင်းလဲနိုင်ရန်အတွက်ပြည်သူများ၏ မဲများကို စုစုစည်းစည်းဖြင့် ပြောင်းလဲပေးနိုင်သော ပါတီအား ထောက်ခံပေးဖို့လိုအပ်ကြောင်း ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးဟောပြောပွဲတွင် ရမည်းသင်းမြို့နယ် ဒေသခံ ငါး သောင်းကျော် တက်ရောက်ခဲ့ သည်။ တက်ရောက်လာသည့် ဒေသခံများအနက် 7 Day က လူ ဆယ်ဦးအား မေးမြန်းရာ NLD ကို ထောက်ခံအားပေးလို ခြင်းဖြစ်ကြောင်း ၁၀ ဦးစလုံးက ပြောကြားသည်။
‘‘ရမည်းသင်းမှာတော့ NLD ပဲနိုင်မှာပဲ။ အပြောင်းအလဲအသစ် ကိုတော့ လိုချင်တာပေါ့။ အ ပြောင်းအလဲကို လိုချင်လို့ ဒီပွဲကို ရောက်လာတာ’’ဟု ဦးကျော်စိန်က ပြောသည်။ ရမည်းသင်းခရိုင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ လက်ရှိအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အနိုင်ရရှိခဲ့ပြီးပါတီက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပုံမှန်လုပ်ကိုင်နေ၍ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံမှုများသောမဲဆန္ဒနယ်ဟု လေ့လာသူများကသုံးသပ်နေကြသော မဲဆန္ဒနယ်ဖြစ်သည်

တက္ကသိုလ်ကျောင်းသားတစ်ဦးနဝဒေးတံတားပေါ်မှပြုတ်ကျ
ပြည်တက္ကသိုလ် ရူပဗေဒအထူးပြု၊ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားတစ်ဦး ပြည်မြို့ န၀ဒေးတံတားကြီးပေါ်မှ ဧရာဝတီမြစ်အတွင်းသို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ ကြောင်း န၀ဒေးတံတားကြီး ရဲကင်းမှ သတင်းရရှိသည်။
တက္ကသိုလ် ကျောင်းသား သည် စက်တင်ဘာ ၁၈ ရက် ည နေ ၆ နာရီခွဲခန့်က တံတားပေါ်မှ ပြုတ်ကျခဲ့ရာ စက်တင်ဘာ ၁၉ ရက် နေ့လယ်အထိ ရှာဖွေမတွေ့ သေးကြောင်း ဆွေမျိုးမိဘများဧရာဝတီမြစ်အတွင်း လိုက်လံရှာဖွေ လျက်ရှိကြောင်း န၀ဒေးတံတား ကြီးရဲကင်းမှ သိရသည်။
‘‘ကျောင်းသားသုံးယောက် တံတားပေါ်လမ်းလျှောက်တယ်။ သုံးယောက်စလုံး အရက်သောက် ထားတယ်။ တံတားကို ကာထား တဲ့ လက်ရမ်းပေါ်တစ်ယောက်က တက်ထိုင်ရာက ပြုတ်ကျခဲ့တာ ဖြစ်တယ်’’ဟု န၀ဒေးရဲကင်းမှ တာဝန်ကျ ရဲအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြည်တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားများဖြစ်သည့် နေ မင်းကျော်သူ (၁၉)နှစ်၊ ကျော်မျိုး နိုင် (၂၀) နှစ်၊ သူရထွန်း (၁၉)နှစ် တို့သည် ၎င်းတို့စီးလာသည့် ဆိုင် ကယ်ကို န၀ဒေးတံတားကြီး အ နောက်ဘက်ထိပ်တွင် ရပ်ထား ကာ တံတားကြီးပေါ်တွင် လမ်း လျှောက်ခဲ့ကြသည်။
တံတားကြီး၏ ရေလယ်တိုင် အမှတ် (၈) အရောက်တွင် နေ မင်းကျော်သူသည် တံတားအား လက်ရန်းပေါ်သို့ တက်ထိုင်ခဲ့ရာမှ မြစ်အတွင်းသို့ ပြုတ်ကျခဲ့သည်။
ပြုတ်ကျသည်ကို တွေ့မြင်သည့် သူငယ်ချင်းတစ်ဦးက လှမ်းဆွဲသော်လည်း နေမင်းကျော်သူ၏ အပေါ်ဝတ် အင်္ကျီကိုသာရရှိခဲ့ပြီး ကျန်ရစ်သူ ကျောင်းသားနှစ်ဦးက န၀ဒေးရဲ ကင်းသို့ လာရောက်အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း န၀ဒေး တံတားကြီးရဲကင်းမှ သတင်း ရရှိသည်။

ပွင့်ဖြူရေဘေးသင့်ပြည်သူများရွေးကောက်ပွဲမဲပေးရန်စိတ်ဝင်စားမှုနည်းပါး
ပြီးခဲ့သည့် ဇူလိုင်လကုန် က ရေဘေးသင့်ခဲ့သော မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ဒေသခံများသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရသဖြင့် လာ မည့်ရွေးကောက်ပွဲကို စိတ်ဝင်စား မှုနည်းပါးနေကြောင်း သတင်းရရှိ သည်။
ဧရာဝတီ မြစ်ကမ်းနဘေးရှိ ကျေးရွာ ၂၀ ခန့်သည် ပြောင်းရွှေ့ နေထိုင်နေရခြင်း၊ ရေဘေးသင့်ခဲ့ ပြီး စားဝတ်နေရေးပြန်လည်ထူ ထောင်နေရခြင်းတို့ကြောင့် ၎င်း တို့ဒေသတွင်းရှိ တောင်သူတို့မှာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းပါးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
‘‘အခုမှ စိုက်ပျိုးရေးကို ပြန် လုပ်နေရတယ်။ ရေဘေးသင့် ထားတာ မကြာသေးတော့ ကျွန် တော်တို့ဒေသကလူတွေ ကိုယ့် စားဝတ်နေရေးကို မနည်းရုန်းကန်နေကြရတယ်။ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ဘူး။ မဲစာရင်း တောင်သွားကြည့်တဲ့သူ မရှိ သလောက်ပါပဲ။ အားလုံးနေသား တကျလေး အထိုက်အလျောက် ဖြစ်သွားရင်တော့ စိတ်ဝင်စားနိုင် ပါတယ်။ အခုဟာက တချို့ဆို ကိုယ့်ရွာမှာတောင် မနေနိုင်ကြ သေးဘူးလေ’’ဟု ကျောင်းတော် ရာကျေးရွာမှ ကိုထက်အောင် ကျော်က ပြောသည်။
ပွင့်ဖြူမြို့နယ် မဲဇလီကျေး ရွာနှင့် ဆည်တော်ကျေးရွာတို့ တွင် ရေကြီးခဲ့စဉ်က နေအိမ်များ မျောပါသွားခြင်း၊ စိုက်ပျိုးယာမြေ များ မျောပါသွားခြင်းတို့ကြောင့် လတ်တလော စားဝတ်နေရေး အခက်အခဲများကို နေ့စဉ်ကြုံ တွေ့ဖြေရှင်းနေရသကဲ့သို့ ကျေးရွာရှိ လူငယ်အများစုသည် အခြားမြို့ကြီးများနှင့် နိုင်ငံခြားအထိသွား ရောက်အလုပ်လုပ်ကိုင်ရန် ထွက်ခွာ နေကြခြင်းကြောင့် ရွေး ကောက်ပွဲအပေါ်တွင် အာရုံမစိုက် နိုင်ကြကြောင်း ဆည်တော်ကျေး ရွာမှ ဦးမင်းမင်းက ဆက်လက် ပြောသည်။
‘‘ဦးလေးဆို ဝတ်လွတ် တောင်ရှားတောရွာက ရွာထဲရေ ဝင်နေလို့ အခုကျောင်းတော်ရာ မှာ လာနေနေတာ။ မဲစာရင်းဆို တာ သွားကြည့်လို့မှမရတာ။ ဘယ်ပါတီတွေ ရှိမှန်းလည်း ကောင်းကောင်းမသိပါဘူး။ မဲပေး ဖို့ဆိုတာလည်း မစဉ်းစားနိုင်သေး တာအမှန်ပဲ’’ဟု ဦးဟန်မြင့်က ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းတွင် ရေဘေးသင့်ခဲ့စဉ်က အိမ်ခြေ ပေါင်း ၂၉,၀၀၀ ကျော်ရေနစ်မြုပ် ခဲ့ပြီး လယ်ယာမြေဧကပေါင်း ၄၈,၀၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်း အစိုးရရုံးမှ သိရှိရ သည်

အမေရိကန်နိုင်ငံတွင်ယာဉ်စည်းကမ်းချိုးဖောက်သောယဉ်မောင်းအားရဟတ်ယာဉ်ဖြင်ပစ်ခတ့်တား
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ ဖောက်ထွင်းမှုတစ်ခုကို ကျူးလွန်၍ ကားမောင်းထွက်ပြေးသည်ဟု ယူဆရသော ယာဉ်မောင်းတစ်ဦးကို ရဲရဟတ်ယာဉ်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ဟန့်တားခဲ့ကြောင်းနှင့် ယင်းယာဉ်မောင်းသေဆုံးခဲ့ကြောင်း ကန်အရာရှိများက စက်တင်ဘာ ၁၉ ရက်တွင် ပြောသည်။
ယာဉ်မောင်းကို ကားရပ်ရန် အမိန့်ပေးသော်လည်း ၎င်းသည် ကားရပ်ရန် ဆိုင်းဘုတ်များနှင့် မီးနီများကို ဖြတ်သန်းမောင်းနှင်ခဲ့သည်။
ယင်းကားသည် အမြန်လမ်းပေါ်တွင် လမ်းပြောင်းပြန်မောင်းချိန်တွင် ၎င်းကို ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်ဟန့်တားခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ယင်းဖြစ်ရပ်မှာ စက်တင်ဘာ ၁၈ ရက်တွင် လော့စ်အန်ဂျလိစ်မြို့ အရှေ့ဘက်ရှိ ဒီဗောအရပ်၌ စတင်ဖြစ်ပွားခြင်းဖြစ်သည်။
ဖောက်ထွင်းမှုတစ်ခုကို ကျူးလွန်၍ Cherolet Tahoe SUV ကားဖြင့် ထွက်ပြေးသည်ဟု ယူဆသော ယာဉ်မောင်းသည် လူနေရပ်ကွက်များအတွင်း၌ တစ်နာရီလျှင် မိုင် ၁၀၀ နှုန်းနှင့်
မောင်းပြေးခဲ့ကြောင်းနှင့် ယင်းကားသည် Interstate 215 အဝေးပြေးလမ်းမပေါ်သို့ လမ်းပြောင်းပြန်မောင်းသွားကြောင်း ဆန်ဘာနာဒီနိုစီ ရင်စုငြိမ်ဝပ်ပိပြားရေးရုံးက ပြောသည်။
အဆိုပါမော်တော်ကားလမ်းပြောင်းပြန်မောင်းချိန်တွင် ယင်းကားကို လိုက်လံဖမ်းဆီးသော ရဲရဟတ်ယာဉ်ပေါ်မှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်သည် ကားကို ဟန့်တားရန်အတွက် အကြိမ်အချို့ ပစ်ခတ်ခဲ့သည်။
ဒဏ်ရာရယာဉ်မောင်းသည် ကားပေါ်မှ ခုန်ချ၍ ကိုက်အနည်းငယ်ခန့် ပြေးပြီးနောက် လဲကျသေဆုံးသွားသည်ဟု ငြိမ်ဝပ်ဝိပြားရေးရုံးက ပြောသည်။
ယင်းအမျိုးသားမှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးသည် (သို့မဟုတ်) ကားပေါ်မှ ခုန်ချခြင်းကြောင့် သေဆုံးသည်လားဆိုသည်ကို သိရှိရန် အလောင်းခွဲ စိတ်စစ်ဆေးမှုရလဒ်များကို စောင့်
နေသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ယာဉ်မောင်းသည် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းမှုကို ခြိမ်းခြောက်နေ၍ အရာရှိများက ပစ်ခတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရသူက ပြောသည်။
ဆက်လက်၍ ရွေ့လျားနေသော မောင်းသူမဲ့ကားသည် မျက်နှာချင်းဆိုင်မှ ကားတစ်စီးကို ၀င်တိုက်ခဲ့ရာ ယင်းကားပေါ်ရှိ လူ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ က ပြောသည်။
ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ် ဟန့်တားမှုပြုလုပ်ခြင်းမှာ ရှားပါးသော ဖြစ်ရပ်ဖြစ်သော်လည်း တာဝန်ရှိသူများအား သေချာစွာ လေ့ကျင့်ထားပေးပြီးဖြစ်သည်ဟု ငြိမ်ဝပ်ပိပြားရေးရုံးတာဝန်ရှိသူက ပြောကြားသည်။
—Ref:BBC

