Tuesday, September 22, 2015

တောင်ကြီးတွင်ဒီချုပ်ကိုယ်စားပြုကိုယ်စားလှယ်လောင်းများစတင်မဲဆွယ်

တာင်ကြီးမြို့မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများက စက်တင်ဘာ ၂၁ ရက်တွင် ရွေး ကောက်ပွဲအောင်နိုင်ရေးယာဉ် ဖြင့် တောင်ကြီးမြို့ ညောင်ဖြူ စခန်းရပ်ကွက်၌ လှည့်လည်မဲ ဆွယ်စည်းရုံးခဲ့ကြသည်။

ရွေးကောက်ပွဲကော်မရှင်မှ မဲဆွယ်စည်းရုံးခွင့်ပြုပြီးနောက် ပထမအကြိမ်အဖြစ် ဒီချုပ်မှ ကိုယ်စားလှယ်လောင်းများ စည်းရုံးရေးဆင်းနေခြင်း ဖြစ်သည်။‘‘အပြောင်းအလဲဖြစ်ပေါ်လာ စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေးကြပါ။ ခေတ်အဆက်ဆက်က အာဏာရှင်စနစ်ကို ဖယ် ရှားကြပါ’’ဟု ရှမ်းပြည်နယ်မဲဆန္ဒ နယ်-ဗမာတိုင်းရင်းသားကိုယ် စားလှယ်လောင်းအဖြစ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ် စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ဦး တင်မောင်တိုးက စည်းရုံးရေးဆင်းစဉ် ပြောသည်။ ညောင်ဖြူစခန်းရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းတွင်ဒီချုပ် အောင်နိုင်ရေးယာဉ်ပေါ်မှ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ မြန်မာဘာသာတို့ဖြင့်သီဆိုထားသည့် အောင်နိုင်ရေးတေးသီချင်းများဖွင့်ကာ ၎င်းတို့ အား မဲပေးရန် ရေးသားထားသည့်လက်ကမ်းစာစောင်များကို လမ်းသွား လမ်းလာများအား လိုက်လံဝေငှခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ရွေးကောက်ပွဲအောင်နိုင် ရေးယာဉ်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၂၁ မြို့နယ်သို့ လှည့်လည်မည်ဖြစ်ကြောင်း တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ သတင်းရရှိသည်။

တောင်ကြီးမြို့တွင် ပြည်ခိုင် ဖြိုးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ပါတီတို့မှ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်ထောင်ခြင်းများ ပြုလုပ်ထားပြီး တစ်အိမ်တက်၊ တစ်အိမ် ဆင်း မဲဆွယ်စည်းရုံးရေးလှုပ်ရှား မှုကို ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ဆောင်ရွက် ခဲ့သည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...