မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအ တွက် အရေးပါသည့် မောင် တော- ဘူးသီးတောင်ကားလမ်း ရှိ ဥမင်ငယ်ရှောင်ကွင်းလမ်းကို လာမည့် ဒီဇင်ဘာတွင် ဖွင့်လှစ် နိုင်ဖွယ်ရှိကြောင်း မောင်တောခရိုင် လမ်းဦးစီးဌာနမှ သတင်း ရရှိသည်။
‘‘လာမယ့် ဒီဇင်ဘာဒုတိယ ပတ်လောက်ဆိုရင် လုပ်ငန်းတွေ ပြီးစီးသွားမှာဖြစ်ပါတယ်။ အခုမိုး တွင်းမှာတော့ လုပ်ငန်းတွေက ဒီ လောက်မတွင်ကျယ်ခဲ့ပါဘူး။ ပွင့် လင်းရာသီကစပြီးတော့ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု မောင်တောခရိုင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
မောင်တော-ဘူးသီးတောင် ကားလမ်းပေါ်တွင် ၁၉၁၈ က စ တင်ဖောက်လုပ်ခဲ့သည့် လိုဏ် ခေါင်းနှစ်ခုရှိပြီး အရှည်ပေ ၆၀၀ ကျော်ရှိ ဥမင်ကြီးကို ၂၀၁၃ ၌ ရှောင်ကွင်းလမ်းဖောက်လုပ်ခဲ့ ကာ အရှည်ပေ ၉၀ကျော်ရှိ ဥမင် ငယ်ကိုယခုနှစ် ဧပြီတွင် စတင်အ ကောင်အထည်ဖော်ခဲ့ခြင်းဖြစ် သည်။
လက်ရှိဖောက်လုပ်နေသော ဥမင်ငယ်ရှောင်ကွင်းလမ်းသည် အရှည်ပေ ၇၀၀ကျော်နှင့် အကျယ် ပေ ၅၀ရှိမည်ဖြစ်ပြီး ဥမင်ငယ် ရှောင်ကွင်းလမ်းဖောက်လုပ်မှုပြီး စီးပါက ကုန်တင်ကားကြီးများ ယ ခင်ထက် ဖြတ်သန်းသွားလာနိုင် မည်ဖြစ်ကြောင်း မောင်တောခရိုင် လမ်းဦးစီးဌာနမှ တာဝန်ခံ အင် ဂျင်နီယာ ဦးဇော်မင်းကပြော သည်။
‘‘ကားလမ်းပေါ်မှာ ဥမင်ငယ် ရှိနေတဲ့အတွက် ကုန်တင်ကား တွေ ကုန်ကို အမြင့်မတင်နိုင်ပါ ဘူး။ ဥမင်အမြင့်က ၉ ပေကျော်ပဲ ရှိတော့ ကုန်တွေကို ၉ ပေအောက် ပဲ တင်နေရပါတယ်၊ ဥမင်ငယ် ရှောင်ကွင်းလမ်းပြီးရင်တော့ ကုန် တင်ဖို့ အကန့်အသတ်မရှိတော့ပါ ဘူး’’ဟု ကုန်တင်ယာဉ်မောင်းတစ် ဦးက ပြောသည်
7daydaily
No comments:
Post a Comment