Saturday, September 19, 2015
လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုဦးစားပေးလုပ်ဆောင်ရန်ဂျပန်ပညာရှင်တိုက်တွန်း
မြန်မာနိုင်ငံ၏ အနာဂတ် ငါးနှစ်စီမံကိန်းတွင် လယ်ယာနှင့် ထုတ်ကုန်ကဏ္ဍကို ဦးစားပေးထားပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးရန် အဓိကလုပ်ဆောင်ရမည်ဟု မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုမဟာဗျူဟာကို ပါဝင်ရေးဆွဲခဲ့သူ ပါမောက္ခ မစ္စတာ တိုရှီဟီရိုကူဒို (Toshihiro KUDO) က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် နိုင်ငံတော်သမ္မတဂျပန်နိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု မဟာဗျူဟာ ငါးနှစ်စီမံကိန်းရေးဆွဲရန် ဂျပန်နိုင်ငံဝန်ကြီးချုပ်ထံမှ အကူအညီတောင်းခံခဲ့၍ လက်ရှိတွင် ဂျပန်နိုင်ငံမှ ကျွမ်းကျင်သူများနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာတို့ ပူးပေါင်းရေးဆွဲနေကြောင်း မစ္စတာတိုရှီဟီရိုက ပြောသည်။
ယခုရေးဆွဲနေသော အနာ ဂတ် ငါးနှစ်စီမံကိန်းတွင် အစိုးရ အနေဖြင့် လယ်ယာ ကဏ္ဍနှင့် ထုတ်ကုန်ကဏ္ဍတို့ကို တိုင်းပြည် ၏ စီးပွားရေးတွင် အဓိကအခန်း ကဏ္ဍ၌ ပါဝင်နေသည်ဟု ဆို သည်။ ‘‘ဒီကဏ္ဍတွေကို ဖန်တီးနိုင် ရင် အလုပ်အကိုင်အခွင့်အလမ်း တွေအများကြီး ရလာမှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေရဖို့ အတွက်ကလည်း အခြေခံအ ဆောက်အအုံက အရေးကြီးတယ်’’ဟု မစ္စတာတိုရှီဟီရိုက ပြောသည်။လက်ရှိ လယ်ယာကဏ္ဍ ဖွံ့ ဖြိုးရေးတွင် အစိုးရ ဆောင်ရွက်မှုအနည်းငယ်သာ ရှိနေပြီး နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု အနည်းဆုံးကဏ္ဍ ဖြစ်နေသည်။ ယခင်ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ သို့ ၀င်ရောက်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ် လာ ၈ ဘီလီယံကျော်တွင် လယ် ယာကဏ္ဍသို့ ၀င်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုမှာ ၁ ရာခိုင်နှုန်း၏ ထက်ဝက်ကျော်သာ ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောထားသည်။
ထုတ်ကုန်ကဏ္ဍမှာ လက်ရှိ အစိုးရလက်ထက်၌ အားအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်သော်လည်း လုပ်သားအခြေပြု ထုတ် ကုန် လုပ်ငန်းများတွင်သာ ၀င် ရောက်မှုများနေပြီး နည်းပညာနှင့် စက်မှုထုတ်ကုန် ကဏ္ဍ၌ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ်သာရှိကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြောသည်။
မြန်မာနိုင်ငံတွင် လူသားအ ရင်းအမြစ်ဖွံ့ဖြိုးရေးမှာ လက်ရှိအချိန်ထိ စီးပွားရေးသမားများအတွက် အခက်အခဲတစ်ခုဖြစ်နေပြီး ပြည်တွင်း၌ ကဏ္ဍတိုင်းတွင် ကျွမ်းကျင်လုပ်သား ရှားပါးမှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုစီမံကိန်းအချို့၌ အောက်ခြေ လုပ်ငန်းများမှာပင် နိုင်ငံခြားသားများအား အသုံး ပြုနေရကြောင်း စီးပွားရေးလုပ် ငန်းရှင်များက ပြောသည်

ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန်မြန်မာအပါအဝင်အိမ်နီးချင်းနိုင်ငံများပူးပေါင်း
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဒေသအချင်းချင်း နိုင်ငံခြားခရီး သွားဧည့်သည်အဝင်များအောင် ဆွဲဆောင်နိုင်ရေးနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး ပူးပေါင်းဆောင် ရွက်ရေးအတွက် ဗီယက်နမ်နိုင်ငံ၌ စက်တင်ဘာ ၉ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်က (၁၁)ကြိမ်မြောက်အပြည် ပြည်ဆိုင်ရာ ခရီးသွားပြပွဲကျင်းပခဲ့ပြီး ယင်းပြပွဲသို့ ဒေသတွင်းနိုင်ငံ များလာရောက်စဉ် ဗီယက်နမ် နိုင်ငံက တစ်နိုင်ငံစီကို သီးခြားတွေ့ဆုံကာ လက်မှတ်ရေးထိုးခဲ့သည်။
ဒေသတွင်းနိုင်ငံအချင်းချင်း ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒ များ၊ လုပ်ငန်းများဖလှယ်ခြင်း၊ ခရီးသွား ကဏ္ဍတွင် လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်ကာ ငါးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။
‘‘ACMECS (ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ ငါးနိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း) အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်း ပိုမိုရင်းနှီးပြီး လိုအပ်ချက်တွေကိုလည်း သိနားလည်ကာ ဒေသတစ် ခုချင်းစီရဲ့ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုး တက်ဖို့အတွက် ကူညီဆောင်ရွက် နိုင်မှာဖြစ်ပါတယ်’’ဟု ဗီယက်နမ် နိုင်ငံယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားဝန်ကြီးဌာနဝန်ကြီး ဟွမ် တွမ်အန်းက ပြောသည်။
ပြီးခဲ့သည့်နှစ်က ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများသို့ နိုင်ငံခြားဧည့်သည် စုစုပေါင်း ၁၉ ဒသမ ၆ သန်း ဝင်ရောက်ခဲ့ကာ ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရသေးသည့် ထိုင်းနိုင်ငံသို့ နိုင်ငံခြားဧည့် သည် ၂၅ သန်း ဝင်ရောက်ခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအကြား ခရီးသွားများအား ဆွဲဆောင်နိုင်မည့် နေရာသစ်တစ်ခုအဖြစ် ရပ်တည် လျက်ရှိသည်။
—Ref: Saigon.gpdaily

မြန်မာ-ထိုင်းနယ်စပ်ဖြတ်ကျော်စက်ဘီးစီးပွဲတော်ကျင်းပ
မြန်မာနှင့်ထိုင်းနိုင်ငံခြား ခရီးသွားလုပ်ငန်းများ ပိုမို တိုးတက်လာစေရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီး၍ နယ်စပ်ဖြတ်ကျော် စက်ဘီးစီးပွဲတော် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စက်ဘီးစီးပွဲတော်ကို စက်တင်ဘာပထမပတ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး စက်ဘီးစီးနင်း သူ ၁,၈၀၀ ကျော်ပါဝင်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ သိရသည်။
ယင်းပွဲတော်၌ ပါဝင်စီးနင်းသူများသည် ထိုင်းနိုင်ငံရှိ ပရာကျွတ် ခီရီခန် မင်္ဂလာတံတားမှစတင်ထွက်ခဲ့ကာ မောတောင်စင်ခွန်းနယ်စပ်ဂိတ်မှတစ်ဆင့် ယင်းနှင့် ၁၃ ကီလိုမီတာခန့် အကွာအဝေးရှိသည့် မြန်မာနိုင်ငံ မြိတ်ခရိုင်အတွင်းရှိ ရန်ပြေမာန်ပြေမဟာ စေတီသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစက်ဘီးစီးပွဲတော်ကို မြိတ်ခရိုင်နှင့် ပရာကျွတ်ခီရီခန် မောင်နှမ မြို့တော်အကြား ခရီးသွားလုပ်ငန်းများနှင့် ရင်းနှီးမှုပိုမို လာစေရန်ရည်ရွယ်၍ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန် ခရိုင်ဝန်တို့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မိုးကာလ ဖြစ်သော်လည်း ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသွားများသည် မြန်မာနိုင်ငံသို့ ရှေးဟောင်းယဉ်ကျေးမှု အနုပညာ၊ ရိုးရာ ဓလေ့ထုံးစံများ၊ သဘာဝအလှအပ ရှုခင်းများနှင့် လက်မှုပညာရပ်များကို အဆက် မပြတ်ဝင်ရောက်လည်ပတ်လျက် ရှိသည်။
စက်တင်ဘာလဆန်း၌ သြစတြေးလျ နိုင်ငံသားများသည် ဆိုင်ကယ်ဖြင့် မြဝတီမြို့မှ ဝင်ရောက်လာပြီး ကျိုက်ထီးရိုး၊ ရန်ကုန်၊ နေပြည်တော်၊ အင်းလေး၊ ပင်းတယ၊ အင်းဝ၊ မင်းကွန်း၊ မန္တလေး၊ ပုပ္ပား၊ ပုဂံ၊ မုံရွာ၊ ကလေးမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကာ ယင်းမှတစ်ဆင့် တမူးမြို့မှ အိန္ဒိယနိုင်ငံသို့လည်းကောင်း မြန်မာနိုင်ငံရှိ နယ်စပ်ဝင်ပေါက် များမှတစ်ဆင့်လည်းကောင်း ဝင်ရောက်လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှသိရသည်

အိုဘားမား၏ဆိုးမွေဖြစ်လာမည့်ဆီးရီးယားပဋိပက္ခ
အမေရိကန်၏ ထင်ရှားသော သမ္မတ အချို့သည် ၎င်းတို့ ၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုများကြောင့် အမှတ်ရစရာဖြစ်ခဲ့သလို အမှားအယွင်း ကျရှုံးမှုများဖြင့်လည်း သမိုင်းတွင်ခဲ့သည့် သာဓကများ ရှိခဲ့ဖူးသည်။
လက်ရှိ သမ္မတ ဘားရက် အိုဘားမားအတွက်မူ ဆီးရီးယား အရေးနှင့် ပတ်သက်၍ ၎င်း၏ ကိုင်တွယ်ပုံနှင့် သဘောထားက သမိုင်းဝင် အမှားတစ်ခု ဖြစ်လာနိုင်မည့် လမ်းကြောင်းသို့ ဦးတည် လျက်ရှိသည်။
ဂျင်မီကာတာသည် အစ္စရေး နှင့် အီဂျစ်တို့ကြား ငြိမ်းချမ်းရေး ရရှိအောင် ရင်ကြားစေ့ပေးနိုင်ခဲ့ သည့် မဟာအောင်မြင်မှုမျိုး ရရှိ ခဲ့သော်လည်း အီရန်ဓားစာခံအကျပ်အတည်းကို မဖြေရှင်းနိုင်ခဲ့ ခြင်းက ၎င်း၏ သမ္မတ မှတ်တမ်း ကောင်းကို အမည်းစက် စွန်းထင်း စေခဲ့သည်။
ဘီလ်ကလင်တန်သည် ရဝမ် ဒါတွင် အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုများကို တားဆီးနိုင်ရန် ပျက် ကွက်ခဲ့ဖူးသည်။ ဂျော့ခ်ျဘုရှ်အ နေဖြင့်မူ အီရတ်ကို ကျူးကျော်စစ် ဆင်နွှဲပြီး နောက်ဆက်တွဲ ဇာတ် မနိုင်မှုများအတွက် ထာဝရအမှတ် ရခြင်း ခံနေရမည့်သူ ဖြစ်သည်။
အမေရိကန်၏ (၄၄) ဆက် မြောက်သမ္မတ ဖြစ်လာသူ အို ဘားမားသည် ၎င်း၏ ရာထူးသက် တမ်းအတွင်း သမိုင်းဝင် နိုင်ငံခြား ရေးရာမူဝါဒ အောင်မြင်မှုများစွာ ရရှိခဲ့သူ ဖြစ်သည်။ အီရန်၏ နျူ ကလီးယား အရေးကို သံတမန် နည်းလမ်းဖြင့် ဖြေရှင်းပြီး သဘော တူညီမှု ရရှိခဲ့သည်။ ကျူးဘား နှင့် သံတမန်ဆက်ဆံရေး တစ် ကျော့ပြန် ထူထောင်နိုင်ခဲ့သည်။ အကြမ်းဖ က် ခေါင်းဆောင်ကြီး အိုစမာဘင်လာဒင်ကို နှိမ်နင်း သုတ်သင်နိုင်ခဲ့သည်။ နိုင်ငံတကာ သံတမန်ရေးရာ လုပ်ငန်းစဉ်များ နှင့် လူသားအချင်းချင်း ပေါင်းကူး ဆက်နွှယ်မှုကို မြှင့်တင်ရန် အ စွမ်းကုန် ကြိုးစားအားထုတ်ခဲ့ခြင်း ကြောင့် ၂၀၀၉ ခုနှစ်၏ နိုဗယ် ငြိမ်းချမ်းရေးဆုကိုလည်း ရရှိခဲ့ သည်။ အဆိုပါ အချက်များသည် အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒ နှင့် ပတ်သက်၍ နှလုံးမွေ့စရာ အောင်မြင်မှုများ ဖြစ်ခဲ့သည်။
သို့သော် အမေရိကန်၏ အရည်အချင်း ပြည့်ဝသည့် ခေါင်း ဆောင် တစ်ဦးအနေဖြင့် ဆီးရီး ယား ပြည်သူများ၏ အကျပ်အ တည်းများကို မှန်ကန်သည့် နည်း လမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိခြင်းက ၎င်း၏ သမ္မတသက် တမ်းတွင် ကျဆုံးမှုတစ်ခုအဖြစ် ယူဆရဖွယ် ရှိနေသည်။
ဆီးရီးယား ပြည်တွင်းစစ် သည် လူ့သမိုင်းတွင် လူသားတို့ ဖန်တီးသည့် အဆိုးဆုံးအရှုပ်အထွေး တစ်ခုလည်းဖြစ်သည်။ ပြည်တွင်းစစ် သက်တမ်း လေးနှစ်မျှ အတွင်း လူပေါင်း ၂၄၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။
ပြည်တွင်းစစ်နှင့် ဆက်နွှယ် ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးကျယ်ဆုံး ရွှေ့ပြောင်းဒုက္ခ သည် ပြဿနာကြီး ပေါ်ပေါက် လာသည်။ ထို့အပြင် သမိုင်းတစ် လျှောက် လူမဆန်ဆုံး၊ အရက် စက်ဆုံး ဂျီဟတ်ဝါဒစွဲ အစွန်း ရောက် စစ်သွေးကြွအဖွဲ့ကြီးဖြစ် သည့် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)သည်လည်း ဆီးရီး ယား ပြည်တွင်းစစ်ကို အမှီပြုကာ ပေါက်ဖွား ရှင်သန်လာသည်။
အဆိုပါ ဖြစ်ရပ် အားလုံးကို ဆီးရီးယားစစ်ပွဲ အစောပိုင်းတွင် အိုဘားမား၏ ပြတ်သားသော မူဝါဒ တစ်ရပ်ဖြင့် ကြိုတင်တား ဆီးနိုင်ခဲ့လိမ့်မည်ဟု အမေရိကန် အရေး စောင့်ကြည့် လေ့လာသူ များက သုံးသပ်ထားကြသည်။
မည်သည့် ရှုထောင့်မှ ကြည့် သည်ဖြစ်စေ၊ ဆီးရီးယားပြဿနာသည် အိုဘားမား ဆုပ်ကိုင်ခဲ့သည့် နိုင်ငံခြားရေး မူဝါဒတွင် အမေရိ ကန်၏အားနည်းချက် ကြီးမားစွာ ရှိခဲ့သည် ဆိုသော ဟာကွက်ကြီး ကို ဖုံးဖိနိုင်မည် မဟုတ်ချေ။ အို ဘားမားသည် အမေရိကန် ပါဝင် ပတ်သက်ခဲ့သည့် အီရတ်နှင့် အာ ဖဂန်နစ္စတန် စစ်ပွဲများမှ ဆုံးရှုံးမှု များကို သင်ခန်းစာယူကာ နိုင်ငံ ခြား တိုင်းပြည်တစ်ခုတွင် အမေရိ ကန်၏ စစ်တပ်များ ခြေကုပ်ယူ စွက်ဖက်မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်က ဆီးရီးယားအရေးကို အမေရိကန် မှန်ကန်သော နည်းလမ်းဖြင့် ဝင် ရောက် ဖြေရှင်းရမည့် အခြေအ နေနှင့် ဝေးကွာသွားစေခဲ့သည်။
‘‘တကယ်တော့ ဒီအချက်ကို အစောကြီးကတည်းက ကျွန်တော်တို့အားလုံး မြင်ခဲ့ပြီးသားပါ’’ဟု ဥရောပ နိုင်ငံတစ်ခု၏ သံအရာရှိ တစ်ဦးက အမည်မဖော်ပြဘဲ မှတ် ချက်ပေးသည်။
‘‘အိမ်ဖြူတော်က ပြဿနာ တစ်ခုခုကို ရှုမြင်တဲ့အခါ ရှေ့က ဖြစ်ပျက်ခဲ့တာတွေကို ဥပမာယူလွန်းတယ်။ နိုင်ငံတကာ မူဝါဒနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စစ် အင်အားကို ထုတ်သုံးရင် ပို ကောင်းလာနိုင်ပါ့မလားဆိုတဲ့ သံ သယကို ဆုပ်ကိုင်ထားတယ်။ ပိုဆိုးသွားနိုင်တယ်ဆိုတဲ့ အဆိုး မြင် ရှုထောင့်ကို ပိုစိုးရိမ်ခဲ့ပုံပဲ’’ ဟုလည်း ၎င်းက ပြောကြားခဲ့ သည်။
ဆီးရီးယားအရေးတွင် အ မေရိကန်၏ လက်ရှောင်နေမှုကို အိမ်ဖြူတော် ပြောရေးဆိုခွင့်အရာရှိ ဂျော့ရှ်အားနက်စ်က ယခုကဲ့သို့ ကာကွယ်ပြောဆိုခဲ့သည်။
‘‘သမ္မတက အရှေ့အလယ် ပိုင်းမှာ အမေရိကန်က ထဲထဲဝင် ဝင် ဆင်နွှဲမယ့် နောက်ထပ်ပြည် တွင်းစစ်တစ်ခု အစပြုဖို့ဆိုတာ နိုင်ငံအတွက် မှန်ကန်တဲ့ခြေလှမ်း လို့ မယုံကြည်ဘူး။ ဒါဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအ တွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ဘူး။ နောက်ပြီး ဆီးရီးယား မှာ အမေရိကန် စစ်တိုက်ခဲ့မယ် ဆိုရင် လက်ရှိဥရောပမှာကြုံနေ တဲ့ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာမျိုး ပေါ်မလာနိုင်ဘူးဆိုတဲ့ ကောက် ချက်တွေကလည်း လက်တွေ့မ ကျပါဘူး’’ဟု အားနက်စ်က ဆို သည်။
လက်တွေ့ အချက်အလက် များအရမူ ဆီးရီးယားပြည်တွင်း စစ်သည် ပြဿနာအားလုံး၏ မြစ်ဖျားခံရာ ဖြစ်နေသည်ကို ငြင်းပယ် စရာ မရှိချေ။ ဆီးရီးယား သမ္မတ ဘာရှား အယ်လ်အာဆတ်ကို ဆန့်ကျင်သည့် သူပုန်အဖွဲ့များ အတွင်း၌ ဂျီဟတ်ဒ်ဝါဒီများ ပါဝင် ခဲ့သကဲ့သို့ အယ်လ်ကိုင်ဒါ အကြမ်း ဖက်အဖွဲ့က စိမ့်ဝင်ဝါဒဖြန့်လာ နိုင်ခဲ့သည်။ ထို့နောက်တွင်မူ အိုင် အက်စ်အဖွဲ့လည်း အင်အားကြီး ထွားလာသည်။ ဆီးရီးယားအစိုး ရကို တော်လှန်ရာမှ အစပြုခဲ့ သည့် အိုင်အက်စ်သည် ယခုအခါ ဆီးရီးယားသာမက အမေရိကန် ၏ စစ်မဟာမိတ် အီရတ်နိုင်ငံ မြောက်ပိုင်း ဒေသအများအပြား ကိုပါ သိမ်းပိုက်ထားလိုက်ပြီဖြစ် သည်။
အိုင်အက်စ်တို့ စတင် အင် အားကောင်းလာချိန်တွင် အမေရိ ကန်သည် အဆိုပါ စစ်သွေးကြွ များကို လေကြောင်းမှ အကန့် အသတ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုစဉ်က အိုဘား မားက ၎င်း၏ မဟာဗျူဟာကို ရှင်း လင်း ပြောကြားခဲ့သည်။
‘‘အမေရိကန်ရဲ့ မဟာဗျူဟာ က စစ်သွေးကြွတွေကို တဖြည်း ဖြည်း အင်အားဆုတ်ယုတ်သွား အောင် လုပ်ဆောင်ဖို့ပါ။ လေ ကြောင်း စစ်ဆင်ရေးတွေကို ရေ ရှည် ဆင်နွှဲသွားမှာဖြစ်ပြီး နောက် ဆုံးမှာတော့ အကြမ်းဖက်သမား တွေကို အမြစ်ဖြတ် ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်’’ ဟု အိုဘားမားက ဆိုသည်။
၎င်းက ဆီးရီးယားသို့ အမေ ရိကန်၏ ခြေလျင်တပ်များ စေ လွှတ်ရန် တောင်းဆိုမှုများကို ခေါင်းမာမာဖြင့် ငြင်းဆိုခဲ့သည်။
ယခုအခါ ဆီးရီးယား ပြည် တွင်းစစ် လေးနှစ်ထိ ကြာမြင့်လာ ပြီ ဖြစ်သလို အိုင်အက်စ်တို့သည် လည်း ယခင်ကထက်ပင် ပိုမိုအင် အားတောင့်တင်းစွာ ရပ်တည်နေ ပြီ ဖြစ်ရာ အိုဘားမား၏ မဟာ ဗျူဟာ အောင်မြင်ခဲ့ခြင်း ရှိ၊ မရှိ ထင်ရှား မြင်သာလာသည်။
အိုဘားမား လက်ထက်တွင် အိမ်ဖြူတော်၏ နိုင်ငံခြားရေးမူဝါဒ သည် ကမ္ဘာတစ်လွှားမှ အကျပ်အ တည်း အမျိုးမျိုးကို အမေရိကန် က ဦးဆောင်ဖြေရှင်းခြင်းကို ပိုမို လက်ရှောင်လာသည်။ ဒေသအ လိုက် ဖြစ်ပေါ်နေသည့် ပြဿနာ များကို ၎င်းတို့၏ မဟာမိတ်များက ဦးဆောင်ကိုင်တွယ် ဖြေရှင်းမှုမျိုး ကို အမေရိကန်က ပိုမိုလိုလား လာဟန်ရှိသည်။ ယီမင်တွင် ရှီး ဟိုက်မွတ်စလင်များ ထကြွပုန်ကန် မှုကို ဆော်ဒီအာရေးဗီးယားက ဦး ဆောင်တိုက်ခိုက်နေချိန်၊ ဂရိကြွေး မြီ ပြဿနာနှင့် ယူကရိန်း ပဋိ ပက္ခတို့ကို ဂျာမနီက ဦးဆောင်ပြီး ဖြေရှင်းနေချိန်တွင် အမေရိကန် က ဘေးထွက်ထိုင်သကဲ့သို့ ရှိနေ သည်။
အမေရိကန်က ကမ္ဘာ့အရေး များတွင် တက်ကြွလှုပ်ရှားမှု နည်း ပါးနေချိန်တွင် တစ်ချိန်က လူ့သ မိုင်း၌ အကြီးကျယ်ဆုံး အင်ပါယာ များအဖြစ် ရပ်တည်ခဲ့ဖူးသည့် တရုတ်၊ အီရန် (ပါရှား)၊ ရုရှားနှင့် တူရကီတို့က ၎င်းတို့၏ တစ်ချိန် က လွှမ်းမိုးကြီးစိုးနိုင်စွမ်းမျိုး တစ် ကျော့ပြန် ပိုင်ဆိုင်လာရန် အင် တိုက်အားတိုက် လှုပ်ရှားလာကြ သည်။
အမေရိကန်က ဆီးရီးယား အရေးတွင် တုဏှိဘောဖြစ်နေချိန်တွင် ရုရှားက သမ္မတအာဆတ် အစိုးရဘက်မှ ပေါ်ပေါ်ထင်ထင် ရပ်တည်လာသည်။ ဆီးရီးယားသို့ ရုရှားက စစ်လက်နက်များ တင်ပို့ ပြီး အရှေ့အလယ်ပိုင်းတွင် ၎င်း တို့၏ ဩဇာကို ဖြန့်ကြက်ရန် ခြေ လှမ်း ပြင်လာခဲ့သည်။ အီရန်က ဒေသတွင်းရှိ ရှီးဟိုက်မွတ်စလင် များကို ထောက်ပံ့ပြီး အမေရိကန် ၏ မဟာမိတ် ဆွန်နီမွတ်စလင် နိုင်ငံများ၏ တည်ငြိမ်မှုကို နှောင့် ယှက် ခြိမ်းခြောက်လာသလို ၎င်း တို့၏ ရပ်တည်မှု ပိုမိုကျယ်ပြန့် အောင် ကြိုးစားလာခဲ့သည်။
အမေရိကန်သည် ဆီးရီးယား အရေးတွင် အကန့်အသတ်၊ အ တိုင်းအတာတစ်ရပ်ဖြင့်သာ ကြား ဝင်ရန် ဆန္ဒရှိသော်လည်း အဆိုပါ လုပ်ဆောင်မှုများသည်ပင် အရှုံး နှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့ သည့် လပိုင်းက အိုင်အက်စ်တို့ ကို တိုက်ခိုက်ရန် အမေရိကန် က သင်တန်းပေး စေလွှတ်လိုက် သည့် ဒေသခံ ပြောက်ကျားများ သည် စစ်သွေးကြွများ၏ စီးနင်း တိုက်ခိုက်မှုကြောင့် အကြီးအ ကျယ်အထိနာပြီး အသေအ ပျောက်များစွာဖြင့် ဆုတ်ခွာခဲ့ရ သည်။
ထို့နောက်ပိုင်းတွင် ပထမအသုတ် စေလွှတ်လိုက်သည့် တိုက် ခိုက်ရေးသမားများသည် ကွင်း ဆင်းတိုက်ပွဲများအတွက် အတွေ့ အကြုံ နည်းလွန်းသေးကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာသည်။
ဆီးရီးယားတွင် အချိန်ကာလ ရှည်ကြာစွာ ဖြစ်ပေါ်နေသည့် စစ်မီး တောက်လောင်မှုကြောင့် နိုင်ငံသား အမြောက်အမြားသည် အန္တရာယ် ကြီးမားလှသည့် မြေထဲ ပင်လယ် ရေလမ်းခရီးကို စွန့်စား ကျော်ဖြတ်ကာ ဥရောပ ကမ်းခြေ သို့ သွေးရူးသွေးတန်း ခိုလှုံဝင် ရောက်ရန် ကြိုးစားနေသည်။
ယခုနှစ်တွင် စံချိန်တင် ဒုက္ခသည် အရေအတွက် ဝင်ရောက်လာမှုသည် ဥရောပတိုက်အတွက် ခေါင်းခြောက်စရာ အကောင်းဆုံး နိုင်ငံတကာ စိန်ခေါ်မှုတစ်ခု ဖြစ် လာခဲ့သည်။
‘‘အိုဘားမားရဲ့ အစိုးရဟာ ဆီးရီးယားပြဿနာမှာ နက်နက် ရှိုင်းရှိုင်း ပါဝင်ပတ်သက်ရမှာကို ဆက်ပြီး ရှောင်လွှဲနေဆဲ ဖြစ်ပါ တယ်။ လက်ရှိ အနေအထားမှာ တော့ ဆီးရီးယားအရေးနဲ့ ပတ် သက်ရင် အမေရိကန်ဆီက ပိုပြီး ပြင်းထန်ထိရောက်တဲ့မူဝါဒမျိုး လိုအပ်နေပါပြီ။ ဒါပေမဲ့ အမေရိ ကန်စစ်သည်တွေနဲ့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်စားချေ တိုက်ခိုက်မှုတွေ ကြုံတွေ့လာမှာ ကိုလည်း စိုးရိမ်နေပုံရပါတယ်’’ ဟု နိုင်ငံတကာ ပဋိပက္ခ စောင့် ကြည့်ရေးအဖွဲ့မှထုတ်ပြန်သည့် နောက်ဆုံး အစီရင်ခံစာ၌ ထည့် သွင်းဖော်ပြထားသည်။
အမေရိကန်၏ မူဝါဒ အ ပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ် မြောက်မလာသရွေ့ ဆီးရီးယား ပဋိပက္ခ ပြေလည်စရာအကြောင်း မရှိဟုလည်း အဆိုပါ အစီရင်ခံ စာတွင် ရေးသားထားသေးသည်။
အမေရိကန် အစိုးရ အဖွဲ့ အတွင်းတွင်ပင် ဆီးရီးယားအရေး နှင့် ပတ်သက်၍ အစိုးရက အင် အားသုံး ဖြေရှင်းမှုမျိုး ပြုလုပ်ရန် မဖြစ်မနေ လိုအပ်လာသည်ကို သတိပြုမိစေလိုကြောင်း ပုဂ္ဂိုလ် ရေး အမြင်ဖြင့် ထုတ်ဖော်ဝန်ခံ သူများ ရှိနေသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည် ငြိမ်ရေးကို ဘက်မျှအောင် ထိန်း သိမ်းရာတွင် ရံဖန်ရံခါ၌ အမေ ရိကန်၏ စစ်အင်အားကို ထုတ် သုံးခြင်းသည် မှန်ကန်သည့် အ ဖြေတစ်ခုဟု ထောက်ခံသူများစွာ ရှိနေသည်။
အိုဘားမား အနေဖြင့်မူ ရာ ထူးသက်တမ်း တစ်လျှောက်လုံး နိုင်ငံတကာ ပြဿနာများကို သံ တမန်ရေးရာဖြင့်သာ ထိန်းသိမ်း ဖြေရှင်းသော၊ အမေရိကန်စစ် သည်များကို အခြားနိုင်ငံများ၏ ပဋိပက္ခများအတွက် အဆုံးရှုံးမခံ သော သမ္မတအဖြစ် မှတ်တမ်းဝင် ရပ်တည်သွားရန် လိုလားနေဆဲ ဖြစ်ဟန်ရှိသည်။
၎င်း၏ သမ္မတသက်တမ်း ပြီး ဆုံးရန် တစ်စထက်တစ်စ နီးကပ် လာချိန်ထိ ဆီးရီးယား ပြဿနာ အပေါ် ပိုမိုလက်တွေ့ကျသည့် ကိုင်တွယ်မှုမျိုး ပြောင်းလဲကျင့် သုံးမည့် လက္ခဏမျိုး မတွေ့ရ ချေ။
‘‘အိုဘားမားကတော့ သမ္မ တ သက်တမ်းမှာ အောင်မြင်မှု တွေ အများကြီး ရခဲ့သူပါ။ ဒါပေမဲ့ ဆီးရီးယားကိစ္စကို ပြောဖြစ်တိုင်း သူ့ရဲ့ သမိုင်းကြောင်းမှာ အမည်း စက်တစ်ခုအဖြစ် အမှတ်ရနေကြ မယ် ဆိုတာကတော့ သေချာပါ တယ်’’ ဟု နိုင်ငံတကာ သံတမန် ရေးရာ အသိုက်အဝန်းမှ ပုဂ္ဂိုလ် တစ်ဦးက မှတ်ချက်ပြု ပြောကြား သွားသည်။
—Ref: AFP

Friday, September 18, 2015
ပရီးမီးယားလိဂ်ပွဲစဉ်၆
ချယ်လ်ဆီး - အာဆင်နယ်
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
အာဆင်နယ် ၁-၀ ချယ်လ်ဆီး
အာဆင်နယ် ၀-၀ ချယ်လ်ဆီး
ချယ်လ်ဆီး ၂-၀ အာဆင်နယ်
ချယ်လ်ဆီးတို့ အိမ်ကွင်းမှာ ခြေမှန်ပြန်ရပြီး အာဆင်နယ်ရုန်း ကန်ရဖို့ရှိပါတယ်။ ချယ်လ်ဆီး ချန်ပီယံလိဂ်ပွဲဦးထွက် မက်ကာဘီနဲ့ပွဲတွင် ဂိုးပြတ်နိုင်ထားပြီး ကော်စတာ ဂိုးပြန်သွင်းခဲ့တယ်။ အာဆင်နယ်ကအဝေးကွင်းမှာ ရှုံးခဲ့တယ်။ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေပွဲဆီဦးတည်နိုင်ပြီး ချယ်လ်ဆီးအနည်းငယ်သာပါတယ် ။
ဗီလာ - ဝက်စ်ဘရွန်း
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
ဗီလာ ၂-၀ ဝက်စ်ဘရွန်း
ဗီလာ ၂-၁ ဝက်စ်ဘရွန်း
ဝက်စ်ဘရွန်း ၁-၀ ဗီလာ
အိမ်ရှင်ဗီလာတို့ အကြိတ် အနယ်ကစားရနိုင်ပြီး ဝက်စ်ဘ ရွန်း ဂိုးပြန်သွင်းနိုင်တယ်။ ဗီလာ အနည်းငယ်သာနေပြီး ဝက်စ်ဘ ရွန်းတို့ သရေရနိုင်တယ် ။ အပြန် အလှန်သွင်းဂိုးတွေနဲ့ သရေဖြစ် နိုင်တဲ့ပွဲပါ ။
ဘုန်းမောက် - ဆန်းဒါးလန်း
နောက်ဆုံးတွေ့ ဆုံမှု- မရှိ
တန်းတက် ဘုန်းမောက်တို့ သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေ ပြီး ဆန်းဒါးလန်း အဝေးကွင်းနိုင်ပွဲရနိုင်တဲ့ပွဲဖြစ်ပါတယ် ။ ဆန်းဒါး လန်း နှစ်ဂိုးလောက်ရနိုင်ပါတယ်။
နယူးကာဆယ် - ဝက်ဖို့ဒ်
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
ဝက်ဖို့ ဒ် ၁-၂ နယူးကာဆယ်
နယူးကာဆယ် ၂-၀ ဝက်ဖို့ ဒ်
ဝက်ဖို့ ဒ် ၁-၁ နယူးကာဆယ်
နယူးကာဆယ် ခြေစွမ်းကျ နေပြီး ဝက်ဖို့ဒ်ခြေမှန်နေကာ အ ဝေးကွင်းမှာ အသာစီးရနိုင်တယ်။ နယူးကာဆယ် သရေရနိုင်ဖို့သာရှိ ပြီး ဝက်ဖို့ ဒ်က ကပ်နိုင်ခြေများနေ တယ် ။
စတုတ်စီးတီး - လက်စတာ
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
လက်စတာ ၀-၁ စတုတ်
စတုတ်စီးတီး ၀-၁ လက်စတာ
စတုတ်စီးတီး ၂-၁ လက်စတာ
စတုတ်တို့ ပရီးမီးယားလိဂ် နိုင်ပွဲပျောက်နေတာ လေးပွဲဆက် ရှိပြီဖြစ်ပါတယ်။ လက်စတာ ခြေ စွမ်းပြနေပြီး ဝက်စ်ဟမ်း၊ စပါး၊ဗီလာတို့နဲ့ကစားရာမှာ စပါးနဲ့သာ သရေကျပြီး ကျန်ပွဲတွေ နိုင်ခဲ့တယ် ။ လက်စတာနိုင်မယ့်ပွဲပါ။
ဆွမ်ဆီး - အဲဗာတန်
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
ဆွမ်ဆီး ၁-၁ အဲဗာတန်
အဲဗာတန် ၀-၀ ဆွမ်ဆီး
ဆွမ်ဆီး ၃-၀ အဲဗာတန်
ဆွမ်ဆီးတို့မန်ယူ ၊ နယူးကာ ဆယ်တို့ကို နိုင်ခဲ့ပြီး ဒီပွဲမှာလည်း အဲဗာတန်ကို ဒုက္ခပေးနိုင်တယ်။ ဧည့်သည်အဲဗာတန်တို့ သရေဖြစ် ဖို့ဦးတည်နိုင်ပြီး ဆွမ်ဆီး အပြန် အလှန်သွင်းဂိုးတွေနဲ့ နိုင်သွားနိုင် ပါတယ် ။
မန်စီးတီး - ဝက်စ်ဟမ်း
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
မန်စီးတီး ၂-၀ ဝက်စ်ဟမ်း
ဝက်စ်ဟမ်း ၂-၁ မန်စီးတီး
မန်စီးတီး ၂-၀ ဝက်စ်ဟမ်း
မန်စီးတီးနိုင်ဖို့များပြီး ချန်ပီ ယံလိဂ်မှာ ရလဒ်မကောင်းခဲ့ပေ မယ့် ဒီပွဲမှာ အိမ်ကွင်းခြေစွမ်းပြနိုင် ပြီး နှစ်ဂိုးလောက်ရသွားနိုင်ပါ တယ်။ မန်စီးတီးကျိန်းသေနိုင်ဖို့များပြီး ဝက်စ်ဟမ်း သရေရဖို့မရှိ ပါ ။
စပါး - ခရစ္စတယ်ပဲလေ့စ်
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
ပဲလေ့စ် ၂-၁ စပါး
စပါး ၀-၀ ပဲလေ့စ်
စပါး ၂-၀ ပဲလေ့စ်
စပါးအိမ်ကွင်းနိုင်ဖို့ ခက်တဲ့ ပွဲဖြစ်ပါတယ်။ လန်ဒန်အသင်းအ ချင်းချင်း ပဲလေ့စ်တို့ ဒုက္ခပေးနိုင် ပြီး ပဲလေ့စ်တစ်ဂိုးအသာလောက် နဲ့ကပ်နိုင်နိုင်ပါတယ် ။
လီဗာပူး - နောဝစ်ခ်ျ
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
နောဝစ်ခ်ျ ၂-၃ လီဗာပူး
လီဗာပူး ၅-၁ နောဝစ်ခ်ျ
လီဗာပူး ၅-၀ နောဝစ်ခ်ျ
လီဗာပူး ကံခေနေဆဲဖြစ်ပြီး အသင်းလိုက်ခြေစွမ်းပိုင်း တိုး တက်ဖို့လိုနေဆဲပါ ။ နောဝစ်ခ်ျတို့ နောက်ဆုံးငါးကြိမ်တွေ့ဆုံမှုမှာ လီဗာပူးကို မနိုင်ဖူးသေးပါ ။ လီဗာပူး အပြန်အလှန်သွင်းဂိုးတွေ နဲ့ ကပ်နိုင်သွားဖို့များတယ် ။
ဆောက်သမ်တန် - မန်ယူ
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
မန်ယူ ၀-၁ ဆောက်သမ်တန်
ဆောက်သမ်တန် ၁-၂ မန်ယူ
ဆောက်သမ်တန် ၁-၁ မန်ယူ
ဆောက်သမ်တန် ခံစစ်ပိုင်း အားကောင်းပြီး မန်ယူတို့ဖိကစား နိုင်ရင်တောင် အခန့်မသင့်ရင် သရေဖြစ်သွားနိုင်တယ်။ မန်ယူ ကပ်နိုင်ဖို့ပဲ အများဆုံးဖြစ်နိုင်ပြီး ဂိုးနည်းမယ့်ပွဲဖြစ်ပါတယ်

ပဲခူးတိုင်းထေသကြီးတွင်ကရင်တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးရွေးချယ်ခွင့်ရမည်
အထွေထွေရွေးကောက်ပွဲ တွင် ပဲခူးတိုင်းဒေသကြီးရှိ ကရင် တိုင်းရင်းသားများအနေဖြင့် တိုင်း ရင်းသား ကိုယ်စားလှယ်တစ်ဦး ရွေးချယ်မဲပေးခွင့်ရှိမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသား လူဦးရေ သည် မဲပေးနိုင်သော လူဦးရေ၏ ၁ ရာခိုင်နှုန်းရှိသောကြောင့် ယခုကဲ့သို့ ကရင်တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်မဲပေးခွင့်ရရှိခြင်းဖြစ်ကြောင်း ပြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောသည်။
‘‘ဒီဒေသမှာရှိတဲ့ ကရင်လူ မျိုးတွေအတွက် ကရင်တိုင်းရင်း သားကိုယ်စားလှယ်တစ်ဦး ရွေး ချယ်ပေးခွင့်ရှိတယ်။ ကရင်တိုင်း ရင်းသားများသာ မဲပေးရမှာဖြစ် ပြီး ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး မှာ တစ်ဦးရွေးချယ်ခွင့်ရမယ်’’ဟု ပြည်မြို့နယ် ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌဦးအောင်မြင့်က ပြော သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကရင်တိုင်းရင်းသား ကိုယ်စား လှယ်အဖြစ် ၀င်ရောက်ရွေးချယ် ခံမည့်သူ ခုနစ်ဦးရှိပြီး ကရင်အ မျိုးသားပါတီမှ ဦးစောကပေါ်မူး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီမှ ဦးစောငြိမ်းအောင်၊ ဖားစည်အမှတ်တံဆိပ်ဖြင့် ဦးစော ဂျူဘလီစံလှ၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ဒေါ်နော်ပွယ် ဆေး၊ တောင်သူလယ်သမား ဖွံ့ ဖြိုးတိုးတက်ရေးပါတီမှ ဒေါ်နော် အေးစံပယ်၊ NDF ပါတီမှ ဒေါ်နော်အဲအယ်ဖိုးနှင့် ပြည်ခိုင်ဖြိုးပါတီမှ ဦးစောအောင်ဇေယျတို့ ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကရင်တိုင်းရင်းသားများရှိရာ ဒေသများရှိ မဲရုံများတွင် ကရင် တိုင်းရင်းသားကိုယ်စားလှယ် လောင်း ခုနစ်ဦးပါဝင်သော မဲ လက်မှတ်များ၊ မဲပုံးများထားရှိ ပေးထားမည်ဖြစ်ပြီး ကရင်တိုင်း ရင်းသားများအနေဖြင့် တိုင်းရင်း
သားကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်မဲပေးနိုင်မည်ဖြစ်ကြောင်း ပြည်မြို့နယ်ရွေးကောက် ပွဲကော်မရှင်ရုံးမှ သိရသည်

သပိတ်မှောက်ကားများ၏တောင်းဆိုမှုလိုက်လျောမည်မဟုတ်
ဒဏ်ကြေးများတိုးမြှင့် လိုက်ခြင်းကြောင့် ခရီးသည်တင် ယာဉ်များ မပြေးဆွဲဘဲ ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များ သပိတ်မှောက်ကာ တောင်းဆိုနေ မှုကို လိုက်လျောပေးမည်မဟုတ် ကြောင်း၊ ထုတ်ပြန်ထားသည့် ဥပဒေဖြင့်သာ ပြေးဆွဲရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် မထသ တာ ဝန်ရှိသူများက သတိပေးပြော ကြားသည်။
‘‘ဥပဒေက ထွက်လာပြီ။ သူ တို့မှာ လမ်းပေါ်တက်မောင်းဖို့ တောင် လိုင်စင်မရှိလို့ တချို့ကား တွေ မထွက်ရဲကြတာ။ လမ်းပေါ် ထွက်လိုက်တာနဲ့ သူတို့ဖမ်းခံရ တော့မှာ။ ဒါကြောင့် သူတို့မ မောင်းရဲတာ။ ဒါကို ဆန္ဒပြတယ် ဆိုပြီး လျှောက်ပြောတာ’’ဟု ရန် ကုန်တိုင်းဒေသကြီးအစိုးရ လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က 7Day Daily အား ပြောသည်။ ခရီးသည်တင်ယာဉ်အချို့ဂိတ်မှမထွက်ဘဲ သပိတ်မှောက်သည့်လေးရက်မြောက်နေ့တွင် ယ ခင်နေ့ကထက် လျော့နည်းသွားပြီး စက်တင်ဘာ ၁၈ ရက်တွင် အစီးရေ ၅၀၀ ကျော်က ယာဉ်လိုင်းမထွက်ဘဲ သပိတ်မှောက်ကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၈ ရက်က ပြ ဋ္ဌာန်းလိုက်သည့် မော်တော်ယာဉ် ဥပဒေသည် နည်းဥပဒေမထွက်ရှိ သေးမီ ရန်ကုန်မြို့၌ စတင် အသက်ဝင်အရေးယူဖမ်းဆီးမှုပြု လုပ်ရခြင်းမှာ စည်းကမ်းပိုင်း ဖောက်ဖျက်မှုများပြားနေသည့် ဘတ်စ်ကားများကို အရေးယူလို ခြင်းကြောင့်သာဖြစ်ပြီး မည်သည့် ရည်ရွယ်ချက်မှ မရှိကြောင်း ဦး အောင်ခင်က ဆိုသည်။
ဥပဒေအများစုမှာ ပြဋ္ဌာန်းပြီးပါက ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေထွက်ရှိမှ အသက်ဝင် သော်လည်း နိုင်ငံအတွက် အ ရေးပေါ်လိုအပ်သည့်ဖြစ်စဉ်များ တွင် တရားဥပဒေစိုးမိုးရေးအ တွက် လိုအပ်ပါက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ကျင့်သုံးခွင့်ရှိကြောင်း တရားလွှတ် တော်ရှေ့နေ ဦးအောင်မြင့်က ရှင်းပြသည်။
‘‘ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းမှာကျတော့ ဖမ်းတာ ဆီးတာကို အမိန့်တစ်ခုအနေနဲ့ ထုတ်ပြန်လို့ရတယ်။ ဒါပေမဲ့ အဲဒီဥပဒေအသစ်နဲ့ ဖမ်းလိုက်တာတွေကို တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဆိုင်တယ်။ ဘယ်ဥပဒေမဆို နည်းဥပဒေမထွက်မချင်း တရားခံက ရှေ့နေကနေတစ်ဆင့် လျှောက်လဲချက်ပေးလို့ရတယ်’’ဟု ၎င်းက ရှင်းပြသည်။
ယခုရက်ပိုင်းအတွင်း ခရီး သည်တင်ယာဉ်များက ယာဉ်လိုင်းမထွက်ဘဲ သပိတ်မှောက်နေခြင်းဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မထသတို့ ပူးပေါင်းပြီး ညှိနှိုင်းဖြေရှင်းမှုအချို့ပြုလုပ်နေကာ လတ်တလော အဆင်ပြေစေရန် မထသ လက်အောက်တွင်ရှိသော ကားအချို့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အချို့က ကူညီရန် ကမ်းလှမ်းထားသည့် ကားများဖြင့် အစားထိုး ပြေးဆွဲရန် စီစဉ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော် မတီဥက္ကဋ္ဌ ဦးလှအောင်က ပြော သည်။
‘‘(ဃ)လိုင်စင် ကားတွေ လည်းရှိတယ်။ အရန်စုဖွဲ့မှုအနေ နဲ့ ကားတွေတချို့ရှိတယ်။ ဒါတွေကို မထသက စီစဉ်နေတယ်။ ခရီးသွား ပြည်သူတွေ အဆင်ပြေ အောင်လို့’’ ဟု ဦးလှအောင်က ဆိုသည်။
ထို့ပြင် ယာဉ်လိုင်းမထွက်ရန် လိုက်လံတားမြစ် လှုံ့ဆော်နေသူ များအား ရဲတပ်ဖွဲ့၊ မထသ၊ ပြည် သူများစုဖွဲ့ပြီး ခရိုင်တစ်ခုလျှင် ၁၅ ဦးစီဖြင့် အနီးကပ်စောင့်ကြပ်စစ်ဆေးရေးကိစ္စနှင့် ယာဉ်လမ်း ကြောင်းများ ချောမွေ့စေရန် ယာဉ်ထိန်းတပ်ဖွဲ့ကပါ ကူညီဆောင် ရွက်ပေးနေကြောင်း ဦးလှအောင် က ဆိုသည်။
ပြင်ပတွင် ပြောဆိုနေသည့် အတိုင်း ယခင်ဥပဒေဖြင့် အရေး ယူသွားမည်ဆိုခြင်းမှာ မဟုတ်မှန် ဘဲ စက်တင်ဘာ ၈ ရက်တွင် စတင်ပြဋ္ဌာန်းလိုက်သော မော်တော် ယာဉ်ဥပဒေအသစ် အတိုင်းသာ စတင်ဖမ်းဆီး အရေးယူမှုများပြု လုပ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အမှတ်(၂)ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး အောင်ကိုဦးက ပြောသည်။
‘‘ဒဏ်ငွေချမှတ်တဲ့အပိုင်းက တော့ တရားသူကြီးဆုံးဖြတ်မှာပါ။ ကျွန်တော်တို့ကတော့ သတ်မှတ် စည်းကမ်းနဲ့ မညီညွတ်တဲ့ ကား တွေကိုပဲ ဖမ်းမှာပါ’’ဟု ၎င်းက ဆို သည်။ လတ်တလောတွင် ဥပဒေ အသစ်ဖြင့် စည်းကမ်းမဲ့မောင်းနှင် နေသည့်ယာဉ်များကို စတင်ဖမ်း ဆီးနေပြီဖြစ်သော်လည်း သေး ငယ်သည့်အမှု အနည်းငယ်သာ ရှိသေးပြီး အရေးယူထားသည့်အ ရေအတွက်ကို ရန်ကုန်တိုင်းဒေ သကြီးယာဉ်ထိန်းတပ်ဖွဲ့က ထုတ် ပြန်ပြောကြားသွားခြင်းမရှိပေ။
ရန်ကုန်မြို့တွင် ဘတ်စ်ကား လိုင်းပေါင်း ၃၀၀ ကျော်ရှိပြီး ဘတ်စ်ကားအစီးရေ ၆,၀၀၀ ကျော်ရှိကြောင်း မထသစာရင်း များတွင် ဖော်ပြထားသည်။ ပုံမှန် ရက်များတွင် အဆိုပါအစီးရေ ၆,၀၀၀ ကျော်မှ ၃,၅၀၀ ကျော်သာ ပြေးဆွဲလေ့ရှိသည်။
ခရီးသည်တင် ဘတ်စ်ကား လိုင်းပိုင်ရှင်အများစုက ကားအ ချို့ ပြန်လည်မောင်းနှင်နေပြီဖြစ် ပြီး မီနီဘတ်စ်ယာဉ်လိုင်းအချို့မှ ကားအနည်းငယ်သာ လိုင်းမထွက် ဘဲ သပိတ်မှောက်နေခြင်း ကျန် ရှိတော့ကြောင်း (၁၅၇)ယာဉ် လိုင်းမှ ယာဉ်မောင်း ကိုကတုံး လေးက ပြောသည်။
‘‘ကားကြီးတွေ ဒီနေ့ တော် တော်ပြန်ထွက်တယ်။ မီနီဘတ်စ် တွေထဲကတော့ တော်တော်ကျန် သေးတယ်’’ဟု ၎င်းက ဆိုသည်။
ပြင်ပတွင် ယာဉ်လိုင်းမထွက်သည့်ကားများကို ရာသက်ပန်ပြေး ဆွဲခွင့်ပိတ်ခြင်း၊ အခြားအရေးယူ မှုများပြုလုပ်ခြင်းများဆောင်ရွက် မည်ဟု သတင်းများ ထွက်ပေါ်နေ ခြင်းကြောင့် ယာဉ်လိုင်းအချို့က လေးရက်မြောက်နေ့တွင် ပြန် လည်ပြေးဆွဲကြခြင်းဖြစ်သည်ဟု (၂၂၆)ယာဉ်လိုင်းမှ ကားပိုင်ရှင် ဦးမြတ်လေးက ဆိုသည်။
ထို့ကြောင့် ရပ်နားလိုက် သည့်ယာဉ်လိုင်းများကို အမှန် တကယ်အရေးယူရန် အစီအစဉ် ရှိ၊ မရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မထသအား မေး မြန်းရာတွင် တိကျစွာ ဖြေကြား ပေးခြင်းမရှိပေ။
‘‘လူတစ်စုက လိုက်ဖွနေလို့ ဒီပြဿနာဖြစ်နေတာ။ ဒီနေ့ ကျွန်တော်တို့ လိုင်းထဲက ကားတွေ တော်တော်များများ ပြန်ဆွဲပါပြီ’’ ဟု (၂၂၆)ယာဉ်လိုင်းမှ ကားပိုင်ရှင်ကပင် ဆိုသည်။
စက်တင်ဘာ ၁၈ ရက်တွင် ယာဉ်အများစုပြန်လည်ထွက်ခွာ မောင်းနှင်နေပြီဖြစ်သော်လည်း ယခင်ကကဲ့သို့ မှတ်တိုင်ကျော်ရပ် ခြင်း၊ စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ ခရီးသည်များအပေါ် မချေမငံ ဆက်ဆံခြင်းများက ယခင်ကအ တိုင်းသာရှိနေဆဲဖြစ်ကြောင်း GeoLive အနုပညာကျောင်းမှ ဝန်ထမ်းမလှမြတ်မိုးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖြစ် ပွားလာသည့်ဖြစ်စဉ်မှာရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်တွင် ကားများမှာ တစ်ဦးချင်းစီအလိုက် ယာဉ်ပိုင်ရှင်များလက်ထဲတွင် ရှိနေခြင်းကြောင့်ဖြစ်ပြီးရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်များပြေးဆွဲခွင့်ကို အများပြည်သူလက်ထဲသို့ ပြောင်းလဲပေးရန် လိုအပ်နေသည်မှာ သက်သေပြလိုက်ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်
7Daydaily
ကေအိုင်အေနှင့်လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှမဲစရင်းကပ်ခြင်းတာမြစ်သဖြင့်ဖြုတ်သိမ်းခဲ့ရကြောင်းပြန်ကြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်
ရှမ်းပြည်နယ်ကွတ်ခိုင် မြို့နယ်ရှိ ကျေးရွာအုပ်စု နှစ်စုတွင်ကေအိုင်အေအပါအ၀င် လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့က မဲစာရင်းများ ကပ်ထားခြင်းမပြုလုပ်ရန် တားမြစ်ခဲ့သဖြင့် မဲစာရင်းများ ဖြုတ်သိမ်းခဲ့ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်၌ သတင်းထုတ်ပြန်သည်။
မူဆယ်ခရိုင်အတွင်းရှိ ကွတ်ခိုင်မြို့နယ် ဟိုအက်ကျေးရွာ အုပ်စုနှင့် မုန်းပေါကျေးရွာအုပ်စု တို့တွင် စက်တင်ဘာ ၁၄ ရက်က မဲစာရင်းများ ကပ်ထားကြေညာခဲ့ ရာ စက်တင်ဘာ ၁၆ ရက် ညနေ ၆ နာရီက ဟိုအက်ကျေးရွာအုပ်စု သို့ သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ (စိစစ်ဆဲ)နှင့် စက်တင်ဘာ ၁၆ ရက် ည ၁၀ နာရီက မုန်းပေါကျေး ရွာအုပ်စုသို့ ကေအိုင်အေလက် နက်ကိုင်အဖွဲ့တစ်ဖွဲ့ရောက်ရှိ လာပြီး မဲစာရင်းများ ကပ်ထား ကြေညာခြင်းမပြုလုပ်ရန် တား မြစ်ခဲ့၍ ကျေးရွာအုပ်ချုပ်ရေးမှူး များက မဲစာရင်းများကို ဖြုတ်သိမ်း ခဲ့ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေအလုပ်အဖွဲ့(TAT) သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရွေး ကောက်ပွဲကို အနှောင့်အယှက် ပေးမည်မဟုတ်ကြောင်း ၎င်းတို့ ခေါင်းဆောင်များက အကြိမ်ကြိမ် ပြောကြားထားပြီး အဆိုပါကိစ္စကို မူ မသိရှိသေးဘဲ ပြန်စိစစ်ရမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။
‘‘ရွေးကောက်ပွဲနဲ့ ပတ်သက် လို့ နှောင့်ယှက်မှာ မဟုတ်တဲ့ အပြင် ပါတီအဖွဲ့အစည်းတွေကို တောင်(တိုက်တွန်းအားပေး)Encourage လုပ်မှာပါ။ ဒီမိုကရေ စီနဲ့ ရွေးကောက်ပွဲဆိုတာ ကျွန်တော်တို့ရန်သူမှမဟုတ်တာလေ။ ဘာ မှလည်း အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး’’ဟု ဦးဒေါင်ခါးကဆိုသည်။
ထို့အပြင်ယင်းကိစ္စနှင့် ပတ် သက်၍ ဗဟိုညွှန်ကြားချက်အရ လုပ်ဆောင်ခြင်း လုံးဝမဖြစ်နိုင် သော်လည်း ၎င်းတို့ ပြည်သူ့စစ် အဖွဲ့များကိုမူ ပြန်စိစစ်ရမည်ဖြစ် ကြောင်း TAT ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောသည်

တောင်ကြီးမြို့တွင်ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီစတင်မဲဆွယ်
တောင်ကြီးမြို့ပေါ် တွင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက စက်တင်ဘာ ၁၈ ရက်တွင် မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
တောင်ကြီးမြို့ပေါ်ရှိ ရပ် ကွက်သုံးခုအတွင်း၌ ၎င်းတို့ပါတီ က ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ကိုယ်ရေးအချက် များပါ လက်ကမ်းစာစောင်များ ဝေငှ၍ မဲဆွယ်စည်းရုံးမှုပြုလုပ်ခဲ့ သည်ဟု တောင်ကြီးမြို့နယ် ဓနု တိုင်းရင်းသားလူမျိုးများဒီမိုကရေ စီပါတီ မြို့နယ်ဥက္ကဋ္ဌ ဒေါက်တာကျော်လွင်ထူးက ပြောသည်။
မဲအနိုင်ရရှိပြီး ရွေးကောက် ခံရပါက ပြည်သူလူထု၏အသံကို နားထောင်ကာ ကိုယ်စွမ်းရှိသရွေ့ လုပ်ဆောင်ပေးမည်ဖြစ်ပြီး မိမိ တို့ဓနုတိုင်းရင်းသားဒေသဖွံ့ဖြိုး ရေးကိုလည်း လုပ်ဆောင်ပေးမည် ဟု ဒေါက်တာကျော်လွင်ထူးက ပြောသည်။
တောင်ကြီးမြို့ပေါ်ရပ်ကွက် များဖြစ်သည့် ကန်ရှေ့၊ ဘုရားဖြူ နှင့် ပြည်တော်သာရပ်ကွက်များ အတွင်း ဓနုတိုင်းရင်းသားလူမျိုး များဒီမိုကရေစီပါတီက မဲဆွယ် စည်းရုံးမှုများ စတင် လုပ်ဆောင် ထားပြီး ကျန်ရပ်ကွက်များအတွင်း ၌လည်း ဆက်လက် လုပ်ဆောင် မည်ဟုဆိုသည်။
လာမည့်ရွေးကောက်ပွဲတွင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမို ကရေစီပါတီမှ ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ ကလော၊ ရွာငံ၊ ပင်းတယ၊ ရပ်စောက်၊ နောင်ချို အစရှိသည့် ခြောက်မြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နှင့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၁၉ ဦးဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ပေါ်တွင် စက် တင်ဘာ ၁၈ ရက်အထိ ပြည်ခိုင် ဖြိုးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ပါတီတို့က မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်ထောင်ခြင်းများပြုလုပ် ထားပြီး တစ်အိမ်တက်တစ်အိမ် ဆင်း မဲဆွယ်စည်းရုံးရေးလှုပ်ရှား မှုကို ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက စတင်လုပ် ဆောင်ခြင်းဖြစ်သည်။ ပါတီများ မဲဆွယ်စည်းရုံးခွင့်ကို စက်တင် ဘာ ၈ ရက်မှစတင်၍ ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်မတိုင်မီအထိ မဲဆွယ်စည်းရုံးခွင့် ကာလအဖြစ် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ရက် ပေါင်း ၆၀ သတ်မှတ်ပေးထား ခြင်းဖြစ်သည်

အာဏာသိမ်းမှုများအပြီးဘာကီနာဖာဆို တွင်အဓိကရုဏ်းများဆက်တိုက်ဖြစ်ပေါ်
ဘာကီနာဖာဆိုတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် သွေးထွက်သံယို အဓိကရုဏ်း ဆန္ဒပြပွဲများ ဆက်တိုက် ပေါ်ပေါက်လာကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၇ ရက်တွင် သမ္မတ၏ လုံခြုံရေးတပ်ဖွဲ့က ၎င်းတို့သည် သမ္မတထံမှ အာဏာကို သိမ်းယူလိုက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက်တွင် မြို့တော် အူဂါဒိုဂူ၌ ဆန္ဒပြမှုများ၊ အဓိကရုဏ်းများ ဖြစ်ပေါ်ကာ အနည်းဆုံး လူ ၁၀ ဦးမျှ သေဆုံးခဲ့ကြောင်း သိရသည်။
စစ်တပ်မှ ဗိုလ်ချုပ်ကြီး ဂီလ်ဘတ် ဂျီယန်ဒရီက ယခုအာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး စက်တင်ဘာ ၁၆ ရက်က အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်နေစဉ် သမ္မတ မိုက်ကယ်ကိုဖန်ဒိုနှင့် ဝန်ကြီးချုပ် အိုင်ဆက်ဇီဒါတို့ကို ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဂျီယန်ဒရီ၏ လက်ထောက်တစ်ဦးက ဗိုလ်ချုပ်ကြီးသည် လွတ်လပ်သော ရွေးကောက်ပွဲများ ပြန်လည် ကျင်းပပေးသွားရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း လတ်တလောတွင် အူဂါဒိုဂူ၌ ကျီးလန့်စာစား အခြေအနေများ ဖြစ်ပေါ်နေပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးကာ ၆၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ သေဆုံးသူများသည် လုံခြုံရေး အစောင့်တပ်၏ ပစ်သတ်ခြင်းကို ခံရခြင်း ဖြစ်သည်။
ယခင်ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးသည့် အနောက်အာဖရိက နိုင်ငံတွင် အာဏာသိမ်းမှု ပေါ်ပေါက်ခြင်းကို အမေရိကန်၊ ပြင်သစ်နှင့် အာဖရိက သမဂ္ဂတို့က ရှုတ်ချ ကန့်ကွက်ထားသည်။ ယခုအခါ ဂျီယန်ဒရီက အာဏာသိမ်း ကြားဖြတ် အစိုးရကို ဦးဆောင်နေပြီး ထိန်းသိမ်းထားသည့် သမ္မတရော၊ ဝန်ကြီးချုပ်ပါ ဘေးကင်းကြောင်း ကြေညာထားသည်။
ဂျီယန်ဒရီသည် ဘာကီနာဖာဆို စစ်တပ်၏ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သမ္မတဟောင်း ဘလာစီ ကွမ်ပိုရီ၏ အဓိက မဟာမိတ် တစ်ဦးအဖြစ်လည်း လူသိများသည်။ ဘာကီနာဖာဆိုတွင် အာဏာသိမ်းမှု ပြီးကတည်းက ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားကြောင်းလည်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။
သမ္မတဟောင်း ကွမ်ပိုရီသည် ဘာကီနာဖာဆိုကို ၂၇ နှစ်ကြာ အုပ်စိုးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပုန်ကန်မှုများကြောင့် ဖြုတ်ချခံခဲ့ရသည်။ ၎င်းသည် ယခုအခါ နိုင်ငံပြင်ပသို့ တိမ်းရှောင်နေရသည်။ ကွမ်ပိုရီ လက်ထက်တွင် အစိုးရသည် အကျင့်ပျက် ခြစားမှုများ ရှိခဲ့သလို ၎င်း၏ အာဏာသက် ရှည်ကြာစေရေးအတွက် အခြေခံ ဥပဒေများကို ပြောင်းလဲ ပစ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။
ကွမ်ပိုရီ ရာထူးမှ ဖယ်ရှားခံရချိန်တွင် ဗိုလ်ချုပ်ကြီး ဂျီယန်ဒရီသည် လူမြင်ကွင်း နောက်ကွယ်၌ ကာလအတန်ကြာ တိမ်းရှောင်နေခဲ့ပြီးမှ ယခုကဲ့သို့ အာဏာသိမ်းရန် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ ယခုအာဏာသိမ်းမှုတွင် ကွမ်ပိုရီနှင့် မည်သည့် အတိုင်းအတာထိ ဆက်စပ်မှု ရှိသည်ကို မသိရသေးဘဲ လက်ရှိ ကြားဖြတ်အစိုးရကို ဂျီယန်ဒရီကသာ ဦးဆောင်လျက်ရှိသည်။
_Ref:UPI

ရွှေ့ပြောင်းဒုက္ခသည်များအရေးကြောင့်ဆားဘီးယားနယ်စပ်ကိုခရိုအေးရှားပိတ်ထားရ
ခရိုအေးရှားသည် ရွှေ့ပြောင်းဒုက္ခသည် အရေးနှင့် ပတ်သက်၍ ပြဿနာ ကြီးကြီးမားမား ကြုံရသည့် နောက်ဆုံး ဥရောပနိုင်ငံအဖြစ် စာရင်းဝင်လာကြောင်း သတင်းရရှိသည်။
ဆာဘီးယားကို ဖြတ်ကျော်ကာ ဂျာမနီသို့ သွားရောက်ရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်း ဒုက္ခသည်များသည် ဟန်ဂေရီ အစိုးရ၏ ပိတ်ဆို့မှုကြောင့် လမ်းကြောင်းပြောင်းကာ ခရိုအေးရှားသို့ ဝင်ရောက်ရန် ပြင်ဆင်လာခဲ့သည်။ ဇာဂရက်ဘ်မှ အာဏာပိုင်များက တစ်ရက်အတွင်း ရွှေ့ပြောင်းဒုက္ခသည် တစ်သောင်းကျော် ဆိုက်ရောက်လာသည့်နောက် နယ်စပ်များကို ပိတ်ပစ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ဟု ဖွင့်ဟခဲ့သည်။
ယခုအခါ ခရိုအေးရှားသည် ဆာဘီးယားနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ် ၈ ခုအနက် ၇ ခုကို ပိတ်ထားလိုက်ပြီ ဖြစ်သည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသတို့ကို စွန့်ခွာလာသည့် ဒုက္ခသည်များ ဖြတ်သန်းမှုကို ဆာဘီးယား အစိုးရက ကြည်ကြည်သာသာ ခွင့်ပြုခဲ့သော်လည်း ဟန်ဂေရီနှင့် နယ်စပ်တွင် ပိတ်ဆို့ခံရသည့်အတွက် ဒုက္ခသည်များက လမ်းကြောင်းသစ်များကို ရွေးချယ်လာခြင်း ဖြစ်သည်။
ခရိုအေးရှားသည် ဇာဂရက်ဘ်မှ ဘဲလ်ဂရိတ်သို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ပင်မလမ်းကြောင်းမှလွဲ၍ ကျန်နယ်ခြားဂိတ် အားလုံးကို ပိတ်ထားလိုက်ကြောင်း သိရသည်။ ခရိုအေးရှား အာဏာပိုင်များက ဒုက္ခသည်များကို ခိုလှုံရေး စခန်းများသို့ ပို့ဆောင်ပေးရန် အားထုတ်ခဲ့သော်လည်း အရေအတွက် မတန်တဆ များပြားလာသည့်အတွက် အခြေအနေကို ကိုင်တွယ်ထိန်းချုပ်ရန် ခက်ခဲသွားကြောင်း ပြောကြားခဲ့သည်။
ခရိုအေးရှား ပြည်ထဲရေး ဝန်ကြီး ရန်ကို အော့စ်တိုဂျစ်က ရွှေ့ပြောင်း ဒုက္ခသည်များကို ရည်ရွယ်ပြီး “ဒီကို ထပ်မလာပါနဲ့တော့။ လူပြည့်နေပါပြီ။ ဆာဘီးယား၊ မက်စီဒိုးနီးယားနဲ့ ဂရိက ဒုက္ခသည် စခန်းတွေမှာပဲ နေကြပါ။ ခရိုအေးရှားဟာ ဥရောပကို ဝင်ရောက်မယ့် လမ်းကြောင်း မဟုတ်ပါဘူး။ ခင်ဗျားတို့ကို ဘတ်စ်ကားတွေက အဲဒီထိ သယ်သွားပေးမှာလည်း မဟုတ်ဘူး။ ထွက်ပေါ်နေတဲ့ သတင်းတွေက အလိမ်အညာတွေပါ”ဟု ကြေညာခဲ့သည်။
ခရိုအေးရှား ဝန်ကြီးချုပ် ဇိုရန် မီလာနိုဗစ်ကလည်း ဒုက္ခသည် အရေးကို ကိုင်တွယ်ရန် မိမိနိုင်ငံ၏ လုပ်ဆောင်နိုင်စွမ်းသည် အကန့်အသတ် ကြီးမားစွာ ရှိနေကြောင်း သတိပေးခဲ့သည်။ ဒုက္ခသည်များကို ဥရောပ သမဂ္ဂ နိုင်ငံများ မျှဝေလက်ခံပေးရန် အဆိုကို ဂျာမနီနှင့် ပြင်သစ်ကဲ့သို့ နိုင်ငံကြီးများက ထောက်ခံအားပေးသော်လည်း ဟန်ဂေရီ၊ ပိုလန်၊ ချက်၊ ဆလိုဗက်ကီယားတို့ကဲ့သို့ နိုင်ငံများက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေဆဲ ဖြစ်သည်။
_Ref: CNA

ကျောက်စိမ်း၊ကျောက်မျက်ရတနာလုပ်ငန်းရှင်များရုံးမုံရွာတွင်ဖွင့်လှစ်မည်
မုံရွာမြို့နယ် ကျောက်စိမ်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းရုံးခန်းကို မုံရွာမြို့ ဆူး လေကုန်းရပ်ကွက် ဈေးလမ်းနှင့် နယားပျံလမ်းထောင့်၌ စက်တင်ဘာ ၁၉ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘မုံရွာမြို့နယ် ကျောက်စိမ်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း တရားဝင်ဖွဲ့စည်းခဲ့တယ်။အခု အသင်းရုံးခန်း ဖွင့်ပြီးရင် ကျောက်မျက်ဈေး ဖွင့်လှစ်နိုင် အောင် သက်ဆိုင်ရာကို တင်ပြ သွားမယ်’’ဟု မုံရွာမြို့နယ် ကျောက်စိမ်းကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ရင်က ပြောသည်။
မုံရွာမြို့နယ် ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းတွင် အသင်းဝင် ၁၃၀ ကျော်ရှိပြီး ယခင်က နေအိမ်များ၊ လက်ဖက်ရည်ဆိုင်များ၌ ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာများ အရောင်းအ၀ယ်ပြု လုပ်ခဲ့ကြသည်။ ယခုအခါ မုံရွာမြို့နယ်အတွင်း ကျောက်စိမ်းနှင့် ကျောက်မျက် ပစ္စည်းများ ဈေး ကွက်ပီပြင်လာစေရန်နှင့် ကျောက်မျက်ရတနာဈေးအဖြစ် ဖွင့်လှစ် ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်သည်။
‘‘အဓိကက ကျောက်စိမ်း၊ မိုး ကုတ်ကျောက်မျက်ဖြစ်တဲ့ ပတ္တ မြား၊ နီလာကို အကြမ်းထည်ကနေအချောထည် လက်ဝတ်ရတနာ လုပ်တဲ့သူတွေပါမယ်။ ကျောက် အကြမ်းထည်ကနေ ဈေးကွက်ဝင် အချောထည်ထုတ်ပြီးရင်တော့ မုံရွာမှာ ကျောက်မျက်ဈေးတစ်ခု တော့ လိုအပ်နေပြီ’’ဟု မုံရွာဒေသ ခံ ကျောက်မျက်ရတနာလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
ကျောက်စိမ်းနှင့် ကျောက် မျက်ရတနာစိတ်ပါဝင်စားသူများ သည် မုံရွာမြို့နယ် ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာလုပ်ငန်း ရှင်များ အသင်းဝင်အဖြစ် မှတ်ပုံ တင် မိတ္တူတစ်စောင်၊ ပတ်စ်ပို့ ဓာတ်ပုံနှစ်ပုံ၊ အသင်းဝင်ကြေး ကျပ်တစ်သောင်း၊ နှစ်စဉ်ကြေး ကျပ် ငါးထောင်ဖြင့် မုံရွာမြို့ ဆူးလေကုန်းရပ်ကွက်ရှိ မုံရွာမြို့နယ် ကျောက်စိမ်းကျောက်မျက်ရတ နာလုပ်ငန်းရှင်များအသင်းရုံးတွင် လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်

Thursday, September 17, 2015
ဘတ်စ်ကားများမထွက်၍စာမေးပွဲခန်းနောက်ကျသောကျောင်းသာများအားဖြေဆိုခွင့်ပြုမည်
ဘတ်စ်ကားလိုင်းများ မပြေးဆွဲသောကြောင့် စာမေးပွဲ ခန်းသို့ အချိန်မီမရောက်ရှိသော တက္ကသိုလ်ကျောင်းသားများအားစာမေးပွဲဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ကြို/ပို့ယာဉ်များပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ သတင်းရ ရှိသည်။
တက္ကသိုလ်များသို့ မော် တော်ယာဉ်လိုင်းများဝင်ရောက် ပြေးဆွဲခြင်းမရှိသောကြောင့် အ တန်းတင်စာမေးပွဲဖြေဆိုရန် လာ ရောက်ကြသည့် တက္ကသိုလ် ကျောင်းသားများစာမေးပွဲခန်းသို့ အချိန်မီမရောက်ရှိခဲ့ကြကြောင်း တက္ကသိုလ်ကျောင်းသားများက ဆိုသည်။
‘‘ကားက တော်တော်ရှား သွားတော့ စာမေးပွဲဖြေမယ့် ကျောင်းသားတွေအတွက် တော် တော်အခက်အခဲဖြစ်ကြတယ်။ ကျောင်းကို လာတဲ့သူရော၊ ပြန် တဲ့သူရော လိုင်းကားတွေမရှိလို့ ဒုက္ခရောက်ကြတယ်’’ဟု ဒဂုံတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသား တစ်ဦးက ပြောသည်။
မော်တော်ယာဉ်လိုင်းများ မပြေးဆွဲခြင်းကြောင့် နည်းပညာ တက္ကသိုလ် (သန်လျင်) စာမေးပွဲခန်းသို့ အချိန်မီမရောက်ရှိဘဲ နောက်ကျမှ ရောက်ရှိလာသည့် ကျောင်းသားများအား ဖြေဆိုခွင့်ပြုခြင်းနှင့် ကြို/ပို့ယာဉ်များစီစဉ်ပေးခြင်းတို့ ပြုလုပ်ပေးလျက်ရှိသည်။
‘‘ကျောင်းကနေ ကြို/ပို့ကား တွေ စီစဉ်ပေးတဲ့အခါကျတော့ ကလေးတွေ သိပ်နောက်မကျ လိုက်ဘူး။ နာရီဝက်လောက်ပဲ နောက်ကျပါတယ်။ နာရီဝက် လောက်ကို အခန်းထဲကို စာမေးပွဲ ဖြေခွင့်ပေးပါတယ်။ နောက်ရက် တွေမှာလည်း ကြို/ပို့စီစဉ်ပေးဖို့ရှိပါတယ်’’ဟု နည်းပညာတက္ကသိုလ် (သန်လျင်)ပါမောက္ခချုပ်ဒေါက်တာကေသီလွင်က ပြောသည်။
ဒဂုံတက္ကသိုလ်အတွင်းသို့ မော်တော်ယာဉ်လိုင်းများ ၀င် ရောက်ခြင်းမရှိသောကြောင့် စာ မေးပွဲဖြေဆိုမည့် ကျောင်းသား များ တက္ကသိုလ်အတွင်းသို့ ခြေ လျင်ဝင်ရောက်ခဲ့ကြရပြီး နောက် ကျမှ ရောက်ရှိခဲ့၍ ဖြေဆိုခွင့်မရရှိခဲ့ကြောင်း သိရသည်။
‘‘ဒဏ်ကြေးကြောင့် လိုင်း ကားတွေ မထွက်တော့ လှိုင်သာ ယာတို့၊ သန်လျင်က ကျောင်းသားတွေက လိုင်းကားမရှိဘူး။ တချို့ ဆို အိမ်ကနေ ကျောင်းကိုမလာရ တဲ့ ကျောင်းသားတွေရှိတယ်။ လာပြီးမှ စာမေးပွဲခန်းထဲကို အရမ်း နောက်ကျတဲ့ ကျောင်းသားတွေရှိ တယ်။ ကားတွေက ကျောင်းထဲ မ၀င်တော့ ကျောင်းထဲကို လမ်း လျှောက်ဝင်ရတယ်။ ဖြေခွင့်မရတဲ့ကျောင်းသားတွေအတွက် ကျောင်းသားသမဂ္ဂက ဒုပါချုပ်နဲ့ သွားတွေ့ ပြီးတော့ ဆွေးနွေးတယ်။ သူတို့က အစည်းအဝေးထိုင်ပြီးတော့ ဆုံး ဖြတ်ပေးမယ်ပြောတယ်’’ဟု ဒဂုံ တက္ကသိုလ်ကျောင်းသားသမဂ္ဂပြန်ကြားရေးတာဝန်ခံ ကိုဖိုးသား က ပြောသည်။
ဒဂုံတက္ကသိုလ်သို့ စာမေးပွဲ လာရောက်ဖြေဆိုမည့် ကျောင်း သားများအတွက် ဖယ်ရီကားများကို တက္ကသိုလ်သို့ ရောက်ရှိပြီးပါက ၇/၈ လမ်းဆုံတွင် တက္ကသိုလ်အတွင်းသို့ ကြို/ပို့ပြုလုပ်ပေးရန် စီ စဉ်ထားကြောင်း ဒဂုံတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်အရှေ့ပိုင်းတက္က သိုလ် (တာဝ)တွင်လည်း ကြို/ပို့ ယာဉ်များစီစဉ်ပေးသောကြောင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား များအဆင်ပြေသွားကြောင်း အ ဆိုပါတက္ကသိုလ်မှ ပါမောက္ခတစ် ဦးက ပြောသည်

သပိတ်မှောက်Busကားပိုများလာ၍ခရီးသွားပြည်သူများနှင့်ကျောင်းသားများဒုက္ခရောက်
ခရီးသည်တင်ယာဉ်များ စည်းကမ်းဖောက်ဖျက်ပါက ပေး ဆောင်ရမည့်ဒဏ်ကြေးများ တိုး မြှင့်လိုက်သဖြင့် ရန်ကုန်မြို့တွင်း ဘတ်စ်ကားအချို့ ပြေးဆွဲခြင်းမ ပြုတော့ဘဲ သပိတ်မှောက်လျက် ရှိရာ သုံးရက်မြောက်နေ့တွင် ယာဉ်အစီးရေ ငါးရာကျော်ရှိလာ ၍ ခရီးသွားပြည်သူများ ပိုမိုအ ခက်အခဲကြုံတွေ့နေရသည်။
ရန်ကုန်မြို့တွင်း ခရီးသည် တင်ယာဉ်များ ပြေးဆွဲမှုရပ်နားကာ စတင်သပိတ်မှောက်သည့် စက် တင်ဘာ ၁၅ ရက်တွင် ယာဉ်အ စီးရေ ဆယ်ဂဏန်းခန့်သာရှိခဲ့ရာ မှ စက်တင်ဘာ ၁၆ ရက်၌ နှစ်ရာ ကျော်ရှိလာသည်။ တတိယ မြောက်နေ့တွင်မူ မထသက ထုတ်ပြန်သော စာရင်းများအရ သပိတ်မှောက် ယာဉ်လိုင်းပေါင်း ၁၅ လိုင်းကျော်မှ အစီးရေ ငါးရာ ကျော်အထိ တိုးလာသဖြင့် ခရီး သွားပြည်သူများ အခက်အခဲများ နှင့် ပိုမို ရင်ဆိုင်လာရခြင်းဖြစ် သည်။
အထူးသဖြင့် စာမေးပွဲဖြေ ဆိုရန်ရှိသည့် တက္ကသိုလ်ကျောင်း သားများသည် အဆိုပါ အခက်အခဲကြောင့် စာမေးပွဲခန်းသို့ အချိန်မီရောက်ရှိရန် အခက်တွေ့ခဲ့၍ တက္ကသိုလ်အသီး သီးမှ ပါမောက္ခအချို့က တိုင်းဒေသကြီး အစိုးရနှင့် မထသအဖွဲ့ တို့ထံ အကူအညီတောင်းခံထားရကြောင်း သန်လျင်နည်းပညာတက္ကသိုလ် ပါမောက္ခ ဒေါ်ကေသီလွင်ကပြောသည်။
‘‘လှိုင်သာယာထဲက (၃၉) တွေ မထွက်တော့ ကျောင်းထဲ တိုက်ရိုက်ရောက်တဲ့ကား မရှိ တော့ဘဲ နှစ်ဆင့်စီးပြီးသွားလိုက်ရ တယ်။ နောက်ရက်တွေလည်း ဒီ လိုပဲဆိုရင် အဆင်မပြေနိုင်ဘူး။ စာမေးပွဲခန်းထဲက ဆရာမတွေ ကတော့ စောင့်ပေးပါတယ်’’ ဟု လှိုင်သာယာ နည်းပညာ တက္က သိုလ် ဒုတိယနှစ်ကျောင်းသား ကို ကောင်းမြတ်သူကပြောသည်။
တစ်ရက်လျှင် အစီးရေ သုံးထောင့်ငါးရာကျော် ပုံမှန်ပြေး ဆွဲနေသည့် ရန်ကုန်တွင် ယာဉ် လိုင်းပေါင်း ၁၅ လိုင်းကျော်မှအစီး ရေ ခုနစ်ရာကျော်ပြေးဆွဲမှုရပ်နား လိုက်ခြင်းဖြစ်ပြီး နောက်ပိုင်းရက် များတွင် ရပ်နားမည့် ယာဉ်များ ပိုမိုများပြားလာနိုင်ကြောင်း ယာဉ် လိုင်းပိုင်ရှင်များကဆိုသည်။
ရန်ကုန်တွင် ဘတ်စ်ကား လိုင်းပေါင်း သုံးရာကျော်ရှိပြီး ဘတ်စ်ကား အစီးရေ ခြောက် ထောင်ကျော်ရှိကြောင်း မထသ ၏ စာရင်းများတွင်ဖော်ပြထား သည်။ ပုံမှန်ရက်များတွင် အဆိုပါ အစီးရေ ခြောက်ထောင်ကျော်မှ သုံးထောင့်ငါးရာကျော်သာ ပြေး ဆွဲလေ့ရှိသည်။
အထူးသဖြင့် လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊ မြောက် ဥက္ကလာပ မြို့နယ်များရှိ ပုံမှန် ပြေးဆွဲနေသည့် ယာဉ်လိုင်းအချို့ မှ ကားများမပြေးဆွဲဘဲ ရပ်နား လိုက်ခြင်းဖြစ်သည်။
ယာဉ်လိုင်းတစ်လိုင်းလျှင် ပျမ်းမျှ ယာဉ်အစီးရေ ခြောက် ဆယ်ကျော်ရှိပါက ၁၀ စီးခန့် သာထွက်သဖြင့် ခရီးသွားပြည်သူ များ ရုံးတက်၊ ရုံးဆင်းချိန်တွင် အ ခက်အခဲ ဖြစ်ပေါ်နေရကြောင်း ယာဉ်လိုင်း ပိုင်ရှင်များက ဆိုသည်။
‘‘ဖြစ်နိုင်ရင် ကျွန်တော်တို့ လိုင်းက ကားတွေ ထွက်ပေးချင်ပါ တယ်။ ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်ကိုယ်တိုင်က လာမ မောင်းတော့ ဘယ်လိုမှ မတတ် နိုင်ဘူး’’ဟု (၂၂၆) ယာဉ်လိုင်းမှ ကားပိုင်ရှင် ဦးမြတ်လေးက ပြော သည်။
စက်တင်ဘာ ၇ ရက်ကထုတ်ပြန်သည့် မော်တော်ယာဉ်ဥပဒေသစ်မှာ ၀န်ကြီးဌာနက အများပြည်သူသို့ အသိပေးခြင်း မ ရှိဘဲ အလျင်စလို ထုတ်ပြန်ခြင်းသာဖြစ်ပြီးတိုးမြှင့်လိုက်သည့်ဒဏ်ကြေးသစ်ကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် အခက်တွေ့နေကြောင်း (၄၈) ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် ကိုတရုတ်လေးကပြောသည်။
‘‘တိုးမြှင့်လိုက်တဲ့ဒဏ်ကြေး အပေါ် ပညာပေးကာလလို လုပ် ပေးရင်တော့ ပိုအဆင်ပြေတာ ပေါ့။ အရင်ကတည်းကစည်းကမ်း တွေသတ်မှတ်ထားတာပဲ။ ထိထိ ရောက်ရောက် အကောင်အထည်မဖော်ခဲ့လို့ အခုလို ဖြစ်ရတာ။ ယာဉ်လုပ်သားတွေ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဒီကိစ္စကို ဆန့်ကျင်ဖို့ မဟုတ်ပါဘူး။ လိုက်နာရမှာပါ။ ခရီးသွားပြည်သူတွေရဲ့ မျက်နှာ ကိုကြည့်ပြီး ယာဉ်တွေပြန်ထွက် ပေးပါလို့ ယာဉ်လိုင်းပိုင်ရှင်တစ် ယောက်အနေနဲ့ တောင်းဆိုချင်ပါ တယ်’’ဟု ကိုတရုတ်လေးကပြော သည်။
စက်တင်ဘာ ၁၇ ရက်နံနက် အစောပိုင်းတွင် ရွှေပြည်သာရှိ ယာဉ်လိုင်းတစ်ခုကကားထွက်ရန် စီစဉ်ကာ ခရီးသည်များကိုလည်း တင်ဆောင်ထားပြီးမှ အခြားကား များ၏ တိုက်တွန်းချက်အရဂိတ်မှ ထွက်ခွာခြင်းမပြုတော့ဘဲ ခရီး သည်များကိုလည်း ယာဉ်ပေါ်မှ ပြန်လည်ဆင်းခိုင်းခဲ့ကြောင်း Geo Live အနုပညာကျောင်းမှ ၀န် ထမ်း မလှမြတ်မိုးကပြောသည်။
‘‘ကားအားလုံး မထွက်တာတော့ မဟုတ်ဘူး။ တချို့ကားတွေကတော့ ထွက်တယ်။ အစီးရေ နည်းသွားတော့ ကားပေါ်မှာ လူက တအားကျပ်ကုန်တယ်’’ဟု၎င်းက ပြောသည်။
လက်ရှိကြုံတွေ့နေရသည့် ပြဿနာများအပေါ် ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ်လိုင်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ က ယာဉ်လိုင်းတစ်ခုချင်းစီ အလိုက် ပြဿနာများကိုဖြေရှင်းပေးနေပြီး စည်းကမ်းလိုက်နာ၍ယာဉ်လိုင်းများပြန်ထွက်ရန် ညှိနှိုင်းဖြေရှင်းပေးနေကြောင်းအဆိုပါကော်မတီမှ အတွင်းရေးမှူးဦးလှအောင် ကပြောသည်။
လက်ရှိတွင် ယာဉ်ထိန်းတပ် ဖွဲ့မှ ဥပဒေအသစ်ဖြင့်စတင်အရေး ယူနေပြီဖြစ်ပြီးအမှု အနည်းငယ် သာရှိသေး၍ ဒဏ်ငွေလာရောက် ဆောင်သူ နည်းပါးနေသည်။ အချို့ကလည်း ဒဏ်ငွေမှာများ လွန်းသဖြင့် ဒဏ်ငွေမဆောင်ဘဲ ရုံးမှပြန်သွားသည့်သူများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ် ထိန်းတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးက ပြောသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော မော်တော် ယာဉ်ဥပဒေကို စက်တင်ဘာ ၇ ရက်က နိုင်ငံတော်သမ္မတလက် မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သည်။ ဥပဒေတွင် ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ယာဉ်နောက်လိုက်များနှင့်ပတ်သက်သည့် ဥပဒေပုဒ်မအချို့ပါဝင်လာပြီး ပုဒ်မ၅၈(က) တွင် လိုင်စင်မရှိဘဲမောင်းနှင်ခြင်း၊ ကိုယ်ပိုင်ကား ယာဉ်မောင်းလိုင်စင်ဖြင့် ခရီးသည်တင်ယာဉ်တက်၍ မောင်းနှင်ခြင်း၊ ယာဉ်မရပ်ရ နေရာတွင် ရပ်နားထားပါက ကျပ်ငါးသောင်းနှင့် ထောင်ဒဏ်တစ်လ ကျခံရမည်ဖြစ်ခြင်းတို့ ပြဋ္ဌာန်းထားသည်။
ထို့အပြင် အဆိုပါဥပဒေ၌ ပုဒ်မ ၆၂ တွင် ယာဉ်နောက်လိုက် လိုင်စင်မရှိဘဲမောင်းနှင်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်တစ်ပတ် (သို့မဟုတ်) ငွေဒဏ်သုံးသောင်း ကျခံရမည်ဖြစ်ကြောင်း ဖော်ပြပြ ဋ္ဌာန်းထားသည်။
ထိုဥပဒေ၏ နည်းဥပဒေ မထွက်ရှိလာသေး၍ အရေးယူ၍မရသော်လည်း ယခု တိုးမြှင့်ပြဋ္ဌာန်းသည့် ပြစ်ဒဏ်များမှာ ဒေသန္တရအမိန့်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ခြင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ မော် တော်ယာဉ် တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြော သည်။
ယာဉ်စည်းကမ်းဖောက်ဖျက် မှုအနိမ့်ဆုံးပြစ်ဒဏ်အဖြစ် ယခင် က ကျပ်တစ်ထောင့်ငါးရာပြစ်မှုမှာ ယခု သုံးသောင်းကျပ်သတ် မှတ်လိုက်ပြီး အမြင့်ဆုံး ပြစ်ဒဏ် မှာ တစ်သိန်းခွဲအထိ မြင့်တက် သွားခြင်းဖြစ်သည်။
‘‘စည်းကမ်းကို မလိုက်နာ တာ နှစ်ပေါင်းများစွာလည်းရှိပြီ။ စည်းကမ်းကိုတင်းကျပ်တော့ ကားမထွက်ဘဲ ဆန္ဒပြကြတယ်။ သဘောကတော့ အရင်လိုပဲ စည်းကမ်းဖောက်ခွင့်ပေးပါလို့ ပြန်တောင်းဆိုတဲ့ သဘောပဲ။ ခရီး သည်တွေဆီက ယာဉ်စီးခတွေပို ယူ စည်းမဲ့ကမ်းမဲ့မောင်းခဲ့တာတွေ က သူတို့ဘက်က မှန်တယ်လို့ ဒီ နေ့အထိ ထင်နေတုန်းပဲ။ အဓိက ကတော့ ယာဉ်နောက်လိုက်နဲ့ ယာဉ်မောင်းတွေရဲ့ စိတ်ဓာတ် တွေကို ပြင်ပေးဖို့၊ CAPACITY မြှင့်ပေးဖို့လိုလာပြီ’’ ဟု ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးကျော်က ပြောသည်။
လိုင်းကားအများစုမှာ ယခင် ကတည်းက သက်သာသော ဒဏ် ငွေဆောင်ပြီး စည်းကမ်းဖောက် ဖျက်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သဖြင့် ယခုသတ်မှတ်လိုက် သည့် ပြစ်ဒဏ်ထက်ပင် ပိုမိုအရေးယူသင့်ကြောင်း Geo liveအနုပညာကျောင်း ၀န်ထမ်း မလှမြတ်မိုးက ပြောသည်။
လိုင်းကားအများစုသည် အခေါက်ရေပြည့်ပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိရေးအတွက် ယာဉ်စည်းကမ်းများကို ချိုးဖောက်လေ့ရှိကြောင်းယာဉ်မောင်းအများစုက ပြောသည်။
ယာဉ်လိုင်းအချို့ ပြေးဆွဲ ခြင်း မပြုဘဲ သပိတ်မှောက်နေ သည့်ရက်ပိုင်းအတွင်း မောင်းနှင် နေသည့်ကားအများစုမှာ ပိုမိုခရီး သည်ရနေသည်။ အခြားယာဉ် လိုင်းများနှင့်ယှဉ်ပြိုင်ရန် အရေအ တွက်လျော့နည်းသွားသဖြင့် ပိုမို အဆင်ပြေကြသည်ဟု (၁၅၇) ယာဉ်လိုင်းမှ ယာဉ်မောင်းသူတစ်ဦးက ပြောသည်။
‘‘ကျွန်တော်တို့ လိုင်းထဲက ကားတချို့မထွက်ပေမယ့်တခြား ကုမ္ပဏီပိုင်ယာဉ်လိုင်းကြီးတွေ က ဆွဲတဲ့ ကားတွေရှိနေတော့ အ ရင်လိုပါပဲ။ ခရီးသည်တော့ နည်း နည်းပိုရတယ်။ ကျွန်တော်တို့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နဲ့ မောင်းကြေး ရောင်းကြေးကတော့ အုံနာပေးတဲ့အတိုင်းပေးရတာပဲ။ ဘာမှမထူးလာဘူး။ အခေါက်ရေတော့ ပိုဆွဲရတယ်။ အုံနာကြေးစောစောပြည့်တယ်’’ ဟု ပုံမှန်ပြေးဆွဲသော အထက်ပါယာဉ် မောင်းတစ်ဦးကဆိုသည်

Subscribe to:
Posts (Atom)